backup og meta

ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ

    ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ …. သင့်ရဲ့ ကျောင်းမနေခင်ကလေးဟာ မျှဝေမှုပြုလုပ်ဖို့ ခက်ခဲနေခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သူတို့ဟာ မျှဝေမှုကို အသက် ၃ နှစ်လောက်မှ သတိထားမိတာဖြစ်ပါတယ်။

    ဒါပေမယ့် သင့်ကလေးကို မျှဝေတတ်စေဖို့ ပြင်ဆင်နိုင်ရန် အချိန်ပိုပေးသင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေက ကလေးငယ်တွေကို မျှဝေတတ်စေဖို့ ကူညီပေးနိုင်ပါတယ်။

    ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ

    ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ ဆိုတော့

    ပျော်စရာကောင်းပါစေ။

    သင့်ကလေးကို မျှဝေခြင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုကတော့ ပြိုင်ဆိုင်ပြီး ကစားရမယ့်အစား မျှဝေပြီး ကစားရတဲ့နည်းတွေကို ကစားစေခြင်းပဲ ဖြစ်ပါတယ်။

    သင့်ကလေးဟာ အခြားသူတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်မှာ ယှဉ်ပြိုင်ခြင်းနဲ့ အောင်နိုင်ခြင်းကို အာရုံစိုက်မယ့်အစား မျှဝေခြင်းရဲ့ တန်ဖိုးကို နားလည်လာပါလိမ့်မယ်။

    အခြားအကျိုးရှိစေမယ့် လှုပ်ရှားမှုတွေ ဖြစ်တဲ့ jigsaw puzzle၊ ဘောလုံးမှုတ်ခြင်း၊ ရေလောင်းခြင်း၊ ကြမ်းပြင် တံမြက်စည်းလှဲခြင်း၊ ဈေးဝယ်ပစ္စည်းတွေကို အတူတကွ ဖြည်ခြင်း တွေ ပြုလုပ်နိုင်ပါတယ်။

    မျှဝေခြင်းမပြုတဲ့အတွက် သင့်ကလေးကို အပြစ်ပေးခြင်း မပြုလုပ်သင့်ပါဘူး။

    တကယ်လို့ သင့်ကလေးက သူ့သူငယ်ချင်းထံမှ တစ်ခုခုကို လုယူတာကို တွေ့တယ်ဆိုရင် သူတို့ကို ဒီလို တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူအတွက် မဆူသင့်ပဲ ပိုင်ရှင်ကို ပစ္စည်း ပြန်ပေးစေသင့်ပါတယ်။

    သင့်ကလေးဟာ မျှဝေခြင်း မလုပ်နိုင်သေးတာ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် သူတို့ကို ဆူတဲ့အချိန်မှာ သူတို့ဟာ ရှက်သွားပြီး ကာပြန်နိုင်ပါတယ်။ ဒါဆို သူတို့ ကျွမ်းကျင်မှု အသစ်တွေ သင်ယူတဲ့နေရာမှာ မကောင်းတဲ့ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

    ဒါ့ပြင် သင့်ကလေးအခြားသူနဲ့ မျှဝေခြင်းမပြုလိုတဲ့ အရာများစွာ ရှိတယ်ဆိုတာကို သင်သိထားသင့်ပါတယ်။ ဒီလိုပစ္စည်းတွေကို သူတို့ရဲ့ အထူးကြိုက်နှစ်သက်တဲ့အရာတွေ အဖြစ်သတ်မှတ်ပြီး သူတို့ကိုယ်တိုင် သိမ်းထားဖို့ ခွင့်ပြုသင့်ပါတယ်။

    စကားကျယ်ကျယ်ပြောပါ။

    သင့်ကလေးက အရုပ်တစ်ရုပ်နဲ့ ပတ်သက်ပြီး သူငယ်ချင်းနဲ့ စကားများတယ်ဆိုရင် အရာရာ အေးအေးဆေးဆေး ဖြစ်မသွားမချင်း သင်က ဝင်မပါသင့်ပါဘူး။ သင့်ကလေး နားထောင်နိုင်ပြီဆိုမှ သူတို့ရဲ့ ခံစားချက်တွေကို ဖေါ်ပြနိုင်ဖို့ အားပေးသင့်ပါတယ်။

