Probiotics ဆိုတာ အူတွင်းကအကျိုးပြုဘက်တီးရီးယားတွေဖြစ်ပါတယ်။ ကလေးလေးတွေအတွက်က အဲဒီProbioticsတွေ မရှိမဖြစ်လိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့စနစ်တွေက အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ကလေးတွေမှာ လိုအပ်တဲ့အာဟာရတွေကိုရရှိနိုင်ဖို့ အစာခြေစနစ်က အရေးကြီးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းက စုပ်ယူမှုမကောင်းရင် အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်သလို အူတွင်းက အကျိုးပြုဘက်တီးရီးယားတွေမလုံလောက်ရင်ရောဂါပိုးတွေကို မကာကွယ်၊မတိုက်ဖျက်နိုင်တော့ပါဘူး။
ပုံမှန်အားဖြင့် အူလမ်းကြောင်းမှာ ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကိုလျော့ပါးစေဖို့လုပ်ဆောင်ပေးတဲ့ Probiotic တွေ အမျိုးအစား ၄၀၀ ခန့်ရှိနေတာဖြစ်ပါတယ်။Probioticsတွေက အစာခြေစနစ်ကို ကျန်းမာစေဖို့လုပ်ဆောင်ပေးပြီး ကလေးတွေကို ဝမ်းပျက်ဝမ်းလျှောကာကွယ်ဖို့၊ လေနာ ဝေဒနာသက်သာစေဖို့ အကျိုးပြုပါတယ်။
ကလေးရဲ့ ကိုယ်ခံအားစနစ်မှာ ၈၀ ရာခိုင်နှုန်းက အူလမ်းကြောင်းကျန်းမာရေးနဲ့ သက်ဆိုင်ပါတယ်။ Probiotic က ဓာတ်မတည့်မှုတွေ၊ ကလေးနှင်းခူနဲ့ ရောင်ရမ်းမှုပြဿနာတွေလို ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
Probiotics အမျိုးအစားတွေထဲမှာမှ Lactobacillus reuteri ပါဝင်တဲ့ ဆေးတွေက ကလေးတွေအတွက် တကယ်ကိုအသုံးဝင်မှာပါ။ ကလေးရဲ့ အစာခြေစနစ်ကျန်းမာစေဖို့ဆိုရင် Lactobacillus reuteri လို့ခေါ်တဲ့အကျိုးပြုဘက်တီးရီးယားလေးတွေ ပါဝင်နေတဲ့ ဆေးရည်လေးရွေးချယ်လို့ သားသားမီးမီးလေးတွေကျန်းမာအောင် လုပ်ဆောင်ပေးလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။