backup og meta

ဒီလောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ကိုယ်အလေးချိန်က တိုးနေတုန်းလား ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒီလောက်လေ့ကျင့်ခန်းတွေလုပ်နေတာတောင် ကိုယ်အလေးချိန်က တိုးနေတုန်းလား ။ ။

    ကိုယ်လက် လေ့ကျင့်ခန်း တွေ နေ့တိုင်း ခေါင်းကချွေး ခြေမကျတဲ့အထိ မရပ်မနားလုပ်တယ်။ ၁ လကြာ ပေါင်ပြန်ချိန်တော့ ကိုယ်အလေးချိန် မကျတဲ့အပြင် တိုးတောင်လာသေးတယ်။ ဒီလိုအချိန်မျိုးဆို ပိန်စေရမယ်လို့ ကြုံးဝါးထားတဲ့ စိတ်ဓါတ်တွေ အောက်ဆုံးထိကို ကျသွားတာမျိုး ဖြစ်ဖူးပါသလား။ လေ့ကျင့်ခန်းလည်း အပြင်းအထန် လုပ်နေပါရက်နဲ့ ဘာကြော့င့် ကိုယ်အလေးချိန် မကျရတာလဲ ။ ။

    အဆီပို မရှိတဲ့သွယ်လျတဲ့ ကိုယ်ခန္ဓါကို လိုချင်လို့၊ ကြွက်သားတွေ တောင့်ချင်လို့၊ ကိတ်ချင်လို့ ဆိုပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေပေမယ့် ကိုယ်အလေးချိန်တွေ တိုးတိုးလာလို့ စိတ်ညစ်နေရတဲ့သူတွေ ဒီဆောင်းပါးလေးကို ဖတ်ထားသင့်တယ်နော် ။ ။

    သင့်ကို ကိုယ်အလေးချိန်တက်စေတဲ့ အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။

    • ကိုယ်စားတဲ့အစားသောက်တွေ
    • ကိုယ်လက်လှုပ်ရှားနိုင်မှု အတိုင်းအတာတွေ
    • မျိုးရိုးဗီဇနဲ့
    • အသက်အရွယ် စတာတွေက သ့င်ကိုယ်အလေးချိန် လျှော့ချနေတဲ့ လမ်းခရီးမှာ တွေ့နိုင်တဲ့အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါ့အပြင် သင့်ကိုယ်ခန္ဓါကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အကြောင်းတရားတွေကလည်း ကိုယ်အလေးချိန် လျှော့ချနေတဲ့ သင့်ကိုနှောင့်ယှက်တတ်ပါတယ်။ ဘယ်လိုမျိုးတွေလဲဆိုတော့

    • လေ့ကျင့်ခန်းကို လုပ်နိုင်တာထက်ပိုပြီး ပြင်းပြင်းထန်ထန်လုပ်တာ – လေ့ကျင့်ခန်း များများလုပ်ရင် ပိုပြီးတော့ ပိန်တာမြန်မယ်ဆိုတဲ့ အတွေးက သိပ်ကို မှားပါတယ်။ မှန်ကန်တဲ့ ကိုယ်အလေးချိန် ချနည်းမှာ လေ့ကျင့်ခန်းကို သင့်တင့်တဲ့ ပမာဏလောက်သာ လုပ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓါကို အနားပေးဖို့လည်းလိုပါတယ်။. ခန္ဓါကိုယ်ကို အနားလည်းမပေး လေ့ကျင့်ခန်းတွေ လည်း ဇွတ်လုပ်တဲ့ အခါမျိုးဆို စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ cortisol ဟော်မုန်းတွေ ထွက်လာပါလိမ့်မယ်။ ဒီ cortisol ဟော်မုန်းကြောင့် ကိုယ်အလေးချိန်တက်လာမယ်၊ ရောင်ရမ်းခြင်း တွေ ပိုဖြစ်လာမယ်၊ ဗိုက်မှာ အဆီတွေ စုလာတတ်ပါတယ်။

