backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ဘေဘီလေး ရှိနေပြီလား! ဝမ်းသာပါတယ်။ အခုချိန်မှာ အစားအစာတွေကို ဘေဘီလေးအတွက်ပါ စဉ်းစားပြီး စားရတော့မှာ ဖြစ်သလို ကျန်းမာရေး ဂရုစိုက်မှုကလည်း ၂ ယောက်စလုံးအတွက် ဖြစ်နေပါပြီ။ ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံး မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ အတွက် အာဟာရကို ပြည့်ဝလုံလောက်စွာ စားဖြစ်ဖို့ လိုပါမယ်။ မေမေက အာဟာရ ပြည့်ဝအောင် စားသုံးမှ ဗိုက်ထဲက ဘေဘီလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ကို ရရှိမှာဖြစ်ပါတယ်။

မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဘယ်လို အစားအစာတွေ စားဖို့ လိုမလဲ

ကိုယ်ဝန်ရှိနေပြီဆိုရင် နေ့စဉ် ကယ်လ်လိုရီ ပမာဏက အရင်ကထက် ၂၀၀ ကနေ ၃၀၀ လောက်အထိ ပိုမို လိုအပ်မှာဖြစ်ပါတယ်။ မေမေက အဝလွန်မနေဘူးဆိုရင်ပေါ့။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရတွေ ပြည့်ဝလုံလောက်စွာ ဖြည့်တင်းမိစေဖို့အတွက် အဆီနည်းတဲ့ အနီရောင်အသား၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ နှံစားသီးနှံတွေကို စားသုံးမိဖို့ လိုပါမယ်။ အာဟာရ ကြွယ်ဝပြီး အချိုနည်းတာတွေကို အဓိကထား စားမိဖို့ လိုပါတယ်။

နေ့စဉ် စားသုံးမှုမှာ ဒါလေးတွေ ပါအောင် စားပေးဖို့ လိုပါမယ်။

  • ကယ်လ်ဆီယမ်
  • ဖောလစ်အက်ဆစ်
  • သံဓာတ်
  • ဗီတာမင် A
  • ဗီတာမင် D
  • DHA
  • ပရိုတင်းတို့ ပြည့်စုံလုံလောက်အောင် စားသုံးပေးဖို့လည်း လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒါလေးတွေ စားပေးပါ။ ဘာတွေလဲဆိုတော့

  • ဒိန်ချဉ် 

ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယား အာဟာရ၊ ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ပါဝင်နေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ကို ပြည့်မီစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

  • ငါး

ငါးက သန္ဓေသား ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ Omega-3 fatty acids ပါဝင်နေတာက ဘေဘီလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။ ငါးမှာ ပရိုတင်း ပါဝင်နေတာကလည်း ကလေးရဲ့ ဆံပင်၊ အရေပြား၊ ကြွက်သားနဲ့ အခြားဆဲလ်တွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးပါတယ်။

ငါးစားတဲ့အခါ သေချာ သန့်စင်ပြီး ကျက်အောင် ချက်စားဖို့ လိုပါမယ်။ ပြဒါး ပါဝင်မှု များတဲ့ တူနာငါး၊ မက်ကာရယ်ငါးတွေကို မစားသင့်ပါဘူး။ ဆယ်လ်မွန်ငါးကို စားသုံးပေးလို့ ရပါတယ်။

  • သစ်သီးခြောက်တွေ နဲ့ အခွံမာသီးတွေ

အာဟာရကြွယ်ဝပြီး မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သစ်သီးခြောက်တွေ နဲ့ အခွံမာသီးတွေမှာ သံဓာတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E တို့ ပါဝင်နေပါတယ်။

  • ထောပတ်သီး

ဗီတာမင် C၊ ဖောလိတ် နဲ့ ဗီတာမင် B6 တို့ ပါဝင်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ ပါဝင်နေတာကြောင့် ထောပတ်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးပါ။

  • ကြက်သား

ကြက်သားက သန္ဓေသားလေးရဲ့ ကိုယ်အလေးချိန် တက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပရိုတင်း ကြွယ်ဝမှုက ဆဲလ်တွေနဲ့ ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးသလို သံဓာတ် ပါဝင်နေမှုကလည်း ကလေးရော မိခင်ကိုပါ သွေးအားနည်းရောဂါ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

  • ပဲပိစပ်

ပရိုတင်း၊ သံဓာတ်၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေသလို သတ္တုဓာတ် များစွာလည်း ပါဝင်နေပါတယ်။ ဘေဘီလေးကို ကိုယ်အလေးချိန် တိုးစေသလို မေမေ့ကိုလည်း ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

  • ပန်းဂေါ်ဖီစိမ်း

ဗီတာမင် B၊ ကယ်လ်ဆီယမ် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ပန်းဂေါ်ဖီစိမ်းက ဘေဘီလေးကို အကောင်းဆုံး ဖွံ့ထွားစေပြီး မေမေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

  • ကန်စွန်းဥ
ကန်စွန်းဥမှာ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C၊ ဗီတာမင် B6၊ သံဓာတ်၊ copper နဲ့ ဘီတာကယ်လ်ရိုတင်းတို့ ပါဝင်နေပါတယ်။ ခန္ဓာကိုယ်က ဘီတာကယ်လ်ရိုတင်းကို ဗီတာမင် A အဖြစ် ပြောင်းလဲပြီး ကလေးရဲ့ အရေပြား၊ အရိုး နဲ့ မျက်လုံးလေးတွေ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးပါတယ်။
  • ပဲအမျိုးမျိုး

ပဲအမျိုးမျိုးမှာ သံဓာတ် နဲ့ ပရိုတင်း ပါဝင်နေသလို အမျှင်ဓာတ်၊ ဖောလိတ် နဲ့ ကယ်လ်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်ချိန် တာရှည်တာ၊ ပေါင်မပြည့်ဘဲ မွေးတာ၊ လမစေ့ဘဲ မွေးတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

  • လိမ္မော်ရည်

တစ်နေ့တာကို လတ်လတ်ဆတ်ဆတ် ဖျော်ထားတဲ့ လိမ္မော်ရည်လေးနဲ့ စတင်လိုက်တာက ခန္ဓာကိုယ်ကို ဗီတာမင် C၊ ပိုတက်ဆီယမ်၊ ဖောလိတ်တို့ကို မြှင့်တင်လိုက်တာပါပဲ။  ဖောလိတ်နဲ့ ဖောလစ်အက်ဆစ် ပြည့်ဝမှုက မေမေရော ဗိုက်ထဲက ဘေဘီလေးကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

  • အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ဖြစ်ကြတဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ကညွတ်စတာတွေက အာဟာရကြွယ်ဏသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝကြပါတယ်။ မေမေရော ဘေဘီလေးကိုပါ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • ဥအမျိုးမျိုး

ဥအမျိုးမျိုးက ပရိုတင်း၊ ဗီတာမင် A၊ ဗီတာမင် D တို့လိုမျိုး သန္ဓေသားလေး ကြီးထွားစေဖို့ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ် နဲ့ သံဓာတ် ကြွယ်ဝမှုကလည်း မွေးရာပါ ချို့ယွင်းချက်ပါတာ၊ ပေါင်မပြည့်ဘဲ မွေးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • နို့

တစ်နေ့ကို နို့ ၂၀၀ မီလီလီတာ ကနေ ၅၀၀ မီလီလီတာအတွင်း သောက်သုံးပေးတာက သန္ဓေသားရဲ့ ကိုယ်အလေးချိန်ကို တိုးစေမှာပါ။ နို့မှာ ပရိုတင်းနဲ့ ကယ်လ်ဆီယမ် ကြွယ်ဝမှုက ကလေးကို အကောင်းဆုံး ဖွံ့ထွားစေမှာပါ။

မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အခုပြောခဲ့တာလေးတွေကို စားသုံးပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါပေမယ့် မစားသုံးခင် ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့တော့ အကြံပြုပါရစေ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအစားအစာတွေကို ပြည့်ဝမျှတအောင် စားသုံးပေးမှုနဲ့အတူ ဒါလေးတွေကို ရှောင်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ ဒီအချက်တွေ ရှောင်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားလေး ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိစေဖို့ အခုပြောပြမှာလေးတွေကို သတိထား ရှောင်စေချင်ပါတယ်။

  • အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ လုံးဝ မသောက်ပါနဲ့
  • ကဖင်း လျှော့ပါ
  • ဆီကြော်စာတွေ ရှောင်ပါ
  • အချိုကဲတာတွေ ရှောင်ပါ
  • အဆီများတာတွေ ရှောင်ပါ။

[embed-health-tool-due-date]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Increase Fetal Weight While Pregnant https://parenting.firstcry.com/articles/how-to-increase-fetal-weight-during-pregnancy/ Accessed Date 8 August 2022

How to Help a Fetus Gain Weight https://www.livestrong.com/article/182897-how-to-help-a-fetus-gain-weight/ Accessed Date 8 August 2022

Pregnancy: Nutrition https://my.clevelandclinic.org/health/articles/12593-pregnancy-nutrition Accessed Date 8 August 2022

Maternal Diet Influences Fetal Growth but Not Fetal Kidney Volume in an Australian Indigenous Pregnancy Cohort https://www.ncbi.nlm.nih.gov/pmc/articles/PMC7914647/ Accessed Date 8 August 2022

A guide to increasing baby weight when 9 months pregnant https://www.ckbhospital.com/blogs/increasing-baby-weight-when-9-months-pregnant/#:~:text=Poultry%3A%20Eggs%20and%20chicken%20are,fibre%20along%20with%20other%20minerals. Accessed Date 8 August 2022

ယခုပုံစံ

28/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement