လမစေ့ဘဲစောမွေးခြင်း (ကလေးက ကိုယ်ဝန်ပတ်၃၇ပတ်မတိုင်ခင်စောမွေးခြင်း ဖြစ်နိုင်ပါတယ်။)
မွေးပေါင်ချိန်နည်းခြင်း၊ မွေးကင်းစကလေးမှာ ၂၅၀၀ဂရမ်ထက်နည်းနေနိုင်ပါတယ်။
မွေးကင်းစကလေးမှာ အသက်ရှုခြင်း၊ နို့ိစို့ခြင်း၊ အီနေခြင်း၊ သွေးတွင်းသကြားဓါတ်နည်းခြင်းပြဿနာတွေအပါအဝင် ကျန်းမာရေးပြဿနာတွေပေးနိင်ပါတယ်။ မွေးဖွားပြီးနောက်မှာ ကလေးကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ ရက်အနည်းငယ်ထားရနိုင်ပါတယ်။
ကံကောင်းတာက ဒီဘေးထွက်ဆိုးကျိုးတွေက ရေရှည်ပြဿနာမပေးနိုင်ပါဘူး။
ကိုယ်ဝန်ဆောင်စဉ်အတွင်းစိတ်ဓါတ်ကျခြင်းကိုမကုသခြင်းရဲ့ နောက်ဆက်တွဲများ
စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေက တချို့သောဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပေမယ့် မကုသခြင်းက နောက်ဆက်တွဲရလဒ်တွေကိုဖြစ်စေနိုင်ပါတယ်။ သတ်သေချင်စိတ်ပေါက်တဲ့အထိဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင်မစောင့်ရှောက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားကိုအာဟာရမျှမျှတတမစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အစားနပ်မှန်အောင်မစားလည်းဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးသုံးခြင်းတွေပါဖြစ်နိုင်ပါတယ်။ ဒီအပြုအမုူတွေက သင်ရောသင့်ကလေးအတွက်ပါ ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ခြင်း၊ မွေးရာပါချို့ယွင်းချက်များ၊ ကလေးစောမွေးခြင်း၊ မွေးပေါင်ချိန်နည်းခြင်းတွေက ကိုယ်ဝန်ဆောင်ချိန်အတွင်း စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေရပ်လိုက်တဲ့အမျိုးသမီးတွေမှာလည်း တွေ့ရပါတယ်။
စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းက သင့်မိသားစုနဲ့သင့်သူငယ်ချင်းမိတ်ဆွေဆက်ဆံရေး၊ ဇနီးမောင်နှံဆက်ဆံရေးတွေကိုပါ သက်ရောက်စေနိုင်ပါတယ်။ သင့်ရဲ့ကလေးကြီးတွေနဲ့သင့်ခင်ပွန်းကိုလည်း စောင့်ရှောက်ချင်စိတ်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်နေ့လုံးပင်ပန်းနွမ်းနယ်နေပြီး မိသားစုတွင်းနေ့စဉ်တာဝန်တွေကို လုပ်ဆောင်ဖို့အင်အားလုံလုံလောက်လောက်မရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သင်နဲ့သင့်ကလေးကြားဆက်ဆံရေးသံယောဇဉ်ကိုပါ သက်ရောက်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ချရတဲ့ဆေးများ
အောက်မှာဖော်ပြထားတဲ့စိတ်ဓါတ်ကျဆန့်ကျင်ဆေးတွေက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိတ်ချရပါတယ်။ သင်မှီဝဲနေတဲ့ဆေးတွေနဲ့ပတ်သက်ပြီး ဆရာဝန်နဲ့အမြဲဆွေးနွေးသင့်ပါတယ်။
ဆီရိုတိုနင် serotonin reuptake inhibitors (SSRIs)-ဆီတာလိုပရမ်၊ ဖလူရိုဇီတင်း၊ ဆာထရယ်လင်း
Serotonin and norepinephrine reuptake inhibitors (SNRIs)- ဂျူလိုဇီတင်း၊ ဗန်လာဖာဇင်း
ဗျူပရိုပီရွန်- အခြားဆေးတွေမတိုးတော့တဲ့အခါမှာ ညွှန်းလေ့ရှိပါတယ။်
Tricyclic antidepressants (ထရိုင်ဆိုင်ကလစ် စိတ်ကျရောဂါဆေး)တွေဖြစ်တဲ့ အမ်မီထရစ်တိုင်လင်း ၊ နော်ထရစ်ပ်တိုင်လင်း
စိတ်ဓါတ်ကျခြင်းက အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစတဲ့အခါမှာ မိခင်ရောကလေးကိုပါ သက်ရောက်စေပါတယ်။ ကံကောင်းတာက စိတ်ဓါတ်ကျခြင်းက တစ်ခါတစ်လေမှာ ဆေးဝါးအကူအညီမလိုဘဲနဲ့ ပျောက်ကင်းနိုင်ပါတယ်။ စိတ်ဓတ်ကျဆန့်ကျင်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေနိုင်ပေမယ့် ဥပါဒ်ဖြစ်စေနိုင်တာထက်ပိုကောင်းတာကိုဖြစ်စေနိုင်ပြီး ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ချေတွေကို နည်းအောင်ပြုလုပ်ပေးနိုင်ပါတယ်။ သင့်အတွက်အကောင်းဆုံးကုသမှုကိုရရှိဖို့ သင့်ဆရာဝန်နဲ့ပဲဆွေးနွေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။