brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ကာလအတွင်း ခရိုမိုဇုန်းဆိုင်ရာ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုများ

ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးက အမျိုးမျိုးသော စမ်းသပ်စစ်ဆေးမှုတွေကို လုပ်ဆောင်ရပါတယ်။ ခရိုမိုဇုမ်းအရ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုတွေ အပါအဝင်ပေါ့။ ဖွံ့ဖြိုးနေဆဲ သန္ဓေသားလောင်းမှာ ခရိုမိုဇုန်း မူမမှန်မှုတွေက ဖြစ်ခဲသော်လည်း အချို့သော ကျန်းမာရေးပြဿနာရှိနေတဲ့ မိဘတွေ ဒါမှမဟုတ် မျိုးရိုးဗီဇအရ မူမမှန်မှုတွေရှိခဲ့တဲ့ မိသားစုကျန်းမာရေး ရာဇဝင်တွေ ရှိခဲ့ရင်တော့ ပိုပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။

ကိုယ်ဝန်ဆောင်ကာလအတွင်း ခရိုမိုဇုန်းဆိုင်ရာ မူမမှန်မှု ရှိမရှိ စစ်ဆေးမှုများ

ခရိုမိုဇုန်း မူမမှန်ခြင်း (chromosomal abnormalities) ဆိုတာ ဘာတွေလဲ။

ခရိုမိုဇုန်းတွေ ဖွံ့ဖြိုးလာမှုမှာ မူမမှန်မှုတွေ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထဲမှာ ဗီဇ တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ မျိုးရိုးဗီဇတွေ ပါဝင်လာနိုင်ပါတယ်။ ကလေးကတော့ ပုံမှန်မဟုတ်ဘဲ မွေးဖွားလာမှာ မဟုတ်ပေမယ့် မိခင်နဲ့ ဖခင်ဆီက ပုံမှန်မဟုတ်တဲ့ မျိုးဗီဇတွေကို အမွေဆက်ခံရရှိထားပါတယ်။ ပုံမှန်အားဖြင့် ကလေးမှာ ပုံမှန်မဟုတ်တဲ့ မျိုးဗီဇ (gene) တစ်ခုသာပါမယ်ဆိုရင်တော့ အခြားကောင်းမွန်တဲ့ မျိုးဗီဇတွေက ဒါကို ဖုံးလွှမ်းသွားပါလိမ့်မယ်။

လေ့လာမှုတွေကတော့ ရာနှုန်းတစ်ဝက်ကျော်လောက်ဟာ ခရိုမိုဇုန်း မူမမှန်ခြင်းကြောင့် ကိုယ်ဝန်ဆောင်ကာလ ပထမ ၃လမှာ ပျက်ကျတာမျိုး ဖြစ်စေတယ်လို့ဆိုပါတယ်။ သိသာထင်ရှားတဲ့ ခရိုမိုဇုန်း မူမမှန်ခြင်းဟာ အသက်ရှင်လျက် မွေးဖွားလာတဲ့ ကလေးတွေမှာတော့ ဝ.၅%ကနေ ၁%ထိပဲ ရှိပါတယ်။

ခရိုမိုဇုန်းမူမမှန်ခြင်းအတွက် အဖြစ်အများဆုံး ဥပမာကတော့ Down’s syndrome ပါပဲ။ နံပါတ် ၂၁ ခရိုမိုဇုန်း နှစ်ခု ပါရှိရမယ့်အစား ဒီလိုဖြစ်နေတဲ့သူ တစ်ယောက်ချင်းစီမှာတော့ သုံးခုစီပါရှိနေတာကို တွေ့ရပါတယ်။ Down’s syndrome ဟာ IQနိမ့်တာမျိုးနဲ့ ထူးခြားတဲ့ လက္ခဏာတွေ ဥပမာ လက်တိုနေတာ၊ မျက်လုံးတစ်ဝိုက်မှာ ထင်ရှားတဲ့ အရေးအကြောင်းတွေရှိနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အခြားသော ခရိုမိုဇုန်း မူမမှန်မှုတွေကတော့ နှလုံးချို့ယွင်းမှုပါ။ ခရိုမိုဇုန်း နံပါတ် ၁၃ အပိုပါလာတဲ့ ကလေးတွေ (Patau’s syndrome) ဒါမှမဟုတ် နံပါတ် ၁၈ အပိုပါလာတဲ့ ကလေးတွေ ( Edward’s syndrome) ကတော့ မွေးပြီးတဲ့နောက် အသက်ရှင်ဖို့ ခဲယဉ်းပါတယ်။ ဒီအခြေအနေတွေကတော့ Dawn’s syndrome လို အဖြစ်မများဘူးလို့ သိကြရပါတယ်။

ခရိုမိုဇုန်း မူမမှန်မှု ရှိမရှိကို စစ်ဆေးရမယ့် စမ်းသပ်စစ်ဆေးမှုတွေက ဘာတွေလဲ။

  • Serum screening

တကယ်လို့များ သင့်ဆရာဝန်က သင့်ရဲ့ သန္ဓေသားမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုတွေ့ခဲ့မယ်ဆိုရင် amniocentesis test လို serum screening တစ်ခုခု လုပ်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ဒီ test ကိုတော့ သင့်မှာ ခရိုမိုဇုန်းမူမမှန်မှု ဖြစ်နိုင်တဲ့ အခြေအနေများလွန်းမှသာ ညွှန်ကြားတာပါ။ ဒါပေမဲ့ ဖြစ်နိုင်ချေများလွန်းတယ်ဆိုတာက သင့်ကလေးမှာ ဒါဖြစ်ကိုဖြစ်နေပြီလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါဟာ သွေးစစ်မှု ပုံစံတစ်မျိုးဖြစ်ပြီး ရက်သတ္တပတ် ၁၅ပတ်ကနေ ၂၀အတွင်းလုပ်ဆောင်ရပါတယ်။ ဒီစစ်ဆေးမှုကို ခံယူနေစဉ်မှာ သွေးထဲက ကိုယ်ဝန်ဆောင်ဟော်မုန်းတွေကိုလည်း ဂရုတစိုက် တိုင်းတာရပါတယ်။ သင့်ကလေးမှာ Down’s syndrome ဖြစ်နိုင်ချေ ရှိမရှိဆိုတာကို ရှာဖွေဖို့ ပြီးရင်တော့ ရလာတဲ့ အဖြေတွေကို ဆရာဝန်က သင့်အသက်တွေပါ ထည့်တွက်လို့ တွက်ဆရပါတယ်။

  • Chrorinic villus sampling (CVS) test

ဒီ ရောဂါအတည်ပြုတဲ့ စစ်ဆေးမှုကတော့ ကလေးမှာရှိတဲ့ ခရိုမိုဇုန်း အရေအတွက် အတိအကျကို ဆုံးဖြတ်ဖို့ လုပ်ဆောင်ရတာပါ။ တကယ်လို့ ၄၆ခုပဲပါတယ်ဆိုရင် ပုံမှန်ပဲလို့ ဆုံးဖြတ်ပါတယ်။ ဒီနည်းလမ်းကတော့ trisomy 18, trisomy 13, Down syndrome နဲ့ အခြားသော ပုံမှန်မဟုတ်တဲ့ မွေးရာပါချွတ်ယွင်းမှုတွေ ရှိနိုင် မရှိနိုင် ရှာဖွေတဲ့နေရာမှာ ဆရာဝန်ကို ကူညီပေးပါတယ်။ တကယ်လို့များ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မြောက်များလှစွာသော မျိုးရိုးဗီဇအရ ကျန်းမာရေးပြဿနာတွေရှိခဲ့ဖူးတဲ့ မိသားစု ရာဇဝင် ရှိနေမယ်ဆိုရင်တော့ CVS ကို အသုံးပြုပါတယ်။

ဆရာဝန်က မိခင်ရဲ့ ဝမ်းဗိုက် ဒါမှမဟုတ် သားအိမ်ခေါင်းကိုဖြတ်လို့ အချင်းထဲထိ ဆေးထိုးအပ်သွင်းရပါတယ်။ ပြီးရင်တော့ အချင်းရဲ့ အစသေးသေးလေးယူပြီး ဓါတ်ခွဲခန်းကိုပို့လို့ မျိုးဗီဇကို ကြည့်ရှုစစ်ဆေးရပါတယ်။ (Genetic scanning) ။ ဒီလုပ်ငန်းစဉ်ကတော့ ပြီးဆုံးဖို့ ၂နာရီမှ ၃နာရီထိကြာမြင့်တတ်ပြီး အဖြေထွက်လာဖို့ကတော့ ရက်သတ္တပတ် ၂ပတ်လောက် ကြာမြင့်နိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Wathun Myat Chal · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။