backup og meta

ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ ။ ။

    ကိုယ့်ကလေးတွေကို လူတော် လူကောင်းဖြစ်စေချင်ကြတာ မိဘတိုင်းပါ။ ဒါပေမယ့် ကလေးတစ်ယောက် တော်ဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကလေးအပေါ်မှာ အများကြီးမူတည်နေတာ မဟုတ်ဘဲ မိဘတွေရဲ့ ထိန်းကျောင်းပျိုးထောင်ေပးမှုနဲ့ အများကြီး သက်ဆိုင်နေတဲ့ အရာပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုသလိုမျိုးပေါ့။ ဒီတော့ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ထိန်းကြမလဲ ။ ။

    ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့နေရာမှာ မိဘတွေ ရှောင်ရ ဆောင်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကို မိဘတွေ အနေနဲ့ သေချာသိထားမှ ကိုယ့်ကလေးရဲ့ အနာဂတ်ကို လှပအောင် ထုဆစ်ပုံဖော်ပေးနိုင်တဲ့ ပန်းပုဆရာကောင်းတွေဖြစ်ကြမှာပါ ။ ။

    ကလေးတစ်ယောက်ကို အုပ်ထိန်းတဲ့နေရာမှာ

    ဒါတွေလုပ်ပေးပါ။

  • ကလေးပြောချင်တဲ့ စကားတိုင်းကို စိတ်ရှည်ရှည်နားထောင်ပါ။ ဒါမှ သူတို့လေးတွေ ဘာတွေခံစားနေရလဲ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲဆိုတာ သိမှာပါ။
  • သူတို့ကို သင်ယုံကြည်ကြောင်းပြပါ။ – ကလေးတွေကို နေရာပေးပြီး သူတို့ကို ယုံကြည်ကြောင်း ပြပေးပါ။ မိဘတွေရဲ့ ယုံကြည်မှုကို ရရှိခြင်းဟာ ကလေးတွေ အတွက် ခွန်အားဖြစ်စေပါတယ်။ ကလေးဆိုတာ ချီးမွမ်းခံရတာကို အရမ်းကြိုက်ကြတယ်လေ။
  • ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကလေးကို အချိန်ပေးပါ။
  • မိဘြဖစ်တဲ့ ကိုယ်က မှားသွားခဲ့ရင်လည်း ကလေးကို တောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ်က မိဘဆိုပြီး နေရာတကာ ကိုယ်ပဲမှန်တယ်၊ ဆိုတဲ့ အတ္တကြီးကို စွန့်လွှတ်လိုက်ပါ။
  • ကလေးကြောက်အောင် တည်တည်ကြီးနေမယ့်အစား သူငယ်ချင်းပေါင်းပေါင်းပြီး သူတို့နဲ့ ရင်းနှီးအောင်နေပါ။ ဒါမှပြဿနာတစ်ခုခုဖြစ်ရင် သူတို့ပထမဆုံး အားကိုးမယ့်သူက သင်ဖြစ်နေမှာပါ။ ။
  • ဒါတွေ မလုပ်ပါနဲ့ ။ ။

    • မသင့်တော်တဲ့ ကိစ္စမျိုးတွေမှာ မလုပ်ရဘူး၊ မသွားရဘူးလို့ ပြောလိုက်ရမှာကိုဝန်လေးမနေပါနဲ့။
    • အရမ်းအလိုလိုက်ြပီး ကလေးကို နေရာတကာ လိုက်လုပ်ပေးမနေပါနဲ့။ ကလေးရဲ့ ကိုယ်ပိုင်စွမ်းဆောင်နိုင်ရည်ေတွ ကျဆင်းသွားနိုင်ပါတယ်။
    • ကလေးကို သူငယ်ချင်းပေါင်းပေါင်းရမှာမှန်ပေမယ့် ကလေးက ကိုယ့်အပေါ် လေးစားမှု မရှိတဲ့ ဆက်ဆံမှုမျိုးကို လုံးဝ လက်သင့်မခံပါနဲ့။ ရင်းနှီးမှုနဲ့ မထီမဲ့မြင် ပြုမှု ကြားထဲမှာ အကန့်လေးခြားထားပါ။
    • တစ်ကိုယ်ကောင်းဆန်နေတဲ့ကလေး၊ အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့ကလေးကို ဆုံးမဖို့ လုံးဝ မရှောင်လွဲပါနဲ့။ မကောင်းတဲ့ အကျင့်တွေကို ငယ်ငယ်မှာတည်းက ချိုးနှိမ်ထားဖို့လိုပါတယ်။
    • သူတို့ကို အတင်းကြီးပြောင်းလဲဖို့ မကြိုးစားပါနဲ့။ အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။ အပြစ်ကင်းစင်တဲ့ ကလေးစိတ်ထဲမှာ သိမ်ငယ်စိတ်တွေဝင်သွားနိုင်လို့ပါ ။

    ဒါတွေကတော့ ကလေးကို ပြုစုပျိုးထောင်နေတဲ့ မိဘတိုင်း သိသင့် လိုက်နာသင့်တဲ့ အချက်တွေပါ။ မိဘတွေဆိုတာ ပန်းပုပညာရှင်တွေနဲ့ တူတူပဲမို့ ကိုယ်ထုဆစ်ထားတဲ့ ပန်းပုလေး ရုပ်လုံးကြွ လှပဖို့တို့ တာဝန်အရှိဆုံးသူတွေပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement