backup og meta

အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ


Ye Myo Myat မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်လ်မွန်စေ့ကို နေ့စဉ်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကောင်းကျိုးတွေ

    အစေ့အဆန်တွေမှာ ကိုယ်ခန္ဓါနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေတဲ့ အဆီအနှစ်၊ အာဟာရတွေ များစွာပါဝင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးကို လိုက်စားသူတွေရဲ့ နေ့စဉ်အစာအာဟာရမှာ အစေ့အဆန်ဟာ မဖြစ်မနေ ပါဝင်သင့်တဲ့ အစားအစာဖြစ်ပါတယ်။

    ဒီနေ့မှာတော့ အစေ့အဆန်တွေထဲမှာမှ အရသာလည်း ရှိပြီး အာဟာရဓါတ်များစွာ ပေးစွမ်းနိုင်တဲ့ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ရနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။

    ၁။ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။

    အော်လ်မွန်စေ့မှာ လူ့ခန္ဓါကိုယ်အတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓါတ်တွေ ဖြစ်တဲ့ အမျှင်ဓါတ်၊ အသားဓါတ်၊ ဗီတာမင် B ၊ ဗီတာမင် E ၊ သံဓါတ်၊ ဇင့်ဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ မဂ္ဂနီဆီယမ်ဓါတ်၊ ဖော့စရပ်စ်၊ ကစီဓါတ်အနည်းငယ်အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဆီသန့်၊ ကယ်လိုရီဓါတ်တွေ ပါဝင်ပါတယ်။

    ၂။ အရွယ်တင်နုပျိုစေတယ်။

    အော်လ်မွန်စေ့မှာ Antioxidant ကြွယ်ဝလို့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေတယ်။ အသားအရေကိုလည်း ကျန်းမာလှပစေပြီး တင်းရင်းစေတယ်။ အရေပြားပြဿနာတွေနဲ့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ဗီတာမင် E ပေါကြွယ်ဝတယ်။

    အော်လ်မွန်စေ့မှာ ပါဝင်တဲ့ ဗီတာမင် E ဟာ ကိုယ်ခန္ဓါထဲက ဆဲလ်တွေကို ပြုပြင်ပေးပြီး ကျန်းမာစေတယ်။ နှလုံးရောဂါ၊ ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်။ အသားအရေကိုလည်း လှပစေပြီး ဆံသားကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

    ၄။ သွေးတွင်း သကြားဓါတ်ကို ထိန်းချုပ်ပေးတယ်။

    ကစီဓါတ်အနည်းငယ်ပါဝင်ပြီး ကျန်းမာစေတဲ့ အဆီဓါတ်၊ အသားဓါတ်နဲ့ အမျှင်ဓါတ်တွေ ပါဝင်လို့ ဆီးချိုရောဂါရှင်တွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်ဓါတ်ဟာ သွေးတွင်း သကြားဓါတ်ကို ထိန်းညှိပေးတယ်။ အင်ဆူလင်ကို ကောင်းကောင်း အလုပ်လုပ်နိုင်စေဖို့ ကူညီပေးတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    ၅။ သွေးပေါင်ချိန်ကျစေတယ်။

    မဂ္ဂနီဆီယမ်ဟာ ဆီးချိုအတွက်သာမက သွေးတိုးရောဂါ ရှိသူတွေအတွက်ပါ အလွန်ကောင်းတဲ့ ဓါတ်စာဖြစ်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်းဟာ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရုတ်တရက် သတိလစ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသည်အထိ ဖြစ်စေနိုင်တဲ့ လက္ခဏာဖြစ်ပါတယ်။ အော်လ်မွန်စေ့ဟာ သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးလို့ သွေးတိုးရောဂါရှင်တွေ ပုံမှန်စားပေးသင့်ပါတယ်။

    ၆။ ကိုလက်စ်ထရောဓါတ်ကို လျှော့ချပေးတယ်။

    နှလုံးရောဂါကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲမှာ သွေးတွင်း ကိုလက်စ်ထရောဓါတ် မြင့်တက်ခြင်းဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အော်လ်မွန်စေ့ကို ပုံမှန်စားပေးခြင်းဖြင့် ကိုလက်စ်ထရောဓါတ်ကို ထိန်းပေးထားနိုင်ပြီး အဝမလွန်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၇။ အစာကြေစေတယ်။

    အော်လ်မွန်စေ့မှာ အမျှင်ဓါတ်များစွာ ပါဝင်လို့ အစာခြေစနစ်အတွက်လည်း ကောင်းမွန်စေတယ်။ အစာကြေလွယ်စေတဲ့အတွက် ဗိုက်မကြာခဏ ဆာတာမျိုး မဖြစ်စေပါဘူး။ အသားဓါတ်လည်း ပါဝင်လို့ ကိုယ်ခန္ဓါက နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေပါတယ်။

    ၈။ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးတယ်။

    လေ့လာတွေ့ရှိချက်အရ အော်လ်မွန်စေ့ဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်အချိုးအစား ဖြစ်အောင် ထိန်းညှိပေးတယ်။ အစာကြေလွယ်စေပြီး ခဏခဏ အစာစားချင်စိတ်ကို မဖြစ်စေပါဘူး။ ဒါ့အပြင် အော်လ်မွန်စေ့မှာ ပါဝင်တဲ့ အဆီဓါတ်ဟာ ငါးကြီးဆီလိုပဲ ကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement