backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အဖြစ်များတဲ့ ဓါတ်မတည့်စာ (၇) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဖြစ်များတဲ့ ဓါတ်မတည့်စာ (၇) မျိုး

လက်ရှိ အစားအစာတွေနဲ့ ဓါတ်မတည့်တာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓါတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲပါပဲ။ ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းမှန်ကိုတော့ သေချာမသိရသေးပေမဲ့ များသောအားဖြင့် မိဘမျိုးရိုးကနေ ဆင်းသက်လာတာ ပိုများပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အဖြစ်အများဆုံး ဓါတ်မတည့် အစားအစာ (၇) မျိုးနဲ့ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ၊ ရောဂါလက္ခဏာတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

၁။ နွားနို့

ကလေးတွေမှာ ဓါတ်မတည့်တာ အဖြစ်များပြီး အသက် ၆ လ မတိုင်ခင် နွားနို့အတိုက်ခံရဖူးတဲ့ ကလေးတွေမှာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ကလေးအများစုကတော့ အသက် ၃ နှစ်နောက်ပိုင်း ဒီဓါတ်မတည့်တဲ့ လက္ခဏာက သူ့အလိုလိုပဲ ပျောက်သွားတတ်ပါတယ်။ ဓါတ်မတည့်ခြင်းဟာ နွားနို့သောက်ပြီး ၅မိနစ်မှ မိနစ် ၃၀အတွင်း ပြလာတတ်ပြီး အသားဖောရောင်တာ၊ အင်ပျဉ်ထတာ၊ အဖုသေးသေးလေးတွေ အပြုံလိုက်ထတာ၊ အော့အန်တာ၊ ဝမ်းချုပ်တာ သို့မဟုတ် ဝမ်းလျှောတာအပြင် သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ နွားနို့သာမက နို့ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ချိစ်၊ ထောပတ်၊ ဒိန်ချဉ်၊ ရေခဲမုန့်တွေ စားရင်လည်း ဖြစ်နိုင်ပါတယ်။

၂။ ကြက်ဥ

ကလေးတွေမှာ တော်တော်အဖြစ်များတဲ့ ဓါတ်မတည့်စာတွေထဲမှာ ကြက်ဥဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၁၆ နှစ်အရွယ်လောက်မှာ ဓါတ်မတည့်တာ ပျောက်သွားတဲ့ ကလေးတွေလည်း ရှိသလို ကြီးတဲ့အထိ မပျောက်တာမျိုးလည်း ရှိပါတယ်။ ကြက်ဥစားလိုက်တာနဲ့ အစာချေဖျက်ဖို့ ခက်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ အင်ပျဉ်၊ အဖုအပိမ့်လေးတွေ ထလာတာ၊ အသက်ရှူရခက်လာတာအပြင် သွေးလန့်တာတွေပါ ဖြစ်နိုင်ပါတယ်။ ကြက်ဥအနှစ်ထက် ကြက်ဥအကာကို ဓါတ်မတည့်တဲ့ ဦးရေဟာ ပိုများတာကိုလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။

၃။ အစေ့အဆန်တွေ

သစ်ပင်ကနေ ရတဲ့ အစေ့အဆန်တွေဖြစ်တဲ့ အော်လ်မွန်ေစ့၊ သီဟိုရ်စေ့၊ ပစ္စတာရှီယို သစ်စေ့ (Pistachio) ၊ အခွံမာသီး (Walnuts) တွေ စားမိတဲ့အခါ ဓါတ်မတည့်ခြင်း ဖြစ်ပါတယ်။ ဒီလိုအစေ့တွေကနေ လုပ်ထားတဲ့ ထောပတ်တွေ၊ ဆီတွေ စားမိရင်လည်း ဖြစ်နိုင်ပါတယ်။ တခြားသော အစားအစာတွေနဲ့ မတူဘဲ အစေ့အဆန်တွေနဲ့ ဓါတ်မတည့်ခြင်းဟာ အချိန်တော်တော်ကြာတဲ့အထိ ပျောက်ဖို့ ခဲယဉ်းတဲ့အပြင် ဓါတ်မတည့်ဝေဒနာဟာလည်း တော်တော်ပြင်းထန်နိုင်ပါတယ်။

၄။ ပဲအမျိုးမျိုး

အစေ့အဆန်တွေလိုပါပဲ၊ ပဲတွေဟာလည်း ဓါတ်မတည့်မှု တော်တော်လေးအဖြစ်များတဲ့ အစားအစာပါ။ မတော်တဆ စားမိလိုက်တဲ့အခါမှာလည်း အရေးပေါ်ကုသမှု ခံယူဖို့ လိုအပ်တဲ့အထိ လက္ခဏာတော်တော်လေး ပြင်းထန်နိုင်ပါတယ်။ ဒါ့အပြင် ပဲတွေနဲ့ ဓါတ်မတည့်တဲ့သူတွေမှာ အစေ့အဆန်နဲ့ ဓါတ်မတည့်မှုပါ ပါလာတတ်ပါတယ်။ ပဲတွေထဲမှာတော့ မြေပဲနဲ့ ဓါတ်မတည့်မှုက ပိုတွေ့ရပါတယ်။ အသက်ရှူရခက်တာ၊ ပါး၊ မျက်နှာတွေ ရောင်ကိုင်းလာတာ၊ အင်ပျဉ်ကွက်တွေ တစ်ကိုယ်လုံးထလာတာ အစရှိတဲ့ လက္ခဏာတွေကို ဓါတ်မတည့်စာ စားမိချိန်မှာ တွေ့ရပါတယ်။

၅။ ပင်လယ်စာ

ပင်လယ်စာေတွဟာ ကျန်းမာရေးအတွက် ကောင်းပြီး အာဟာရလည်း ရှိစေလို့ လူကြိုက်များကြပေမယ့် ဓါတ်မတည့်လို့ မစားရတဲ့သူတွေဟာလည်း ဒုနဲ့ ဒေးပါပဲ။ ကလေးဘဝမှာသာမက လူပျို၊ အပျိုဖော်ဝင်ကာစ အချိန်တွေမှာလည်း လက္ခဏာ စတင်ပြလာတတ်ပါတယ်။ ပင်လယ်စာလို့ဆိုရာမှာ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ရေဘဝဲ၊ ပြည်ကြီးငါး၊ ကရုကမာကောင်၊ ပင်လယ်ငါး၊ ရေချိုငါး အစရှိတာတွေ ပါဝင်ပါတယ်။ ဓါတ်မတည့်လက္ခဏာ ခံစားရပုံခြင်းဟာလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ တချို့လူတွေမှာ သာမန်ယားယံတာလောက်ပဲ ဖြစ်နိုင်သလို တချို့တွေမှာလည်း အရေးပေါ် ကုသမှုခံယူဖို့ လိုတဲ့အထိ ပြင်းထန်နိုင်ပါပတယ်။

၆။ ဂျုံ၊ ပြောင်း

ကလေးတွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပေမယ့် အသက် ၁၀ နှစ်ပြည့်ပြီးနောက်မှာတော့ ဓါတ်မတည့်တဲ့ လက္ခဏာတွေက ပျောက်သွားတတ်ပါတယ်။ ဂျုံ၊ ပြောင်း ပါဝင်တဲ့ အစားအစာတွေ စားမိတဲ့အခါ အစာကောင်းစွာ မချေဖျက်နိုင်တာ၊ အဖုလေးတွေ အပြုံလိုက်ထွက်တာ၊ အော့အန်တာ၊ အင်ပျဉ်ထတာ၊ ရောင်တာတွေ ဖြစ်နိုင်ပြီး အသက်သေစေနိုင်သည်အထိ ပြင်းထန်တဲ့ အခြေအနေတွေလည်း ရှိပါတယ်။

၇။ ပဲငံပြာရည်

ပဲပိစပ်ေတွ၊ ပဲငံပြာရည်နဲ့ ဓါတ်မတည့်မှုဟာ ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ ပါးစပ် ယားတာ၊ အသားထဲက စူးသလိုဖြစ်နေတာ၊ နှာရည်ယိုတာ၊ ပန်းနာရင်ကျပ်ဖြစ်တာ၊ အသက်ရှူရခက်တာ၊ သွေးလန့်တာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။

ဘာတွေ သိထားဖို့လိုအပ်လဲ။

ကိုယ့်မှာ ဓါတ်မတည့်တဲ့အစားအစာတွေ ရှိရင် မစားတာ အကောင်းဆုံးပါပဲ။ စားရင်းနဲ့ ကြာလာရင် သက်သာသွားမှာပါဆိုရာကနေ ရောဂါလက္ခဏာ ပိုပြင်းလာတာမျိုးတွေလည်း ရှိပါတယ်။ ဒါကြောင့် အပြင်မှာ စားတော့မယ်၊ ဟင်းချက်ပြုတ်ဖို့အတွက် ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ပါဝင်တဲ့ အမည်ပစ္စည်းတွေကို သေချာစစ်ကြည့်ပြီးမှ ဝယ်တာ အကောင်းဆုံးပါပဲ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement