backup og meta

ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်

    ကလေးတွေကို ကျန်းမာသွက်လက် ဉာဏ်ရည်ထက်မြက်သူတွေအနေနဲ့ ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မိဘတိုင်းမှာ ရှိပါတယ်။ ဒီဆန္ဒကို ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်နိုင်စေဖို့ မိဘတိုင်းအနေနဲ့ ကလေးကို ငယ်စဉ်အရွယ်ကတည်းက စပြီး သေချာလေး ထိန်းကျောင်းပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ကလေးတစ်ယောက်ကို ထိန်းကျောင်း ပျိုးထောင်တဲ့အခါ အာဟာရပိုင်းကစလို့ အပြုအမူပိုင်းအထိ အားလုံး ပါဝင်နေပါတယ်။ ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်။

    သားသားမီးမီးတို့ရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်

    ကလေးရဲ့ ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။

    အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာပါ ဖွံ့ဖြိုးမှုတွေ ရှိလာမှာပါ။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဟာ  ဒီလို အပိုင်းအခြားကာလအတွက် အရေးကြီးဆုံး အရာဖြစ်လာပါတယ်။

    နုနယ်တဲ့ ဦးနှောက် နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကာလလည်းဖြစ်ပါတယ်။ ဒီကာလမှာ အာဟာရ ပြည့်ဝအောင် ဂရုစိုက်ဖို့ လိုသလို အပြုအမူပိုင်းဆိုင်ရာကိုလည်း အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။

    ကလေးတွေရဲ့ ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၅ နှစ်ပြည့်တဲ့ချိန်မှာ အရွယ်ရောက်ပြီးသူ ဦးနှောက်ရဲ့ ၉၀ရာခိုင်နှုန်းကို ရောက်ရှိနေပါပြီ။

    ကလေး အသက်ငါးနှစ်အတွင်း အာဟာရဓာတ်တွေကို လုံလောက်အောင် ရရှိခဲ့တဲ့ ကလေးတွေဟာ IQ လည်းမြင့်တယ်၊ မှတ်ဉာဏ်ကောင်းတယ်၊ စာဖတ်နိုင်အားကောင်းတယ်၊ အမြင်အာရုံ စူးရှတယ်လို့ သုတေသနတွေက သက်သေပြထားပါတယ်။

    မေမေဖေဖေတို့ရဲ့ ပျိုးထောင်မှုပုံစံက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်

    ကလေးထိန်းကျောင်းမှုပုံစံက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ်

    ကလေးတွေ ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှု နဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် နေ့စဉ် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုမိုလိုအပ်လာမှာပါ။ ကိုယ့်ကလေးကို ဂရုစိုက်တဲ့ မေမေတွေအနေနဲ့ အပြုအမူတွေကို သေချာ ဂရုစိုက်ပေးဖို့ လိုသလို အာဟာရတွေကိုလည်း ပြည့်ပြည့်ဝဝ ရရှိစေဖို့ လိုပါမယ်။

    ဒီလို အဖက်ဖက်က သေချာလေး ဂရုစိုက်ပေးမှ ကလေးက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းမှာပါ။ အရင်ဆုံး ကလေးတစ်ယောက်ရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့အတွက် ဘယ်လို အာဟာရတွေ ပြည့်ဝအောင် ဖြည့်ပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။

    အာဟာရဓာတ်

    ကောင်းကျိုး

    သံဓာတ် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်၊၊
    ဗီတာမင် B အုပ်စု အားအင်ကို ဖြည့်တင်းပေးပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထောက်ကူပေးပါတယ်၊၊
    ဖောလစ်အက်စစ် သင်ယူနိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေပါတယ်၊၊
    အိုင်အိုဒင်းဓာတ် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်၊၊
    DHA (Omega 3 fatty acid) ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေပါတယ်၊၊

    ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်ဖြစ်ပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။ သွေးထဲက အောက်ဆီဂျင်ကို ဦးနှောက်ထဲပို့ပေးတဲ့အပြင် တစ်နေ့တာ လှုပ်ရှားမှုအတွက် လိုအပ်တဲ့ခွန်အားကို ပေးစွမ်းနိုင်ပါတယ်။ သံဓာတ်နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါတွေကို ကြုံလာရနိုင်ပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးတွေမှာ သံဓာတ်အလုံအလောက်ရဖို့ သေချာလေး ဖြည့်တင်းပေးဖို့ လိုပါမယ်။

    ဗီတာမင် B1, B2, B3, B6 နဲ့ B12 အစရှိတဲ့ ဗီတာမင် B အုပ်စုဟာ နေ့စဉ်ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သွေးနီဥဆဲလ်တွေကို ထုတ်လုပ်ပေးရာမှာလည်း အထောက်အကူဖြစ်စေတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို အထောက်အကူပေးပြီး မှတ်ဉာဏ်ချို့ယွင်းတာ၊ စိတ်ဓာတ်ကျရောဂါတွေ၊ သွေးအားနည်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    ဖောလစ်အက်ဆစ် (Folic Acid)

    ကလေးတွေရဲ့ အရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေတဲ့အပြင် သင်ယူနိုင်စွမ်း နဲ့ အာရုံစူးစိုက်နိုင်စွမ်းကို တိုးစေနိုင်ပါတယ်။

    အိုင်အိုဒင်းဓာတ်

    ကလေးတွေရဲ့ ဉာဏ်ရည်ကို ထက်မြက်စေဖို့နဲ့ ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အထောက်အကူပေးနိုင်ဖို့အတွက် အိုင်အိုဒင်းဓာတ်ကို ပြည့်ဝစွာ ရရှိဖို့ အရေးကြီးပါတယ်။

    DHA (Omega – 3)

    ကလေး ဦးနှောက်ဖွံ့ဖြိုးမှု နဲ့ ဉာဏ်ရည်ထက်မြက်စေမှုမှာ DHA (Omega 3) ဓာတ်က မရှိမဖြစ်လိုအပ်တဲ့အတွက် ကလေးတွေကို သေချာလေး ဂရုစိုက်ပြီး ကျွေးဖို့လိုအပ်ပါတယ်။

    ဒီတော့ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိထိရောက်ရောက် အားဖြည့်ပေးဖို့ ဆိုရင် ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ခုန ပြောခဲ့တာတွေ အပြင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် D၊ ဗီတာမင် C၊ ဇင့်၊ lcFOS – Inulinတို့အပြင် ကလေးတစ်ယောက်အတွက် လိုအပ်မယ့် ဆိုဒီယမ်ပမာဏကိုပါ အတိအကျ ဖြည့်တင်းပေးဖို့လိုပါမယ်။

    ဒါကြောင့် ကလေးကို နေ့စဉ် ထမင်း၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး၊ ပဲနီလေး၊ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီး နဲ့ အစေ့အဆန်လိုမျိုး စားစရာတွေ ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့တွေမှာလည်း ကလေးရဲ့ကြီးထွားမှုကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါတဲ့အတွက် နေ့စဉ် ကလေးရဲ့ စားသောက်မှုပုံစံထဲမှာ ဖြည့်စွက်ပေးလို့ ရပါတယ်။

    ဒါကြောင့် ကလေးကို ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်ရင် ငယ်စဉ်ကတည်းက သေချာလေး ပျိုးထောင်ပေးဖို့ နဲ့ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ကျွေးမွေးပေးဖို့ ပြောပါရစေ။ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်စေဖို့ အာဟာရပြည့်ဝအောင် ပြင်ဆင်ပေးတာအပြင် အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတတ်ဖို့လည်း ပျိုးထောင်ပေးဖို့ အကြံပြုပါရစေ။ ကဲ …. ဘာကြောင့် ကလေးကို ကျွေးမွေးတဲ့အာဟာရက ကလေး ဦးနှောက်ဖွံ့ဖြိုးမှုကို ပြောင်းလဲစေပါတယ် လို့ ပြောရလဲ သိပြီဟုတ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement