ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 23, 2021 . 3 mins read
Share now

ကိုယ်ဝန်ဆောင်ဆိုတာ အမြဲတမ်း ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေရပါတယ်။ အထဲမှာ နုနယ်တဲ့ သန္ဓေသားလေးရှိနေတဲ့အတွက် တစ်ခုခုကို သူ့ကို ထိခိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က တခြားတစ်ယောက်လို ပြောင်းလဲသွားတဲ့အတွက်  အရင်က မကြုံဖူးတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ကြုံရနိုင်ပါတယ်။ ကိုယ်ဝန်လအလိုက် ဘာပြဿနာတွေ ကြုံရနိုင်လဲ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါ့မယ်။

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

ပထမ ၃လပတ်

ပထမ၃လပတ်မှာ ကြုံရတဲ့ ကိုယ်ဝန်ဆောင် ပြဿနာတွေက မိခင်ထက် ကလေးကို ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျတာ၊ သန္ဓေမှားတည်တာ၊ စပျစ်သီးကိုယ်ဝန် စတာတွေ ကြုံရတတ်ပါတယ်။

ကိုယ်ဝန်ပျက်တာက လနုချိန်မှာ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင် ၅ယောက်မှာ ၁ယောက်လောက်က အပတ် ၂၀မတိုင်ခင်မှာ ကိုယ်ဝန်ပျက်တတ်ပါတယ်။ အထူးသဖြင့် ပထမ ၁၂ပတ်မှာပါ။ ပျက်ရတဲ့ အဓိကအကြောင်းရင်းကတော့ သန္ဓေသားရဲ့ မျိုးဗီဇ ပုံမှန်မဟုတ်တာကြောင့်ပါပဲ။ တခြားအကြောင်းရင်းတွေကတော့ အမေဆေးလိပ်သောက်တာ၊ ရောဂါအခံတစ်ခုခုရှိတာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ပျက်တာ ၃ခါနဲ့အထက်ဆိုရင်တော့ သေသေချာချာ ဆေးစစ်ပြီး အဖြေရှာသင့်ပါပြီ။ ကိုယ်ဝန်ပျက်တာကို လျှော့ချနိုင်ဖို့

-ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်ငွေ့မရှူပါနဲ့။

-ကဖင်းပမာဏကို လျှော့ချပါ။ တစ်နေ့ကို ကော်ဖီ ၂ခွက်ထက် မပိုပါစေနဲ့။

-အရက်မသောက်ပါနဲ့။

-ကာကွယ်ဆေးတွေ အပြည့်အစုံထိုးပါ။ နေမကောင်းတဲ့သူနား မကပ်ပါနဲ့။

ပုံမှန်ဆိုရင် သန္ဓေသားလေးက သားဥပြွန်မှာ မျိုးအောင်ပြီး သားအိမ်ထဲကို ဆင်းလာပြီး သန္ဓေတည်ရမှာပါ။ ဒီလိုမဟုတ်ဘဲ သားဥပြွန်မှာပဲ ဆက်ပြီး သန္ဓေတည်မယ်၊ ဒါမှမဟုတ် သားဥအိမ်၊ အူ၊ သားအိမ်ခေါင်း စတဲ့ နေရာတွေမှာ သွားတွယ်ရင် ဒါကို နေရာမှားပြီး သန္ဓေတည်တယ်လို့ ခေါ်ပါတယ်။ ဒီလို နေရာမှားပြီး သန္ဓေတည်တာက အခန့်မသင့်ရင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။ သားဥပြွန်လိုနေရာမှာ သန္ဓသားက တဖြည်းဖြည်းကြီးလာမယ်ဆိုရင် သားဥပြွန်ပေ့က်ပြီး သွေးလွန်နိုင်ပါတယ်။

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

စပျစ်သီးကိုယ်ဝန်က ရှားပါတယ်။ ကိုယ်ဝန်ဆောင် ၁၀၀၀မှာ ၁ယောက်လောက်ပဲ တွေ့ရပါတယ်။ အယ်ထွာဆောင်းရိုက်ပြီး ဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်ဝန်ပျက်ကျတာ သွေးတုံးသွေးခဲတွေ ထွက်မလာဘဲ စပျစ်သီးလို အကြည်ရောင် အစေ့လေးတွေ ထွက်လာမှ သတိထားမိတာ များပါတယ်။ ကိုယ်ဝန်ဆောင်လက္ခဏာတွေ (ဥပမာ ပျို့တာ၊ အန်တာ)ကို ပြင်းပြင်းထန်ထန် ခံစားရတာ၊ ကိုယ်ဝန်က ရှိသင့်တဲ့ လထက် ကြီးနေတာက သူ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒုတိယ ၃လပတ်

ဒုတိယပတ်မှာတော့ ကိုယ်ဝန်ဆောင်တွေက နေရသာ သက်သာလာပါပြီ။ ပထမ၃လပတ်လောက် အပြောင်းအလဲတွေ အများကြီး မတွေ့ရတော့သလို မွေးဖို့လည်း လိုသေးတော့ အေးအေးချမ်းချမ်း နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်လအလိုက် သတိထားရမယ့် ပြဿနာအချို့တော့ ရှိပါသေးတယ်။

  • ကိုယ်ဝန်ပျက်ခြင်း

ပထမ၃လပတ်လောက် အဖြစ်မများတော့ပေမယ့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ မိန်းမကိုယ်က သွေးဆင်းရင် (အထူးသဖြင့် ၂၀ပတ်မတိုင်ခင်ဆိုရင်) ဆရာဝန်နဲ့ ပြသပါ။

၃၇ပတ် မတိုင်ခင် မွေးသမျှကို လမစေ့ဘဲ မွေးခြင်းလို့ သတ်မှတ်ပါတယ်။ ဆီးအိမ်ပိုးဝင်တဲ့ အမျိုးသမီးတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ၊ ဆီးချိုလိုမျိုး ရောဂါအခံရှိရင် စောမွေးတတ်ပါတယ်။ ရုတ်တရက်ခါးနာတာ၊ အဖြူတွေဆင်းတာ၊ သားအိမ်ညှစ်တာ၊ သွေးဆင်းတာတွေရှိရင် ဆရာဝန်နဲ့ ပြသပါ။

လမစေ့သေးဘဲ ရေမြွာရည်စောပေါက်ပြီဆိုရင် ကလေးစောမွေးနိုင်ခြေ များပါတယ်။ ဘာကြောင့်လည်း ဆိုတာ သေချာမသိပေမယ့် ရေမြွာရည်ပိုးဝင်တာကြောင့် စောပေါက်တယ်လို့ ယူဆကြပါတယ်။ မတော်တဆများ ဒီချိန်မှာ စောမွေးခဲ့မယ်ဆိုရင် ကလေးရဲ့ အဆုတ်က ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်တိုင်း စိုးရိမ်ရတဲ့ ပြဿနာပါ။ သွေးတွေတိုး၊ ခြေထောက်တွေ ဖောပြီး ဆီးထဲမှာ အသားဓာတ်တွေ များနေတတ်ပါတယ်။ အခန့်မသင့်ရင် တက်ပါ တက်သွားတတ်ပါတယ်။  ဒါက ကြိုတင်ကာကွယ်လို့ ရတဲ့ ပြဿနာ မဟုတ်သလို ဘာကြောင့် ဖြစ်လဲဆိုတာလည်း မသိကြသေးပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ရက်ချိန်းပုံမှန်သွားမယ်ဆိုရင် စောစောသိပြီး ဂရုစိုက်လို့ရပါတယ်။

တတိယကိုယ်ဝန် ၃လပတ်

ကိုယ်ဝန်လအလိုက် ဂရုစိုက်ရမယ့် ရောဂါတွေက နည်းသွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့်ပဲ ကိုယ်ဝန်ဆောင်တွေကို ဖူးဖူးမှုတ်ထားရတာပေါ့။ တတိယပတ်မှာ မွေးခါနီးနည်းဖြစ်ပေမယ့် ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာလေးတွေ ရှိပါသေးတယ်။

ကိုယ်ဝန် ၂၄ပတ်နဲ့ ၂၈ပတ် ကြားရောက်လာပြီဆိုရင် ကိုယ်ဝန်ဆောင် ဆီးချိုရှိမရှိဆိုတာစစ်ဆးရမှာပါ။ ရှိခဲ့ရင်လည်း စနစ်တကျ ကုသမှု ခံယူရမှာပါ။ ဒါမှ မွေးဖွားချိန်မှာ မိခင်ရော ကလေးမှာ အန္တရာယ် ကင်းမှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဆိုတိုင်းလည်း မကြောက်ပါနဲ့။ စနစ်တကျထိန်းပြီး စားသောက်နေထိုင်မှုပုံစံ မှန်ကန်မယ်ဆိုရင် ပြဿနာမရှိပါဘူး။

  • ကိုယ်ဝန်ဆိပ်တက်ခြင်း

ကိုယ်ဝန်ဆိပ်တက်ခြင်းကတော့ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံးရော၊ မီးတွင်းရောက်တဲ့အထိပါ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာပါ။

  • ရေမြွာရည်စောပေါက်ခြင်း၊ စောမွေးခြင်း

၃၇ပတ်မတိုင်ခင် စောမွေးတယ်ဆိုရင်တော့ ကလေးက လမစေ့တာ၊ ပေါင်မပြည့်တာ ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။

  • အချင်းပြဿနာ

အချင်းက လနုစဉ်မှာ နေရာ မမှန်ရင်တောင် ခုချိန်လောက်ဆို မှန်သင့်ပါပြီ။ အချင်းက ကလေးရှေ့မှာ ပိတ်နေမယ်ဆိုရင် အနေအထားကို ကြည့်ပြီး ခွဲမွေးမလား၊ ရိုးရိုးမွေးလို့ရမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ဒါ့ပြင် အချင်းကွာပြီး အထဲမှာ သွေးယိုတဲ့ ပြဿနာကိုလည်း သတိထားရပါမယ်။

ကိုယ်ဝန်လအလိုက် ကြုံရနိုင်တဲ့ ကျန်းမာရေး ပြဿနာများ

  • ကလေးအနေအထား မမှန်တာ

လနုစဉ်မှာတော့ ကလေးအနေအထားမမှန်တာ စောင့်ကြည့်လို့ ရပေမယ့် ဒီချိန်ထိ မမှန်သေးဘူးဆိုရင် ဗိုက်လှည့်မလား၊ ဒီအနေအထားအတိုင်းကို သင့်တော်တဲ့ နည်းနဲ့ မွေးမလားဆိုတာ စဉ်းစားရပါတော့မယ်။

  • နောက်ကျမှမွေးတာ

၃၇ပတ်မတိုင်ခင် မွေးတာကို စောမွေးတယ်လို့ ခေါ်သလိုပဲ ၄၂ပတ်ကျော်မှ မွေးတာကို နောက်ကျပြီး မွေးတယ်လို့ ခေါ်ပါတယ်။ ဒီအခြေအနေမှာ သဘာဝအတိုင်း မွေးအောင်  ဆေးတွေနဲ့ နှိုးဆွမလား၊ ခွဲမွေးမလား တိုင်ပင်ရပါမယ်။ စောင့်ကြည့်ချင်တယ်ဆိုရင်လည်း ကလေးရဲ့ ကျန်းမာရေး အခြေအနေကို အမြဲမပြတ် ဂရုစိုက်နေဖို့ လိုပါတယ်။

Takeaways

ကိုယ်ဝန်လအလိုက် တွေ့ကြုံနိုင်တဲ့ ကျန်းမာရေး ပြဿနာဆိုတာ ရှိပြီးသားပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို အမြဲဂရုစိုက်နေရပါမယ်။ ဒါမှ ၉လတာကာလကို ကျန်းကျန်းမာမာ ကျော်ဖြတ်နိုင်ပြီး ၁၀လပြည့်တဲ့အခါ အောင်အောင်မြင်မြင် မွေးဖွားနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ချင်း(ဂျင်း) စားလို့ရလား

ကိုယ်ဝန်ဆောင်ကာလဆိုတာက မိခင်တိုင်းအတွက် ရင်အခုန်ရဆုံးကာလအပိုင်းအခြားလေးပါ။ ဒီကာလမှာ မေမေအနေနဲ့ ချင်း(ဂျင်း) စားလို့ရမလားဆိုတာကို....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာထွာဆောင်းဂျူးဒိတ်နဲ့ ရာသီရက် ဂျူးဒိတ်နဲ့ ကွာနေရင် ဘယ်ဒိတ်ကို ယူရမလဲ။

ဂျူးဒိတ်ကို အာထွာဆောင်းကနေ တွက်နိုင်သလို၊ ရာသီရက်ကနေလည်း တွက်နိုင်ပါတယ်။ နှစ်ခုက အခြေအနေပေါ်မူတည်ပြီး ရက်မကိုက်တာမျိုး ရှိနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတွေရှိလား.................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ တင်းတိပ်ပြဿနာ

မိန်းကလေးတွေအတွက်တော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလတစ်လျှောက်လုံးဟာ တင်းတိပ်ထွက်နိုင်ခြေ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

အရေးပေါ်ကာလ သားဆက်ခြား နည်းလမ်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

နေမကောင်း မဖြစ်ဖို့ သွားတိုက် ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 3, 2021 . 2 mins read
တရုတ် ကိုဗစ်ကာကွယ်ဆေး များအကြောင်း

တရုတ် ကိုဗစ်ကာကွယ်ဆေး များအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2021 . 2 mins read
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read