    ဒါမှသာ သင့်ကလေးက သူတို့ဘယ်လိုခံစားနေရတယ်ဆိုတာကို သင်ကနားလည်နိုင်တယ်လို့ ခံစားရပါလိမ့်မယ်။ တကယ်လို့ အရုပ်တစ်ခုခုကို သူတို့က အတင်းလိုချင်နေပြီဆိုရင် အကြောင်းရင်းကို မေးသင့်ပါတယ်။ သင်က ကလေးကို နားလည်နိုင်မှသာ သူတို့ကပိုပြီး ပွင့်ပွင့်လင်းလင်း ပြောမှာ ဖြစ်ပါတယ်။

    သင့်ကလေးကို ပြဿနာဖြေရှင်းဖို့ သင်ထားပေးပါ။

    တကယ်လို့ သင့်ကလေးက သူတို့ရဲ့အရုပ်တွေကို မျှဝေလိုစိတ်မရှိဘူးဆိုရင် အရုပ်တွေကို အလှည့်ကျ ကစားစေသင့်ပါတယ်။ မီးဖိုချောင်သုံး အချိန်မှတ်စက်ကို အသုံးပြုပြီး ကလေးတွေကို အလှည့်ကျ ကစားစေသင့်ပါတယ်။ မျှဝေခြင်းနဲ့ ဆုံးရှုံးခြင်းကြားက ကွာခြားချက်ကိုလည်း နားလည်အောင် သင်ပေးသင့်ပါတယ်။

    တကယ်လို့ သင့်ကလေးဟာ အခြားသူငယ်ချင်းတွေနဲ့ အရုပ်တွေကို မျှဝေလိုတယ်ဆိုရင် သူငယ်ချင်းတွေကလည်း နောက်တစ်ကြိမ်မှာ မျှဝေလိုစိတ် ရှိလာပါလိမ့်မယ်။

    ကလေးရဲ့ ပိုင်ဆိုင်မှုတွေကို လေးစားပါ။

    ကလေးတွေမှာ အကြောင်းရင်းရှိခဲ့ရင် သူတို့မလုပ်ချင်တဲ့အရာတွေကို လုပ်ရအောင် ဖိအားမပေးသင့်ပါဘူး။ ဥပမာ အရုပ်ပျောက်သွားမှာစိုးလို့ ကလေးက မျှဝေမပေးလိုတာမျိုး ဖြစ်နိုင်ပါတယ်။

    ဒီလိုအခြေအနေမျိုးရောက်ရင် ကလေးရဲ့ မောင်နှမ၊ သူငယ်ချင်းတွေက သူတို့ရဲ့ ပစ္စည်းတွေကို မငှားခင်မှာ သူတို့ရဲ့ ခွင့်ပြုချက် အရင်ယူသင့်ပါတယ်။ ကလေးဟာ လက်မခံနိုင်ရင် ငြင်းပိုင်ခွင့်ရှိပါတယ်။

    တကယ်လို့ ကလေးက ချေးလိုက်တဲ့အခါမှာလည်း အခြားကလေးငယ်တွေကို ဒီကလေးရဲ့ ပစ္စည်းတွေကို လေးလေးစားစား ကိုင်တွယ်သင့်ပါတယ်။

    ဥပမာကောင်း ဖြစ်ပါစေ။

    အတုယူစေခြင်းဟာ သင့်ကလေးကို ရက်ရောမှုကို သင်ယူစေဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဒါကို သင့်ရဲ့ သကြားလုံးတွေ၊ ရေခဲမုန့်တွေကို မျှဝေခြင်းအားဖြင့် စတင်နိုင်ပါတယ်။

    ဒါကို မလုပ်ခင် မျှဝေတယ် ဆိုတဲ့ စကားလုံးကို သုံးပေးသင့်ပါတယ်။ အစားအသောက်အပြင် အခြားအရာတွေကိုလည်း မျှဝေနိုင်တယ်ဆိုတာကို သူတို့ကို သိစေသင့်ပါတယ်။

    ပိုအရေးကြီးတာကတော့ ယူခြင်း၊ ပေးခြင်း၊ မျှဝေခြင်းတွေ ဘယ်လိုလုပ်ရတယ်ဆိုတာကို ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement