backup og meta

ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈) ချက်

    Hello ဆရာဝန်မှာ ကိုယ်ဝန်ဆောင်အဖွဲ့အစည်း ဆိုပြီး ကိုယ်ဝန်ဆောင်မေမေတွေအတွက် သီးသန့်အဖွဲ့လေး လုပ်ထားပေးပါတယ်။ ဒီအဖွဲ့အစည်းလေးက မေမေတို့ အချင်းချင်း အတွေ့အကြုံတွေကို နွေးနွေးထွေးထွေးမျှဝေဖို့အတွက်ဆိုလည်း ဟုတ်ပါတယ်။ အတွေ့အကြုံတွေမျှဝေပေးတာအပြင် ဒီအဖွဲ့အစည်းမှာ ပါဝင်ထားတဲ့အခါ မေမေတို့မှာ တခြားကျေးဇူးတွေလည်း ရရှိနိုင်ပါသေးတယ်။

    ဘယ်သူတွေ ပါဝင်လို့ရလဲ။

    ကိုယ်ဝန်ယူဖို့ ကြိုးစားနေတဲ့ စုံတွဲတွေ၊ သားဦးမေမေတွေ၊ အတွေ့အကြုံရှိပြီးသား မေမေတွေ၊ လက်ရှိမှာ ကိုယ်ဝန်ဆောင်ထားတဲ့ မေမေတွေ၊ မီးနေသည် မေမေတွေ အားလုံးပါဝင်လို့ရပါတယ်။

    ဒါ့ပြင် ကလေးရဖို့ ကြိုးစားနေတဲ့ ဖေဖေတွေ၊ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတာ သိချင်တဲ့ ဖေဖေတွေလည်း ပါဝင်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက် ဒါကို စိတ်ဝင်စားတဲ့ ဘယ်သူမဆို ပါဝင်နိုင်ပါတယ်။

    Facebook groupနဲ့ အလားသဏ္ဍာန်တူပေမယ့် ဒီမှာက မေမေတို့ကို ကူညီပေးဖို့ မော်ဒရေတာတွေ၊ ကျွမ်းကျင်ပညာရှင်တွေပါ ရှိနေပါတယ်။

    ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ ပါဝင်သင့်တဲ့ အကြောင်းရင်း (၈)ချက်

    ကိုယ်ဝန်ဆောင်အဖွဲ့အစည်းမှာ ပါဝင်တဲ့အခါ မေမေတို့အနေနဲ့ ဒီလိုအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်ခွင့်ရပါမယ်။
  • ကလေးယူဖို့ စပြီးပြင်ဆင်တာကစလို့ နောက်ဆုံး ကလေးမွေးပြီးလို့ မီးနေသည်ဖြစ်တဲ့အချိန်အထိ ကိုယ်ဝန်ဆောင်ကာလတလျှောက် မေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေကို မျှဝေပေးသွားမှာပါ။ ဒီဆောင်းပါးတွေကို မေမေတို့ နှစ်သက်ရင် သိမ်းဆည်းပြီး နောင်အခါမှာ ပြန်ဖတ်လို့လည်း ရပါတယ်။

    • ကျန်းမာရေးကိရိယာတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

    ဒီအဖွဲ့အစည်းထဲမှာ သားဥကြွေခြင်းကို တွက်ချက်တဲ့ ကိရိယာ၊ မေမေတို့ ဘယ်တော့မွေးမှာလဲဆိုတာ တွက်လို့ရတဲ့ due date caclculator၊ ကိုယ်ဝန်ဆောင်တဲ့အချိန် မေမေတို့ ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်လဲဆိုတာ တွက်ပေးတဲ့ ကိရိယာ စတာတွေကိုလည်း အသုံးပြုလို့ရပါတယ်။

    • သိချင်တဲ့ မေးခွန်းတွေကိုလည်း မေးလို့ရပါတယ်။

    ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး မေမေတို့ သိချင်တာတွေ ရှိရင်လည်း ပို့စ်တင်ပြီး မေးလို့ရပါတယ်။ ဆေးပညာကျွမ်းကျင်သူများက မေမေတို့ရဲ့ အခက်အခဲတွေကို ကူညီဖြေကြားပေးမှာ ဖြစ်ပါတယ်။ လိုအပ်ရင် မိမိပြနေကျ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေနဲ့ ပြန်ပြခိုင်းမှာ ဖြစ်ပါတယ်။

