home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

ကလေးကို သန်ချပေးဖို့လိုနေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာများ

သန်ကောင်တုပ်ကောင်ဆိုတာ ခန္ဓါကိုယ်ပြင်ပကနေမမြင်ရတဲ့ ကပ်ပါးပိုးတွေပါ။ သန်လုံးကောင်၊ တုပ်ကောင်၊ ချိတ်ပြားသန်ကောင်၊ ကြာပွတ်နဲ့တူတဲ့သန်ကောင် အစရှိသဖြင့်သန်ကောင်တုပ်ကောင်အမျိုးအစားတွေအများကြီးရှိပါတယ်။ ဒီလိုသန်ကောင်တွေရှိနေရင် ကိုယ့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ရင်သွေးလေးတွေကို မှန်မှန်သန်ချပေးဖို့လိုအပ်ပါတယ်။ ဒီမှာတော့ ဘယ်အချိန်တွေမှာဆိုရင် သန်ချဖို့လိုအပ်နေပြီလဲဆိုတာကိုဖော်ပြပေးထားပါတယ်။

ကလေးမှာ သန်ကောင်တွေရှိနေမှန်း ဘယ်လိုသိနိုင်မလဲ

သန်ကောင်တွေရှိနေတယ်ဆိုတာ အများအားဖြင့်တော့ လက္ခဏာမပြတတ်ပါဘူး။ပြခဲ့ရင်လည်း သိပ်မသိသာတာကြောင့် အမှုမဲ့အမှတ်မဲ့နေတတ်ကြပါတယ်။ သန်ချဖို့ဆိုတာ လူကြီးတွေတောင်မေ့လျော့နေတတ်တဲ့အရာဖြစ်နေတော့ ကလေးတွေမှာဆို သတိထားမိကြပါ့မလား။

ကူးစက်ရရှိထားတဲ့ သန်ကောင်ရဲ့အမျိုးအစားနဲ့ အခြေအနေပြင်းထန်မှုတို့အပေါ်မူတည်ပြီး ကလေးမှာသန်ထတဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေရှိနေပြီဆိုရင် သန်ချဆေးတိုက်ဖို့ လိုအပ်နေပြီလို့ သတိရပါ ။

ကလေးမှာ –

  • ဗိုက်အောင့်၊ဗိုက်နာဖြစ်တာ
  • ကိုယ်အလေးချိန်ကျတာ
  • မအီမသာဖြစ်ြပီး ပျို့အန်တာ
  • ဝမ်းအနံ့ပြင်းတာ
  • ကောင်းကောင်းအိပ်မပျော်တာ( စအိုဝယားယံမှုကြောင့်)
  • ချောင်းဆိုးတာ၊ အန်တာ (သန်ကောင်ပါလာတတ်တယ်)
  • သွေးအားနည်းလာတာ၊ အမောမခံနိုင်တာ (ချိတ်သန်ကောင်ကြောင့်ပြင်းထန်တဲ့အခြေအနေမှာဖြစ်တတ်ပါတယ်)
  • အစာစားချင်စိတ်မရှိတာ
  • ဝမ်းလျှောတာ၊ ဝမ်းထဲမှာ သန်ကောင်ပါလာတာ
  • အာဟာရချို့တဲ့တာ
  • ကလေးရဲ့စအိုဝ တဝိုက် ယားယံတာက တုပ်ကောင်ကြောင့်အဖြစ်များပါတယ်။ ညဘက်မှာ တုပ်ထတတ်ပြီး စအိုနားမှာ ဥဥတာကြောင့် ယားယံမှုကိုခံစားရတာဖြစ်ပါတယ်။
  • ဆီးအောင့်တာ၊ ခဏခဏဆီးသွားတာ (သန်ကောင်ကူးစက်မှုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း)
  • ကိုယ်ပူပြီးချောင်းခြောက်ဆိုးတာ (သန်လုံးကောင်ဥတွေနဲ့ ထိတွေ့ကူးစက်ပြီး ၄ ရက်မှ ၁၆ ရက်အတွင်းဖြစ်လာတတ်ပါတယ်)
  • ချောင်းဆိုး၊ တရွှီရွှီသံမြည်နေတာ (ချိတ်သန်ကောင်က အဆုတ်ကိုထိခိုက်စေတဲ့အခါ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်တတ်ပါတယ်)
  • ဖြစ်ခဲတယ်ဆိုပေမယ့် သန်ကောင်အရမ်းများနေရင် အူထဲမှာ ပိတ်ဆို့မှုဖြစ်လာနိုင်ပါတယ်။

ကလေးရဲ့ဖွံ့ဖြိုးမှုမှာ သန်ကောင်ကြောင့် ဘယ်လိုသက်ရောက်မှုတွေဖြစ်လာနိုင်လဲ

ခဏတာဆိုရင်တော့ စိတ်ရှုပ်စရာလက္ခဏာတွေကလွဲပြီး သိပ်မဆိုးပေမယ့် မကုသဘဲ၊ မရှင်းပစ်ဘဲ ကြာလာရင်တော့ သန်ထတဲ့လက္ခဏာတွေပိုဆိုးလာနိုင်ပြီး အူလမ်းကြောင်းသွေးယိုခြင်း၊ အူလမ်းကြောင်း ပိတ်ခြင်းတွေအထိဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ အာဟာရချို့တဲ့ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊သွေးအားနည်းခြင်းတို့လိုနောက်ဆက်တွဲတွေရှိလာနိုင်ပါတယ်။

သန်ရှိနေတဲ့ကလေးတွေမှာ ကိုယ်ခံအားစနစ်က ထိခိုက်ထားတာကြောင့် နာမကျန်းဖြစ်လွယ်ပါတယ်။ သန်ကောင်တွေက ဦးနှောက်ထဲထိ ဝင်ရောက်ပိတ်ဆို့ပြီဆိုရင်တော့ အခြေအနေပြင်းထန်လာနိုင်ပါတယ်။

သန်မချတာ တာရှည်လာရင် ကလေးရဲ့ဖွံ့ဖြိုးမှုကို နှေးကွေးစေနိုင်တဲ့အပြင် အာဟာရမပြည့်ဝမှုေကြာင့် ဦးနှောက်ဉာဏ်ရည်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့်အသက်နှစ်နှစ်ပြည့်ပြီးတဲ့ကလေးတွေကိုခြောက်လတစ်ကြိမ် သန်ချပေးဖို့ မမေ့ပါနဲ့။

သန်ပြားကောင်၊သန်လုံးကောင်၊ချိတ်သန်ကောင် မကျန်သန်ကောင်ဆိုရင်အမြစ်ပြတ်ဖယ်ရှားပေးနိုင်တဲ့ ဖူဂါကာ (Fugacar) ကိုသာ အားကိုးလိုက်ပါ။ Mebendazole 500 mg ပါဝင်တဲ့ ဖူဂါကာ (Fugacar) ဆေးတစ်လုံးကို ဝါးစားလိုက်တာနဲ့ သန်ကောင်၊ တုပ်ကောင်တွေအားလုံး တစ်ပါတည်းရှင်းလင်းနှိမ်နင်းနိုင်မှာပါ။ အသီးနံ့မွှေးမွှေးလေးနဲ့ဆိုတော့ ကလေးအတွက်လည်း အဝင်မဆိုးတော့ဘူးပေါ့။ ဖူဂါကာကို အစာရှိရှိ၊ မရှိရှိ သောက်လို့ရပါတယ်။ သန်ထတဲ့လက္ခဏာပြင်းထန်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှုခံယူပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 14/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။