backup og meta

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

    ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။ အအေးမိတာဖျားနာတာ ကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေဆိုတာကကြားနေကျ စကားလေး တစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ဗီတာမင် C ဆိုတာ ဘာလဲ………

    ဗီတာမင် C က ascorbic acid ပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီးအာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးပေါ့။

    ဗီတာမင် C က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ………..

    ဗီတာမင် C က ဘေဘီလေးကို

  • သွေး​ကြောတွေ ကျန်းမာစေတယ်။
  • အရိုးနုတွေ ကျန်းမာစေတယ်။
  • ကြွက်သားတွေ သန်မာစေတယ်။
  • တွယ်ဆက်တစ်ရှူးတွေ၊ အရေပြား တစ်ရှူးတွေကို ကျန်းမစေပြီး အသားအရေ ကောင်းမွန်စေတယ်။ အနာကျက်မြန်စေတယ်။
  • အရေပြား ပြဿနာ ကင်းစေတယ်။
  • အာရုံကြောစနစ်ကို ကျန်းမာစေပြီး ဉာဏ်ကောင်းစေတယ်။
  • အင်အားပြည့်ဝစေတယ်။
  • အရိုးနဲ့သွားတွေ သန်မာစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်။
  • ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ ကိုယ်ခံအားကိုအကောင်းဆုံး အားဖြည့်ပေးပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ ထောက်ကူပေးပါတယ်။

    ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

    ဘေဘီလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပြည့်ဝစွာ ပါဝင်စေဖို့ အလွယ်ကူဆုံး ပြင်ဆင်ပေးလို့ ရမယ့် အစားအစာလေးတွေကတော့

    ကလေးက အချိုကြိုက်တယ်၊ အချိုရည်တွေ သောက်မယ်ဆိုတဲ့အခါ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ဒီတော့ အလွယ်ကူဆုံးလည်း ဖြစ်မယ်။ ဗီတာမင် C လည်း ကြွယ်ဝဖို့ဆိုရင် ကလေးကို လိမ္မော်သီးလေးတွကို အမွှာလိုက်လေးတွေ ခွာထုတ်ထားတဲ့ အသီးဖတ်လေးတွေနဲ့ လိမ္မော်သီး ဖျော်ရည်လေး ဖျော်ပေးတာပါ။ အလုံးလိုက် အစေ့ထုတ်ပြီးလည်း ကျွေးနိုင်ပါတယ်။

  • ပန်းဂေါ်ဖီစိမ်းကင်
  • ပန်းဂေါ်ဖီစိမ်းကို ထောပတ်နဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာလေး သုတ်ပေးပြီး မီးအေးအေးလေးမှာ ကင်ကျွေးတာကလည်း ကလေးကို ဗီတာမင် C ပြည့်ဝစေပြီး ခံတွင်းတွေ့စေမှာပါ။ လွယ်လွယ်ကူကူ ပေါင်းပြီး ဆီလေးစမ်းကျွေးလည်း ရပါတယ်။

    စတော်ဘယ်ရီသီးကို နွားနို့လေးနဲ့ ခေါက်ပြီး ဖျော်ရည်လုပ်တိုက်တာကလည်း လွယ်ကူရိုးစင်းပြီး ကလေးကို ဗီတာမင် C ပြည့်ဝစေမယ့် နည်းလမ်းကောင်းပါ။

    ပြုတ်ထားတဲ့ ကြက်သားလေးတွေကို ခပ်သေးသေးလေး တုံးပြီး ပြုတ်ထားတဲ့ အာလူးလေးကို ကြိတ်ခြေလို့ ရောနယ်ပြီး အရွယ်တော်လေးတွေ ကြော်ပေးတာက ကလေးကို အကြိုက်တွေ့စေမယ့် ဗီတာမင် C ကြွယ်ဝတဲ့ စားစရာတစ်ခုပေါ့။

    ကလေးအများစု စကားသင်စမှာတင် ပြောတတ်တဲ့ apple ပန်းသီးလေးက ရင်သွေးလေးအတွက် ဗီတာမင် C ပြည့်ဝစေမယ့် အစားအစာတစ်မျိုးပါ။ ပန်းသီးလေးကို ရေစင်အောင်ဆေးပြီး အရွယ်တော်လေးတွေ တုံးပေးလို့ ပြင်ဆင်ပေးလို့ ရပါသေးတယ်။

    မေမေ့ ရင်သွေးလေး ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ဆိုရင် အခုပြောခဲ့တာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။ ဒါတွေက ကလေးတွေလည်း အကြိုက်တွေ့မှာဖြစ်ပြီး လုပ်ပေးရတာလည်း လွယ်ကူပါတယ်။

    ဒါ​ကြောင့် ဘေဘီလေးကို ရောဂါမျိုးစုံက ကာကွယ်ပေးဖို့  ဗီတာမင် C ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ အကြံပြု တိုက်တွန်းလိုက်ပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement