ကောင်းမွန်စွာ အိပ်စက်တာဟာ ဘယ်အသက်မရွယ်မှာမဆို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝလုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ Infant milk formula တွေဟာ ကလေးတွေအတွက် ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေဖို့ အထောက်အကူပေးနိုင်တာမို့ ကလေး ကျန်းမာလန်းဆန်းနေစေဖို့ အကူအညီဖြစ်စေပါတယ်။
၉။ ကျန်းမာစေတဲ့အပြင် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့လည်း ပံ့ပိုးပေးနိုင်တာ
ကလေးတို့ စတင်ဖွံ့ဖြိုးစဉ်ကာလမှာ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကလည်း မှန်ကန်စွာ ဖွံ့ဖြိုးကြီးထွားလာဖို့ အရေးကြီးပါတယ်။ စုံလင်ပြည့်ဝတဲ့ အာဟာရတွေကို မျှတပြည့်စုံစွာ မှီဝဲနိုင်မှ မှန်ကန်စွာ ဖွံ့ဖြိုးကြီးထွားနိုင်မှာပါ။ Infant milk formula တွေမှာပါဝင်တဲ့ ဗီတာမင်၊ enzymes၊ fat၊ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်နဲ့ သက်စောင့်ဓာတ်တွေက ကလေးရဲ့ ရုပ်ပိုင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်ပါတယ်။
၁၀။ မိခင်ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တာ
IMF သုံးစွဲတာဟာ မိခင်ဖြစ်သူရဲ့ နေထိုင်စားသောက်မှုနဲ့ ဝတ်စားဆင်ယင်မှုပိုင်းကို ပိုမိုလွတ်လပ်စေမှာဖြစ်တာမို့ မိခင်ဖြစ်သူလည်း စိတ်ကြည်လင်နေမှာဖြစ်ပြီး ရင်သွေးကို ထိန်းကျောင်းရာမှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဂရုစိုက်ပေးနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှု ကင်းစင်နေတဲ့ မိခင်ဟာ ကလေးကိုရော၊ မိသားစုကိုရော ကောင်းမွန်စွာ စောင့်ရှောက်နိုင်ပါလိမ့်မယ်။
ကလေးတွေအတွက် မိခင်နို့က အကောင်းဆုံး အာဟာရပါ။ IMFတွေက အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ကို တိုက်ကျွေးဖို့ အခက်အခဲ ရှိသူတွေအတွက် ကူညီပေးနိုင်ပါတယ်။ တတ်နိုင်ရင်တော့ မိခင်နို့ကိုပဲ တိုက်ကျွေးဖို့ အကြံပြုလိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။