backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေး သောက်လို့ရလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေး သောက်လို့ရလား။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ဘူး။ အိပ်ရေးပျက်တဲ့ ရက်တွေက များလာပြီ ရေရှည် အဆင်မပြေဘူး။ ကျန်းမာရေး ထိခိုက်လာမှာ စိုးတယ်။ အိပ်ပျော်အောင် အိပ်ဆေး သောက်အိပ်ရင် ကောင်းမယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန် အိပ်ဆေး သောက်ရင် ဘေးကင်းပါ့မလား ဆိုတာပါ။

ကိုယ်ဝန်ဆောင် ကာလမှာ အိပ်မပျော်တာက အဖြစ်များလား။

ကိုယ်ဝန်ဆောင် မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ကာလမှာ အိပ်မပျော်တဲ့ ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေးပျက်တာက ရေရှည်မှာ ကိုယ်ဝန်ဆောင်ကာလ စိတ်ဓာတ်ကျမှု ဝေဒနာကို ခံစားရနိုင်ပါတယ်။

ဘာတွေကများ ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်တာကို ဖြစ်စေတာလဲ။

ကိုယ်ဝန်ဆောင်ချိန် အိပ်မပျော်ဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မကရှိနေနိုင်ပါတယ်။
  • စိုးရိမ်ပူပန်စိတ် များတာ
  • အစာမကြေသလို ခံစားရတာ
  • အယ်လ်ကိုဟော သောက်သုံးမိတာ
  • ခန္ဓာကိုယ် အနေအထား နေရတာ သက်တောင့်သက်သာ မရှိတာ
  • မအိပ်ခင် ရေအများကြီး သောက်မိတာ
  • သက်တောင့်သက်သာ မရှိတဲ့ အဝတ်အစားတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ညဘက် အိပ်မပျော်တာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေး သောက်လို့ရလား။

အိပ်ဆေးက ကိုယ်ဝန်ဆောင် မပြောနဲ့ သာမန်လူမှာတောင် ရေရှည် စွဲမသုံးဖို့ အကြုံပြုထားတဲ့ ဆေးမျိုးပါ။ အကြောင်းကတော့ အိပ်ဆေးက ဘေးထွက်ဆိုးကျိုး များတာကြောင့်ပါ။

အိပ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ………

အိပ်ဆေးကို ကာလရှည်ကြာ အားကိုးတဲ့အခါ

  • ခြေလက်တွေ ပူစပ်ပူလောင် ဖြစ်လာမယ်
  • အစားစားချင်စိတ် ပြောင်းလာမယ်
  • ဝမ်းချုပ်မယ်
  • ဟန်ချက်ထိန်းနိုင်စွမ်း ကျဆင်းလာမယ်
  • ဝမ်းပျက်ဝမ်းလျှော ဖြစ်မယ်
  • မူးဝေမယ်
  • ငြီးစီစီ ဖြစ်မယ်
  • ခံတွင်း နဲ့ လည်ပင်း ခြောက်မယ်
  • လေပွမယ်
  • ခေါင်းကိုက်မယ်
  • ရင်ပူမယ်
  • ခြေကုန်လက်ပန်း ကျမယ်
  • မှတ်မိနိုင်စွမ်း နည်းလာမယ်
  • ကတုန်ကယင် ဖြစ်မယ်
  • အားနည်းမယ်
  • ပုံမှန် မဟုတ်တဲ့ အိပ်မက်တွေ မက်မယ်
  • ရင်ပူမယ်
  • လမစေ့ဘဲ ကလေးမွေးဖွားမယ်
  • ပေါင်မပြည့်တဲ့ ကလေးမွေးဖွားမယ်
  • ကလေးမှာ ကျန်းမာရေး ပြဿနာတွေ ပါလာနိုင်တယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင် အိပ်ဆေးမသောက်တာ ကောင်းပါတယ်။

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေး သောက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးသောက်တာက အခန့်မသင့်ရင် ကလေးကို ထိခိုက်နိုင် ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင် မေမေတွေကို ဖျားနာမှု ကင်းပြီး ဆေးထိုးဆေးသောက် ကင်းစေဖို့အတွက် ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံထားဖို့ ဆရာဝန်တွေက သတိပေးကြပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဆေးသောက်တာက မေမေကို မထိခိုက်ရင်တောင် ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဆရာဝန်တွေက ဆေးသောက်ဖို့ ညွှန်းခဲကြပါတယ်။ မဖြစ်မနေ အခြေအနေမျိုးမှာမှ ဆေးသောက်ဖို့ ပြောကြတာပါ။ ဒီလို မညွှန်းတဲ့ ဆေးတွေထဲမှာ အိပ်ဆေးကလည်း တစ်မျိုး အပါအဝင်ပါ။ အိပ်ဆေးက အိပ်ပျော်စေတယ် ဆိုပေမယ့် ရေရှည်စွဲသောက်ရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်လို့ပါ။

ကိုယ်ဝန်ဆောင် မေမေတစ်ယောက် အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေးသောက်မယ်ဆိုရင်

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ဆေး သောက်တာက ဘေးမကင်းဘူးလို့ပဲ ပြောပါရစေ။ နေ့စဉ် ရက်ဆက် အိပ်မပျော်ဘူးဆိုရင်တော့ အိပ်ဆေးသုံးမယ့်အစား သဘာဝနည်းလမ်းတွေနဲ့ အိပ်ပျော်အောင် ကြိုးစားကြည့်ပါ။ အိပ်ဆေးဆိုတာကိုလည်း ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့လို့ အကြံပြုလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement