ပိန္နဲသီးကြိုက်တယ်။မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊လို့တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
နောက်ဆုံးရာသီလာတဲ့ ရက်
ထွက်မှာ သေချာပြီလား။
ပိန္နဲသီးကြိုက်တယ်။မွှေးနေတာပဲ။ စားချင်လိုက်တာ။ ကိုယ်ဝန်ဆောင်ထားရလို့ စားလို့ဖြစ်ပါ့မလား၊လို့တွေးနေတဲ့ မမဗိုက်တို့ရေ… ဒီဆောင်းပါးလေးဖတ်ကြည့်ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီး စားလို့ရလားဆိုတော့ မစားဖို့ပြောကြတာရှိသလို စားလို့ရတယ်လို့ပြောကြတာလည်းရှိပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အနည်းအကျဉ်းစားလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အစားအသောက်ကို ဂရုစိုက်တာကတော့ အကောင်းဆုံးဖြစ်မှာပါ။လေ့လာချက်တိတိပပ မရှိပေမယ့်တော်တော်များများကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ပိန္နဲသီးမစားတာ အကောင်းဆုံးပါ၊လို့ပြောနေကြပါတယ်။
ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ဒီလိုအခြေအနေရှိနေမယ်ဆိုရင်တော့ ပိန္နဲသီးမစားသင့်ပါဘူး။
ဆီးချိုရောဂါရှိနေရင် – ပိန္နဲသီးကသွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေနိုင်တာကြောင့် ဆီးချိုရှိတဲ့မေမေတွေမစားသင့်ပါဘူးနော်။
သွေးရောဂါတစ်ခုခုရှိသူတွေ – ပိန္နဲသီးကသွေးခဲစေနိုင်တာကြောင့်သွေးရောဂါတစ်ခုခုရှိသူတွေ မစားသင့်ပါဘူး။
အစာခြေစနစ်အားနည်းသူတွေ – ပိန္နဲသီးက အမျှင်ဓါတ်များပြီး အစာကြေခဲတာကြောင့် အစာခြေစနစ်ပြဿနာရှိသူတွေ မစားသင့်ပါဘူး။
ပိန္နဲသီးနဲ့ဓါတ်မတည့်သူတွေ – ပိန္နဲသီးစားပြီးတိုင်းအော့အန်တယ်။ ဝမ်းသွားတယ်ဆိုရင် ပိန္နဲသီးနဲ့ဓါတ်မတည့်တာဖြစ်နိုင်တာကြောင့် မစားပါနဲ့။
အပေါ်ကအခြေအနေတွေမရှိဘူးဆိုရင်တော့ ပိန္နဲသီးကို အနည်းအကျဉ်းစားလို့ရပါတယ်။ ပိန္နဲသီးစားသုံးပေးတာက ကိုယ်ဝန်ဆောင်မေမေအတွက် အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။
သတ္တုဓါတ်တွေရရှိစေနိုင်တယ်
ပိန္နဲသီးက ကယ်လ်ဆီယမ်၊ ဇင့်၊ ၊ ဘီတာ ကယ်ရိုတင်းတို့ပါဝင်တာကြောင့် ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ သတ္တုဓါတ်တွေကိုပြည့်ပြည့်ဝဝရရှိစေမှာပါ။
သွေးပေါင်ကျစေနိုင်တယ်
ကိုယ်ဝန်ဆောင်သွေးတိုးကို ကာကွယ်ပေးသလိုသွေးတိုးရှိသူတွေမှာလည်းသွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလသွေးတိုးကို ကာကွယ်ချင်သူတွေ စားပေးလို့ရပါတယ်။
အင်အားပြည့်စေတယ်
ကိုယ်ဝန်ဆောင်ချိန်မှာမောပန်းလွယ်တာ၊ မအီမသာဖြစ်တာတွေကိုလျော့ပါးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အားပြည့်လန်းဆန်းနေစေမယ့် အစားအစာတစ်ခုပါ။
ဝမ်းချုပ်တာကိုသက်သာစေနိုင်တယ်
အမျှင်ဓါတ်ပါဝင်နေတာကြောင့် အူတွေကို လှုပ်ရှားမှုကောင်းစေနိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
ဆိုဒီယမ်ပါဝင်မှုနည်းတယ်
အဆီနဲ့ ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရတဲ့ အသီးတစ်ခုပါ။
သန္ဓေသားကိုကြီးထွားစေတယ်
ဗီတာမင်အေ၊ ဗီတာမင် စီ၊ဖောလိတ်၊ သံဓါတ်တို့ပါဝင်နေတာကြောင့် ပိန္နဲသီး အတန်အသင့်စားသုံးပေးမှုက သန္ဓေသားလေးကြီးထွားဖို့ အထောက်အကူပြုပေးနိုင်မှာပါ။
စိတ်ဖိစီးမှုလျော့ကျစေနိုင်တယ်
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကိုလျော့ပါးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကဘေဘီလေးအတွက် မကောင်းတဲ့အရာဆိုတော့ ပိန္နဲသီး နည်းနည်းလောက်စားလို့ စိတ်ဖိစီးမှု ကင်းကင်းနေလိုက်ပါ။
ကိုယ်ဝန်ဆောင်မေမေကိုယ်ခံအားကောင်းစေဖို့ လိုအပ်တဲ့ဗီတာမင် စီ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းနေစေဖို့ စားပေးသင့်ပါတယ်။
သွေးတွင်းသကြားဓါတ်မြင့်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ဆီးချိုခံစားနေရသူတွေအနေနဲ့ အချိုဓါတ်ကဲတဲ့ ပိန္နဲသီးကို စားသုံးမှုကြောင့် မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမေမေရောဘေဘီမှာပါခံစားနိုင်ရတာကြောင့် မစားဖို့ပြောရတာပါ။ ပိန္နဲသီးက အခန့်မသင့်ရင် ဝမ်းပျက်စေနိုင်တာကြောင့်လည်း ကိုယ်ဝန်ဆာင်မေမေတို့အနေနဲ့ အများကြီးစားဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ပိန္နဲသီးကြိုက်တယ်ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ အသီးကို နည်းနည်းလောက်ပဲစားပေးပါလို့ အကြံပြုပါရစေနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။
ဒီတွက်ချက်တဲ့ ကိရိယာကို အသုံးပြုပြီး ကလေးမွေးဖွားမယ့်ရက်ကို တွက်ချက်နိုင်ပါတယ်။ အတိအကျဖြစ်မယ်လို့တော့ အာမမခံနိုင်ပါဘူး။ အနီးစပ်ဆုံး ခန့်မှန်းတွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ ခန့်မှန်းရရှိလာတဲ့ ရက်ရဲ့ မတိုင်ခင် သီတင်းတစ်ပတ်အတွင်း သို့မဟုတ် သီတင်းတစ်ပတ်အကျော်မှာ မွေးဖွားနိုင်ပါတယ်။
ရာသီစက်ဝန်း ကြာချိန်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။