မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
မိသားစုတစ်ခု ထူထောင်တယ်ဆိုတာ အပျော်တမ်းမဟုတ်တာကြောင့် ကိုယ်အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင် ကြိုတွေးထားသင့်တဲ့ အချက်တွေရှိပါတယ်။ အဲဒီအထဲမှာ အဓိကကတော့ နောက်ပိုင်းကျ ကလေးယူမယ်၊ကလေး မလိုချင်ဘူးစတဲ့ ခေါင်းခြောက်စရာ အတွေးတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်မိသားစုတစ်ခုကို မတည်ထောင်ခင် ခုပြောမယ့် အချက် ၆ ချက်လောက် ကြိုစဉ်းစားထားစေချင်ပါတယ်။
ဒီ မေးခွန်းရဲ့ အဖြေကို အရင်မစဉ်းစားချင် ကိုယ်တကယ်ကလေးယူချင်လားကို အရင်စဉ်းစားလိုက်ပါ။ မလိုချင်ဘူးဆိုရင် ကလေးမယူလိုက်ရုံပါပဲ။ လိုချင်တယ်ဆိုရင်တော့ ဘယ်နှစ်ယောက်လိုချင်တာလဲကို စဉ်းစားရပါတော့မယ်။ ဥပမာ ၃ ယောက်လောက်လိုချင်တယ်ဆိုရင် ကိုယ့်လက်ရှိအသက်နဲ့ ပြန်ချိန်ဆပြီး တစ်ယောက်ဆီ ဘယ်နှစ်နှစ်လောက်ခြားပြီး မွေးမယ်ဆိုတာမျိုးတွေကို စဉ်စားသင့်ပါတယ်။ ကိုယ့်ကလေးနဲ့ ကိုယ့်အသက်နဲ့ကလည်း အဖွားနဲ့ မြေးအရွယ် ဖြစ်မနေဖို့လည်း လိုသေးတာကြောင့် အရွယ်ရှိတုန်းလေး အိမ်ထောင်ပြု စေချင်ပါတယ်။
ဒါကတော့စုံတွဲတွေရဲ့ လက်ရှိအသက်ပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေပေါ့။
ကိုယ်ဝန်မယူဘူးလို့ဆုံးဖြတ်ထားတဲ့တိုင်အောင် အခြား မီးယပ် ရောဂါနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်အောင် တစ်နှစ်တစ်ခါလောက်တော့ ဆေးသွားစစ်သင့်ပါတယ်။
ကလေးယူတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး ကိုယ်ဝန်ဆောင် အားဆေးတွေ သောက်ပေးတာ ကောင်းတယ်ပါတယ်။ အရေးအကြီးဆုံးကတော့ Folic acid ( ဖောလစ်အက်ဆစ် ) ၄၀၀ မိုက်ခရိုဂရမ်လောက်ပေါ့။ ဒါပေမယ့် ဘာဆေးမှ မသောက်ခင် ဆရာဝန်နဲ့ အရင်ဆွေးနွေးဖြစ်ဖို့လည်း အရေးကြီးပါသေးတယ်။
လုံးဝ ကိုယ်ဝန်မယူဘူးလို့ ဆုံးဖြတ်ထားရင်တော့ ရေရှည်ကိုယ်ဝန်တားနိုင်မယ့် နည်းလမ်းတွေပို ပိုဦးစားပေးသင့်ပြီး နောက်ပိုင်းကျ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်တော့ တားဆေး ထိုးဆေးသောက်ဆေးသောက်ပေးတာမျိုး ၊ သန္ဓေတားထားတာကို ရပ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ယူလို့ ရမယ့် သန္ဓေတားနည်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။
ဒါတွေကတော့ ကိုယ်အိမ်ထောင်ပြုတော့မယ်လို့ဆုံဖြတ်လိုက်တာနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေပါ။ ဒီအချက်တွေကိုလည်း စဉ်းစား ဆရာဝန်တွေ ကိုယ့်လက်တွေဖော်တွေနဲ့လည်း တိုင်ပင်ပေါ့ ။ ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။