    ဒီလို စိတ်ဖိစီးမှုနဲ့ cortisol ဟော်မုန်းတွေ ကြောင့် ကိုယ့်ရဲ့ ကိုယ်အလေးချိန် လျှော့ချနေတဲ့ လမ်းခရီး အနှောင့်မယှက် မဖြစ်ရအောင် လေ့ကျင့်ခန်းတွေကို ဒီလိုမျိုး လုပ်ဖို့ အကြံပေးပါရစေ ။ ။

    • ကိုယ်လေ့ကျင့်ခန်းလုပ်နေတဲ့ အချိန်မှာ နှလုံးခုန်မြန် နေသင့်ပြီး ချွေးလည်း ထွက်ရပါမယ်။
    • လေ့ကျင့်ခန်း လုပ်လည်းလုပ် ၊ ကိုယ်ခန္ဓါကိုလည်း အနားပေးပါ။
    • လေ့ကျင့်ခန် းတစ်ခုနဲ့ တစ်ခုကြားထဲမှာလည်း အနားယူပါ။ အိပ်ရေး
    • လေ့ကျင့်ခန်းကို တစ်ရက် လုပ်လိုက်၊ ၂ ရက်နား လိုက် မလုပ်ပါနဲ့။ လုပ်ပြီဆိုရင် ပုံမှန်လေး လုပ်သွားပါ။ ကြားထဲမှာ ၁ ပတ်လောက် လေ့ကျင့်ခန်း မလုပ်မိတာနဲ့ လေ့ကျင့်ခန်းကို ဘယ်တော့မှ ပြန်စလုပ်ချင်တော့မှာ မဟုတ်ပါဘူး။
    • cortisol ဟော်မုန်းကို လျော့ကျစေတဲ့ ကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့ ယောဂ ကစားပေးပါ။
    • စိတ်ဖိစီးမှုတွေ ပြေလျော့စေဖို့ တရားထိုင်ပါ။

    အစားအသောက်ကလည်း လေ့ကျင့်ခန်းလုပ်နေပေမယ့် သင့်ကိုယ်အလေးချိန်ကို မကျအောင် လုပ်နေတဲ့ တရားခံတွေထဲက တစ်ယောက်ပါ။ ။

    • လေ့ကျင့်ခန်းလုပ်ပြီး ပင်ပန်းလွန်းလို့ အစားတွေ အများကြီး ပြန် အပြည့်သိပ်တာမျိုး ကို ဆင်ခြင်ပါ။
    • ဒါ့အပြင် ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းရဲ့ အာနိသင်ကို အပြည့်အဝ ရချင်တယ်ဆိုရင်တော့ အစားအသောက်ကို သေချာရွေးစားသင့်ပါတယ်။ ဆီကြော် တွေ၊ အချို တွေက လေ့ကျင့်ခန်းလုပ်နေတဲ့ သင့်အတွက်တော့ ရန်သူတွေပါ။
    • လေ့ကျင့်ခန် းမလုပ်ခင် နဲ့ လုပ်ပြီး စားပေးသင့်တဲ့ အစားအသောက်တွေဟာလည်း သင့်ရဲ့ ကိုယ်အလေးချိန်လျှော့တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်စေမှာပါ။
    • ရေများများသောက်ပါ။ ထမင်းနည်းနည်းစားပါ။ အသီးအနှံနဲ့ အသားတွေ များများစားပါ။
    • လုံးဝ အစာအငတ် မခံပါနဲ့။ ။
    • အိပ်ရေးဝဝအိပ်ပါ။

    ကဲ ဒီအချက်တွေကတော့ လေ့ကျင့်ခန်း လုပ်နေရက်နဲ့ ကိုယ်အလေးချိန် တိုးတိုးလာလို့ စိတ်ဓါတ်ကျနေတဲ့သူတွေ လိုက်နာသင့်တဲ့အချက်တွေ ပဲ ဖြစ်ပါတယ်။ လူတိုင်း ကျန်းမာသွယ်လျ လှပနိုင်ကြပါစေ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement