backup og meta

ကိုယ်ဝန်ဆောင်မေမေ ဆားအများကြီး မစားပါနဲ့

ကိုယ်ဝန်ဆောင်မေမေ ဆားအများကြီး မစားပါနဲ့

ဆားဆိုတာက နေ့စဉ် စားသုံးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အကြောင်းကတော့ ဆားမှာ ဆိုဒီယမ် ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်တွင်းက အရည်ပမာဏကို ထိန်းညှိပေးသလို ကိုယ်တွင်းက pH ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။  ဆားက ကိုယ်ဝန်ဆောင် မေမေအတွက် အရေးပါသလို ဗိုက်ထဲက ကလေးလေး ကျန်းမာစေဖို့အတွက်လည်း အရေးပါပါတယ်။

ဆားက ကျန်းမာစေဖို့ လိုအပ်တယ် ဆိုပေမယ့် အရမ်းများလွန်းရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆားကို တောင့်တောင့်တတ စားချင်ရင်တောင်မှ အများကြီး မစားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆား အစားများတာ၊ အငန်ကဲတာတွေကို စားတာက ဘယ်လိုများ ထိခိုက်စေလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆားက အရေးကြီးသလား

ဆားဆိုတာက နေ့စဉ် စားသုံးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေသလို ကျန်းမာစေဖို့အတွက်လည်း အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ဆားဓာတ်က မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် အရေးပါပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လုံလောက်တဲ့ ဆားဓာတ် မရရှိဘူးဆိုရင် အခုလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တယ်။ ဘာတွေ ဖြစ်နိုင်လဲဆိုတော့

  • ဆားဓာတ် လုံလောက်စွာ မရရှိဘူးဆိုရင် အာရုံကြောတွေ၊ ကြွက်သားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ ခက်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေကုန် လက်ပမ်းကျတာ၊ အားနည်းတာမျိုးတွေ ခံစားရနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကြီးထွားမှုကို ထောက်ကူပေးနိုင်ဖို့အတွက် ကိုယ်တွင်းမှာ အရည်ဓာတ်တွေ တိုးလာပါတယ်။ ဒီလိုမျိုး ကိုယ်တွင်းမှာ လုံလောက်တဲ့ အရည်ဓာတ်တွေ ရစေဖို့ရော ဗိုက်ထဲက ဘေဘီလေး ကြီးထွားစေဖို့ပါ ဆိုဒီယမ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
  • စားပွဲတင်ဆားမှာပါတဲ့ အိုင်အိုဒင်းက ကလေးရဲ့ ဦးနှောက် နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးစေဖို့ အရေးပါပါတယ်။ ဒါကြောင့် ဆားကို လုံလောက်တဲ့ ပမာဏ စားသုံးဖို့ လိုပါမယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်း လုံလောက်စွာ မရရှိတာက ကလေး လမစေ့ဘဲ မွေးဖွားတာ၊ ပုံမှန် မဟုတ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု ဖြစ်တာ၊ ကိုယ်ဝန်ပျက်ကျတာနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်မှာ ဆားလုံလောက်အောင် မစားမိတာက ပေါင်မပြည့်တဲ့ ဘေဘီလေး မွေးဖွားတာမျိုး ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဆားကို လုံလောက်စွာ ရရှိစေဖို့ လိုအပ်တယ်ဆိုပေမယ့် အရမ်းများမယ်ဆိုရင်တော့ မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆားတွေ အများကြီးစားတာက ဘယ်လိုတွေ ထိခိုက်စေနိုင်သလဲဆိုတာကို အတူတူ ဖတ်ကြည့်လိုက်အောင်နော်။

ကိုယ်ဝန်ဆောင်မေမေ ဆားအများကြီး မစားပါနဲ့

ကိုယ်ဝန်ဆောင်မေမေ ဆားအများကြီး မစားပါနဲ့ လို့ ပြောရတာက ဒီအချက်တွေကြောင့်ပါ

  • ကိုယ်ဝန်ဆောင်ချိန်မှာ ဆားအများကြီး စားတာက ကိုယ်တွင်းမှာ ရေဓာတ်များစေပြီး ခြေချင်းဝတ်၊ လက်ကောက်ဝတ်၊ ခြေထောက်၊ ခြေဖဝါး၊ မျက်နှာ စတာတွေမှာ ရောင်ရမ်း ဖောရောင်တာတွေ ဖြစ်နိုင်ပါတယ်။
  • ဆား အများကြီး စားတာက သွေးတိုးစေနိုင်တာကြောင့် ကိုယ်ဝန်ဆောင် သွေးတိုးရောဂါကို ခံစားရစေနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တာကိုလည်း ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဆားတွေ အလွန်အကျွံ စားတာက နှလုံးသွေးကြောတွေကို ထိခိုက်တာမျိုး ဖြစ်စေနိုင်သလို နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ ဆား အများကြီးစားတာက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေပြီး လေဖြတ်တာ၊ ရုတ်တရက် နှလုံးရပ်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ အစာအိမ် ကင်ဆာ၊ အရိုးပွတာတွေကို ခံစားရနိုင်ပါတယ်။
  • ဆားတွေ အများကြီး စားတာက ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏကို လျော့နည်းစေပြီး အရိုးတွေကို ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆားအများကြီး မစားမိဖို့ဆိုရင် ဆားကိုတင် လျှော့စားရမှာ မဟုတ်ပါဘူး။ အငန်ကဲတဲ့ အစားအစာတွေကိုပါ လျှော့စားရမှာပါ။

ကိုယ်ဝန်ဆောင် မေမေ စားသုံးသင့်တဲ့ ဆားပမာဏ

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ဆားပမာဏ လုံလောက်စွာ ရရှိဖို့တော့ လိုပါမယ်။ လွန်ကဲတာမျိုးတော့ မဖြစ်ရဘူးပေါ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ဆိုရင် တစ်နေ့ကို ၃.၈ ဂရမ်ထက် ပိုမစားရပါဘူး။ တကယ်လို့ အန်တာမျိုးတွေ ရှိမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ကိုယ်တွင်းထဲက ဆားဓာတ်တွေ ပြည့်ဝစေဖို့အတွက် တစ်နေ့ကို ၅.၈ ဂရမ်ထက် မပိုတဲ့ ပမာဏကို စားသုံးပေးလို့ ရပါတယ်။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hold the Salt While Pregnant: Too Much Could Be Dangerous to Your Future Child’s Health https://scitechdaily.com/hold-the-salt-while-pregnant-too-much-could-be-dangerous-to-your-future-childs-health/ Accessed Date 15 November 2022

Salt and miscarriage: Is there a link? https://pubmed.ncbi.nlm.nih.gov/26968910/ Accessed Date 15 November 2022

Salt Intake and Craving During Pregnancy https://parenting.firstcry.com/articles/salt-intake-and-craving-during-pregnancy/ Accessed Date 15 November 2022

How Much Salt Should You Eat During Pregnancy? https://www.whattoexpect.com/pregnancy/salt-in-diet/ Accessed Date 15 November 2022

How Much Sodium Is Too Much for Pregnant Women? https://www.hellomotherhood.com/article/493914-how-much-sodium-is-too-much-for-pregnant-women/ Accessed Date 15 November 2022

ယခုပုံစံ

23/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ လမ်းလျှောက်ပေးပါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement