backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား

ဘေဘီလေးလိုချင်တဲ့ ဆန္ဒက စုံတွဲတိုင်း လိုလိုမှာ ရှိကြပါတယ်။ ကျန်းမာတဲ့ စုံတွဲအတွက် ကလေးယူတယ်ဆိုတာက သိပ်ပြီး စဉ်းစားရမယ့် အကြောင်း မရှိပေမယ့် ကျန်းမာရေးပြဿနာအခံ ရှိတဲ့ စုံတွဲတွေမှာတော့ ကလေးယူဖို့ဆိုရင် စဉ်းစားရတဲ့ အချက်တွေက အများကြီးပါ။ ဒီအထဲမှာမှ ဘေဘီလေးကို ကိုယ်ဝန်ဆောင်ပြီး မွေးဖွားမယ့် မေမေ့မှာ ကျန်းမာရေး ပြဿနာတွေ ရှိနေရင် ပိုပြီး စဉ်းစားရပါတယ်။ ကလေးကိုရော ကျန်းမာရေးပြဿနာက ကူးစက်မလား …. ကလေးက ကျန်းမာပါ့မလားဆိုပြီးတော့ပေါ့။ ဒီတစ်ခေါက်တော့ ဆီးချိုရှိနေတဲ့ မေမေတွေ သိချင်နေလောက်မယ့် မေးခွန်းလေးတစ်ခု ဖြစ်တဲ့ ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတဲ့ မေးခွန်းလေးရဲ့ အဖြေလေးကို ပြောပြပေးချင်ပါတယ်။

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား ဆိုတော့ ရပါတယ်။ ဒါပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘာတွေများဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

မေမေက အမျိုးအစား -၁ ဆီးချိုရောဂါ ရှိလို့ပဲ ဖြစ်စေ၊ အမျိုးအစား -၂ ဆီးချိုရောဂါ ရှိလို့ပဲဖြစ်စေ ဆီးချိုရောဂါ ရှိနေမယ်။ ဒါပေမယ့် ကလေးယူဖို့လည်း အစီအစဉ် ရှိတယ်ဆိုရင် မြန်နိုင်သမျှ မြန်မြန်ယူကြဖို့ စီစဉ်သင့်ပါတယ်။ ကလေးယူတော့မယ်ဆိုရင် မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် ကလေးမယူခင်မှာ မေမေ့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါမှာ ကျန်းမာတဲ့ ဘေဘီလေးကို မွေးဖွားနိုင်မှာပါ။

ကလေးမယူခင်မှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို သေချာလေး ခံယူဖို့ လိုပါမယ်။ ဒါမှ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံးရော မွေးဖွားပြီးချိန်မှာပါ မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။

စီစဉ်ထားတဲ့ ကိုယ်ဝန်

ကြိုတင်စီစဉ်ထားပြီးမှ ကိုယ်ဝန်ဆောင်တာဆိုရင် ကိုယ်ဝန်မဆောင်ခင် ၆ လလောက် အလိုမှာ သေချာလေး ကျန်းမာရေး စောင့်ရှောက်မှု ခံယူဖို့ လိုပါမယ်။ သွေးတွင်းသကြားဓာတ် ထိန်းတာကစလို့ လိုအပ်တဲ့ ဖြည့်စွက်အာဟာရတွေ သောက်သုံးတာလိုမျိုးတွေပေါ့။

ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာပြီး သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ကလေးကို ကျန်းကျန်းမာမာနဲ့ ပုံမှန်အတိုင်း ရိုးရိုးမွေးဖွားနိုင်မှာပါ။

တကယ်လို့ ကိုယ်ဝန်ဆောင်ချိန်မှာ ကျန်းမာရေး စောင့်ရှောက်မှု သေချာ မခံယူဘူး။ သွေးတွင်းသကြားဓာတ်ကို မထိန်းဘူးဆိုရင် ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်လာပြီး ကလေးမှာလည်း ကျန်းမာရေးပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

စီစဉ်မထားတဲ့ ကိုယ်ဝန်

ဆီးချို ရှိတဲ့ မေမေ တစ်ယောက်အနေနဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမယ်ဆိုရင် ကိုယ်ဝန်ရှိနေပြီလို့ သိတာနဲ့ မြန်နိုင်သမျှ မြန်မြန် တတ်ကျွမ်းနားလည်သူတွေနဲ့ ပြသပြီး လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူဖို့ လိုပါမယ်။

ဆီးချိုရှိရင် ကိုယ်ဝန်ဆောင်လို့ ရပါ့မလား!

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ လိုက်နာရမယ့် အချက်တွေ

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် ကာလ ဖြစ်စေဖို့ ဒီအချက်တွေကို လိုက်နာဖို့ လိုပါမယ်။

  • ကလေးမယူသေးဘူးဆိုရင် သားဆက်ခြားနည်းကို သေချာလေး လိုက်နာဖို့ လိုပါမယ်
  • ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို သိရှိထားဖို့ လိုပါမယ်။ ဒါမှ အန္တရာယ်တွေကို လျှော့ချနိုင်မှာပါ
  • အမြဲတမ်း ဆရာဝန်နဲ့ ဆွေးနွေးပါ
  • သွေးချိုကို ပုံမှန် ထိန်းပါ
  • သောက်သုံးနေရတဲ့ ဆီးချိုဆေးတွေက ကလေးကို ထိခိုက်စေနိုင်လားဆိုတာကို ဆန်းစစ်ပါ
  • နေ့စဉ် ဖောလစ်အက်ဆစ် သောက်ပေးပါ
  • မျက်လုံး နဲ့ ကျောက်ကပ် ပုံမှန် စစ်ဆေးပါ
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ရွေးချယ်ပါ (ဥပမာ – အာဟာရပြည့်ဝမျှတအောင် စားပါ။ ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ)

ဆီးချိုရှိတဲ့ မေမေတွေ ဒီအချက်လေးတွေ သတိထားပေးပါ

ဆီးချိုရှိတဲ့ မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက် မေမေရော ဗိုက်ထဲက ကလေးလေးပါ ကျန်းမာပြီး မွေးလာတဲ့အခါ ကလေး ကျန်းမာစေဖို့ဆိုရင် အရေးအကြီးဆုံးက သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိဖို့ လိုသလို ဆီးချိုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သွေးတိုးတာ၊ အမြင်အာရုံ ဆုံးရှုံးတာ၊ ကျောက်ကပ်ရောဂါတွေ ဖြစ်မလာစေဖို့အတွက် သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါတွေအပြင် ဆီးချိုကြောင့်

  • ကိုယ်ဝန်ဆိပ်တက်တာ – သွေးတိုးတာက အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေလို့ပါ။
  • အင်ဆူလင်တုံ့ပြန်မှု မရှိတာ
  • ကိုယ်ဝန်ပျက်ကျတာ
  • ကလေးက ပုံမှန်ထက် ထွားတာကြောင့် မွေးဖွားရခက်တာ
  • မွေးရာပါ ချို့ယွင်းချက်ရှိတာ – ကလေးရဲ့ နှလုံး၊ ဦးနှောက်၊ ကျောရိုး၊ ကျောက်ကပ်တွေနဲ့ အစာခြေစနစ်၊ ခြေလက် နဲ့ ပါးစပ်တွေမှာ မွေးရာပါချို့ယွင်းချက် ပါလာတာမျိုးတွေ ရှိနိုင်တာကြောင့် သေချာ ဂရုစိုက်ဖို့ လိုပါမယ်။

ဆီးချိုရှိတဲ့ ကိုယ်ဝန်ဆောင် မေမေတွေအနေနဲ့ ပုံမှန် သွေးချိုတိုင်းတာတာတွေ လုပ်ဆောင်ပြီး ကိုယ်တိုင် ကျန်းမာရေးကိုရော ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကိုပါ ဂရုစိုက်ဖို့ လိုပါမယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Type 1 Diabetes and Pregnancy https://www.cdc.gov/diabetes/library/features/type-1-and-pregnancy.html#:~:text=Women%20who%20have%20type%201,vision%20loss%2C%20and%20kidney%20disease. Accessed Date 5 October 2022

Type 1 or Type 2 Diabetes and Pregnancy https://www.cdc.gov/pregnancy/diabetes-types.html Accessed Date 5 October 2022

Pre-existing diabetes and pregnancy https://www.pregnancybirthbaby.org.au/diabetes-during-pregnancy Accessed Date 5 October 2022

Diabetes and pregnancy https://www.nhs.uk/pregnancy/related-conditions/existing-health-conditions/diabetes/ Accessed Date 5 October 2022

planning for a pregnancy when you have diabetes https://www.diabetes.org.uk/guide-to-diabetes/life-with-diabetes/pregnancy Accessed Date 5 October 2022

ယခုပုံစံ

07/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ ပျားရည် စားလို့ရလား

ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈) ချက်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/10/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