၂။ နှလုံး ကောင်းကောင်းအလုပ်မလုပ်တော့ခြင်း
နှလုံးကနေ ကိုယ်ခန္ဓာအနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်အောင် သွေးကို ညှစ်ထုတ်ပေးနိုင်ခြင်း မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ နှလုံးရဲ့လုပ်ဆောင်မှု လုံးဝရပ်တန့်သွားခြင်း မဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတရပ် ဖြစ်ပါတယ်။ ဆိုဒီယမ် နည်းပါးလွန်းတဲ့ အစားအစာတွေ စားသုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေနဲ့ ဆက်စပ်နေတယ်လို့ အထောက်အထားတွေ ရှိပါတယ်။
အများအားဖြင့် နှလုံးရောဂါသမားတွေဟာ ဆားကို လျှော့စားလွန်းတာကြောင့် ဒီအချက်ကို အထူးအလေးထားရမှာ ဖြစ်ပါတယ်။
၃။ LDL ကိုလက်စထရောနှင့် triglyceride ကို မြင့်တက်စေခြင်း
ဆိုဒီယမ်နည်းပါးလွန်းတဲ့ စားသောက်မှုပုံစံဟာ မကောင်းတဲ့ LDL ကိုလက်စထရောနဲ့ triglyceride ပမာဏကို မြင့်တက်စေနိုင်တယ်လို့ သုတေသနအချို့မှာ ဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ ဆိုဒီယမ်ကို လျှော့ချစားသုံးခြင်းကြောင့် LDL ကိုလက်စထရော ၄.၆ ရာခိုင်နှုန်းနဲ့ triglyceride ၅.၉ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာလည်း ဆိုဒီယမ်သုံးစွဲမှု လျော့နည်းလွန်းတာကြောင့် ကိုလက်စထရော ၂.၅ ရာခိုင်နှုန်းနဲ့ triglyceride ၇ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။