ကလေးကို ကိုယ်ပိုင်အချိန်လေးပေးပါ – လူကြီးတွေပဲ တစ်ယောက်တည်းတွေးနေဖို့ အချိန်လိုအပ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း သူတို့ရဲ့ စိတ်ကူးအတွေးတွေကို ဖြန့်ကြတ်ဖို့နဲ့ စိတ်ဝင်စားရာတွေကို လုပ်ဆောင်နိုင်စေဖို့ ကိုယ်ပိုင်ချိန်လေးလိုအပ်ပါတယ်။ ဒါကြောင့် ကလေးက ဦးနှောက်ကို အလုပ်ပေးပြီး တွေးတောနိုင်စေဖို့ ကလေးကို ကိုယ်ပိုင်အချိန်လေးပေးလိုက်ပါ။
ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပါ – ဦးနှောက်ရော ခန္ဓာကိုယ်ပါကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေး တစ်ယောက်အဖို့ ပြည့်ဝတဲ့ အိပ်စက်ချိန်လိုအပ်မယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ ဒါကြောင့် ကလေးကို အနည်းဆုံးတစ်နေ့ကို ၈ နာရီ အိပ်စက်ချိန်ထားပေးပါ။
ဝါသနာပါရာကို လုပ်ခွင့်ပေးပါ -လူတိုင်းက ဝါသနာပါရာကို လုပ်ခွင့်ရတဲ့အခါ အကောင်းဆုံးလုပ်ဆောင်နိုင်ကြပါတယ်။ ဒီလိုပါပဲ ကလေးတွေမှာလည်း ငယ်စဉ်ကတည်း သူတို့ဝါသနာပါရာကို ပေးလုပ်ပါ။ ဒါမှ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ဘေဘီလေးအဖြစ်ကြီးပြင်းလာမှာပါ။
ကလေးနဲ့ အတူတူကစားပေးပါ – ဒီအချက်ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့နဲ့ ပျော်ရွှင်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် အရွယ်ရောက်ကြီးပြင်းလာစေဖို့ ကလေးနဲ့ အတူတူအချိန်ပေးကစားပေးပါ။
စာဖတ်ဖို့အားပေးပါ -ခန္ဓာကိုယ်အတွက် အာဟာရပြည့်အောင်စားရသလို စိတ်ကျန်းမာစေဖို့ကလည်း စာဖတ်ဖို့လိုပါမယ်။ ဒါကြောင့် ကလေးကို ဉာဏ်ကောင်းပျော်ရွှင်စေချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက စာအုပ်ဖတ်ဖို့ အားပေးပါ။ ကိုယ်တိုင်လည်း သူနဲ့အတူစာဖတ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။