ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 15, 2020 . 2 mins read
Share now

ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ အဆိုပါ လေပွလေထခြင်းကို အိမ်တွင်းကုထုံးများနဲ့ ဘယ်လိုကုသမလဲ ဆိုတာပါပဲ။

၁။ အရည်များများသောက်ပါ

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ရေကို တစ်နေ့တာမှာ ၈ခွက်ကနေ ၁၀ခွက်အထိ (၈ အောင်စဝင်ဆန့်သောခွက်ဖြင့်) သောက်သုံးသင့်ပါတယ်။ တခြားအရည်တွေလည်း သောက်သုံးနိုင်ပါတယ်။ အရည်များများသောက်ခြင်းဟာ လေထခြင်းကို သက်သာစေနိုင်ပြီး လေပွခြင်းကို အားပေးတဲ့ သကြားဓာတ်ကိုလည်း လျော့ကျစေပါတယ်။ စပျစ်၊ နာနတ်၊ လိမ္မော် စတဲ့ဖျော်ရည်များကို သောက်သုံးနိုင်ပါတယ်။

၂။ လှုပ်ရှားပေးပါ

တစ်နေ့တာပုံမှန်လုပ်ဆောင်တဲ့အထဲမှာ ကိုယ်လက်လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ အားကစားခန်းမမသွားနိုင်ရင်တောင် အဆင်ပြေတဲ့နေရာမှာ လမ်းလျှောက်နိုင်ပါတယ်။ တစ်နေ့တာမှာ အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်သင့်၊ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ ကိုယ်ရောစိတ်ပါ လန်းဆန်းစေရုံမက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာလည်း မြန်မြန်ကြေစေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ လေ့ကျင့်ခန်း ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၃။ အစားအသောက် သတိပြုပါ

လေပွခြင်းကိုဖြစ်စေတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ဥပမာ brussel sprout ခေါ် ဂေါ်ဖီထုပ်သေး၊ ဂေါ်ဖီထုပ်၊ ဂျုံ၊ အာလူး စတာတွေဟာ လေကို ပွစေပါတယ်။ အဆိုပါ အစားအစာတွေကို လေပွလေထခြင်း သက်သာတဲ့အထိ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

၄။ အမျှင်ဓာတ် စားပါ

အမျှင်ဓာတ်များများစားခြင်းအားဖြင့် အူလမ်းကြောင်းထဲမှာ ရေကို ဆွဲထိန်းထားပေးပါတယ်။ အစာဟောင်းများကို ပျော့ပြောင်းစေတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ နေ့စဉ် အမျှင်ဓာတ်ကို ၂၅ ဂရမ်ကနေ ၃၀ ဂရမ်ကြား စားပေးခြင်းဟာ လေထခြင်းကို သက်သာစေပါတယ်။ ဆီးသီး၊ ကတွတ်သီး၊ ငှက်ပျောသီး၊ အသီးအရွက်များ၊ အုတ်ဂျုံ၊ အစေ့အဆန်များ စတာတွေမှာ အမျှင်ဓာတ်ကြွယ်ဝပါတယ်။

၅။ ဝမ်းပျော့ဆေးများ သုံးစွဲခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲနိုင်တဲ့ ဝမ်းပျော့ဆေးများ ရှိပါတယ်။ အဆိုပါဆေးများဟာ ဝမ်းပျော့စေတဲ့အပြင် အစာအိမ်အူလမ်းကြောင်းမှာ လေပွလေထခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းနှုတ်ဆေးအပြင်းစားတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းပျော့ဆေး ဘယ်အမျိုးအစားကို သုံးရမယ်ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၆။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု စတာတွေဟာ အစာအိမ်အူလမ်းကြောင်းအတွင်း လေပွခြင်း၊ လေချဉ်တက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အလှပြင်ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ဖြေလျှော့ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး တွေက ဘာတွေများ ဖြစ်မလဲ။ မျက်လုံး ဓာတ်မတည့်မှုကို မြန်မြန် သက်သာစေနိုင်ဖို့အတွက် ......

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

စိတ်ဖိစီးမှုက ကိုယ်တွင်းဟော်မုန်း အပြောင်းအလဲကို ဖြစ်စေပါတယ်။ ရာသီထိမ် တာတင်မက တခြားကျန်းမာရေး ပြဿနာတွေလည်း ဖြစ်လာစေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read