    • ရံဖန်ရံခါ ဆုလက်ဆောင် အခွင့်အရေးတွေလည်း ရနိုင်ပါတယ်။

    တစ်ခါတလေ အဖွဲ့ထဲက မေမေတွေ ပျော်အောင် ဆုလက်ဆောင်တွေ မဲဖောက်ပေးတာ၊ ဂိမ်းလေးတွေ ဆော့တာ၊ မေးခွန်းလေးတွေ ဖြေတာ စတဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။

    • ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကိုလည်း တက်ရောက်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်အဖွဲ့အစည်း မှာ မိခင်လောင်းတွေ သိသင့်သိထိုက်တဲ့၊ သတိထားရမယ့် ကျန်းမာရေးပြဿနာတွေကို သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ စကားဝိုင်းလေးတွေ လုပ်ပေးဦးမှာပါ။ ဒီစကားဝိုင်းတွေမှာ မေမေတို့လည်း ပါဝင်နိုင်ပါတယ်။

  • မေမေတွေ အချင်းချင်း အတွေ့အကြုံတွေ မျှဝေလို့ရပါတယ်။
  • မိခင်တွေရဲ့ ခံစားချက်ကို မိခင်တွေသာ နားအလည်ဆုံးပါ။ ဒါကြောင့် ကိုယ့်တုန်းက ဘယ်လိုတွေ ကြုံရတယ်။ ဘာလက္ခဏာတွေ ခံစားရတယ် စတာတွေကို မျှဝေပေးနိုင်ပါတယ်။ မေမေလောင်းတွေကလည်း ရှေ့က စီနီယာ မေမေတွေဆီကနေ အတွေ့အကြုံတွေ မေးမြန်းနိုင်ပါတယ်။

    • မေမေတို့ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်အောင် လုံခြုံရေးကို ဂရုစိုက်ထားပါတယ်။

    ဆိုရှယ်မီဒီယာဆိုတာက သိတဲ့အတိုင်း အမုန်းစကားတွေ ဝေမျှတာ၊ မေမေတို့ကို အန္တရာယ်ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေကို မျှဝေတာ၊ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာ စတာတွေ ရှိပါတယ်။ ဒီနေရာက မေမေတို့ လုံလုံခြုံခြုံနဲ့ သက်သောင့်သက်သာ မေးမြန်းဆွေးနွေးလို့ရစေချင်လို့ ဖွဲ့ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒါမျိုးတွေကို လက်မခံပါဘူး။ မေမေတို့ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ပို့စ်တွေ တက်မလာအောင် မော်ဒရေတာတွေက စောင့်ကြည့်ထိန်းကျောင်းပေးပါတယ်။

    • အကုန်လုံး အခမဲ့ပါ။

    အဖွဲ့ဝင်အဖြစ် စာရင်းသွင်းတာက စလို့ မေးခွန်းတွေ မေးမြန်းတာ၊ ဆွေးနွေးပွဲတွေ တက်ရောက်တာ၊ ဆောင်းပါးတွေ ဖတ်တာ၊ ကျန်းမာရေးကိရိယာတွေ အသုံးပြုတာတွေ အားလုံးက အခမဲ့ ဖြစ်ပါတယ်။ ငွေရေးကြေးရေး စိတ်ပူစရာမလိုဘဲ မေမေတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို ဆွေးနွေးလို့ ရအောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ စာရင်းသွင်းပြီးတာနဲ့ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးကို မေမေတို့ လုပ်လို့ရပါပြီ။

    Takeaways

    ကလေးရဖို့ ကြိုးစားတဲ့အချိန်ကစလို့ မီးနေသည်ဖြစ်တဲ့အထိ မေမေတစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဒီ ကိုယ်ဝန်ဆောင်အဖွဲ့အစည်း က ကျွမ်းကျင်ပညာရှင်တွေ၊ ဘဝတူမေမေတွေက မေမေနဲ့ အတူတူရှိနေမှာပါ။ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးဖြစ်ပြီး အခက်အခဲမရှိ မွေးဖွားနိုင်ဖို့ ဒီအဖွဲ့အစည်းက အကူအညီပေးနေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement