အနိုင်ကျင့်ခံရတဲ့အခိုက်အတန့်မှာ သင့်ကလေးဟာ ဘယ်လိုပြုမူသင့်သလဲဆိုတာကို သင်ပြောပြ အကြံပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ရာမှာလည်း သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေသုံးနိုင်မှာသာ သင့်ကလေးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ယနေ့ခေတ်မှာ အနိုင်ကျင့်ခံခြင်းနဲ့ အနှောင့်အယှက် ပေးခြင်းကို ကာကွယ်တားဆီးပေးတဲ့ ဥပဒေတွေလည်းရှိနေပါပြီ။ သင်ကိုယ်တိုင်မှန်မှန်ကန်ကန် အသုံးချ နိုင်ဖို့ပဲလိုအပ်တာပါ။
(၁) အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားနိုင်အောင် သင့်ကလေးကို ကူညီပေးပါ။
အနိုင်ကျင့်ခံရတာကို ဘယ်လိုရပ်တန့်နိုင်မလဲဆိုတာ သင့်ကလေးကို အသိပညာပေးပါ။
- အနိုင်ကျင့်ခံရသူတွေကို ကြောက်ရွံ့ပြီး မျက်လုံးလွှဲတာမျိုးကို ရှောင်ခိုင်းပါ။ မျက်လုံးတွေကို သေသေချာချာပြန်ကြည့်ပြီး (eye contact) စိတ်တည်ငြိမ်အောင်ထားခိုင်းပါ။ ပြီးရင် အသံခိုင်ခိုင်မာမာနဲ့ မတုန်ရီစေဘဲ အနိုင်ကျင့်မှုတွေကို ရပ်တန့်ဖို့ပြောခိုင်းပါ။
- ဟာသလို ပုံစံမျိုးနဲ့ ဟားတိုက်ခံနေရင်တော့ ကိုယ်တိုင်ဝင်ပြီး ရယ်မောစေပါ။ ဒါဟာ အနိုင်ကျင့်မှုကို ဂရုမစိုက်ရာကျပါတယ်။ စိတ်မဆိုးသူကို နောက်ထပ်လည်း စနောက်ချင်စိတ်ရှိတော့မှာ မဟုတ်ပါ ဘူး။
- အနိုင်ကျင့်သူတွေကို ပြန်လည်တိုက်ခိုက်တာမျိုးလည်း မလုပ်ခိုင်းပါနဲ့။ ဝေးဝေးကိုရှောင်ခိုင်းပါ။ မတတ်နိုင်ပါက တစ်ယောက်ယောက်ကို အကူအညီတောင်းစေပါ။
- အနိုင်ကျင့်ခံရမှုတွေကို မျိုသိပ်မထားပါစေနဲ့။ မိဘနဲ့ ယုံကြည်ရသူတွေကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းပါ။ သင်ကိုယ်တိုင်ကူညီပေးနိုင်ကြောင်းပြောပါ။
- အနိုင်ကျင့်သူတွေဟာ တစ်ယောက်တည်းရှိနေချိန်မှာ အနိုင်ကျင့်မှုတွေပြုလုပ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်းမနေခိုင်းပါနဲ့။ တစ်ခြားသူတွေရဲ့ အနီးအနားမှာနေခိုင်းပါ။
- ကျောင်းကားလိုမျိုးနဲ့ ကျောင်းသွားတဲ့အခါမှာလည်း ရှေ့ဆုံးနေရာမျိုးမှာ ထိုင်ခိုင်းပါ။ သူငယ်ချင်းတွေရဲ့ ဘေးမှာ ထိုင်ခိုင်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။