backup og meta

အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာ ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုအပ်မလဲ

    ကျန်းမာရေးက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတစ်ခုပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့က အရွယ်သုံးပါးလုံးအတွက် အရေးကြီးပါတယ်။ လူကြီးတွေက ကိုယ်တိုင်ဂရုစိုက်နိုင်ကြပြီး ကလေးကျန်းမာဖို့အတွက်ကိုတော့ မေမေနဲ့ဖေဖေကဂရုစိုက်ပေးရမှာပါ။ ကျန်းမာနေဖို့ဆိုတဲ့နေရာမှာခေါင်းအစခြေအဆုံး အကုန်လုံးပါဝင်ပါတယ်။ ကျန်းမာနေဖို့မှာ အရေးကြီးအခန်းကဏ္ဍက ပါဝင်တာကတော့ အစာခြေစနစ်ပါ။ အစာခြေစနစ်ရဲ့အရေးပါမှုနဲ့ပတ်သက်ပြီး လူတွေ သတိထားမိကြတဲ့အရာက အာဟာရပြည့်ပြည့်ဝဝစားသောက်မယ်၊ ဝမ်းမချုပ်အောင်ဂရုစိုက်မယ် စသဖြင့်ပေါ့။ ဒါပေမယ့် အစာခြေစနစ်အတွက် အရေးပါတဲ့ အရာတစ်ခုကိုတော့မေ့တတ်ကြပါတယ်။ အဲဒါကတော့ သန်ချဖို့ပါ။

    သန်ချဖို့ဆိုတာကို အများအားဖြင့်ကတော့ ကလေးတွေမှာပဲ လိုအပ်တယ်လို့ ထင်တတ်ကြပါတယ်။ ကလေးတွေက သန်ပိုထတတ်ကြတာမှန်ပါတယ်။ ဒါပေမယ့် လူကြီးတွေ သတိထားသင့်တာကနေ့တိုင်းစားသောက်နေတဲ့အစားအသောက်တွေထဲမှာ၊ လမ်းဘေးစာတွေထဲမှာ၊ခြေဗလာနဲ့လမ်းလျှောက်နေတိုင်းမှာ လူကြီးလူငယ်အရွယ်မရွေး သန်ကောင်တွေရဲ့ အန္တရာယ်ရှိနေနိုင်တယ်ဆိုတာပါပဲ။ ဒီလက္ခဏာတွေကို သတိထားကြည့်ပါ။ ဒါတွေရှိရင် သန်ရှိတယ်ဆိုတာကိုပြနေပါတယ်။

    သန်ချဖို့လိုအပ်နေကြောင်း သိနိုင်တဲ့လက္ခဏာတွေက

    • အစားအသောက်တွေပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာဘူး။
    • အစားစားချင်စိတ်မရှိဘူးဖြစ်နေမယ်၊
    • ဝမ်းချုပ်နေမယ်၊
    • ဗိုက်ထဲကနာနေတာမျိုးဖြစ်မယ်၊
    • နေရထိုင်ရအရမ်းပင်ပန်းနေမယ်၊
    • အားမရှိသလိုမျိုးဖြစ်နေမယ်၊ ဆိုရင်တော့ သန်ချဖို့လိုအပ်နေပါပြီ။

    သန်ကောင်တွေဆိုတာက ကပ်ပါးပိုးကောင်တွေဖြစ်ပြီး လူတွေခန္ဓါကိုယ်ထဲကို ဝင်ရောက်သွားတဲ့အခါရောဂါတွေဖြစ်စေပါတယ်။ သန်ကောင်အမျိုးအစားတွေ အများကြီးရှိနေပါတယ်။

    • roundworms ( သန်လုံးကောင်)
    • pinworms (တုပ်ကောင် (သန်ကောင်))
    • hookworms (ချိတ်ပြားသန်ကောင်)
    • whipworms (ကြာပွတ်နှင့်တူသော ဝမ်းပျက်စေသည့်သန်ကောင်)တွေဆိုပြီးရှိကြတာပါ။ သန်ကောင်တွေက တစ်ကောင်တည်းလည်းရှိနေနိုင်သလို အကောင်တွေအများကြီးရှိနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။

    ဒါတွေကြောင့် သန်ထနိုင်ပါတယ်

    ကလေးရော လူကြီးတွေမှာပါ သန်ထတဲ့ပြဿနာဖြစ်နိုင်ပါတယ်။ အခုပြောပြမယ့် အချက်တွေကို မဆင်မခြင်လုပ်မိမယ်ဆိုရင်တော့ သန်ထနိုင်တဲ့ အခြေအနေကတော်တော်လေးများသွားနိုင်ပါတယ်။

  • ရောဂါပိုးရှိနေတဲ့မြေပြင်ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တဲ့အခါမြေပြင်မှာရှိနေတဲ့ ချိတ်ပြားသန်ကောင်လိုမျိုး သန်တွေက အရေပြားကနေတဆင့်ဖောက်ဝင်သွားပြီး သန်ထတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖိနပ်မပါဘဲ လမ်းမလျှောက်ပါနဲ့။ ကလေးကို အိမ်အပြင်ဘက်ထွက်လျှောက်တဲ့အခါမျိုးမှာဖြစ်ဖြစ် ပန်းခြံထဲဆင်းဆော့တဲ့အခါမှာပဲဖြစ်ဖြစ် ဖိနပ်မစီးဘဲ မသွားခိုင်းပါနဲ့။
  • တစ်ခါတလေ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ငါးတွေမှာ သန်ကောင်ရဲ့ ဥတွေတွယ်ညှိနေပြီး စားသုံးလိုက်မှုကနေတဆင့် ခန္ဓါကိုယ်ထဲကိုရောက်ရှိသွားနိုင်ပါတယ်။
  • အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့်လည်း ကလေးငယ်တွေကို သန်ကောင်တွေဝင်ရောက် ကူးစက်နိုင်ပါတယ်။
  • မြေကြီးတွေ၊ လူတွေရဲ့ မစင်တွေနဲ့တိုက်ရိုက်ထိတွေ့မှုကနေတဆင့်လည်း သန်ကောင်တွေကူးစက်နိုင်ပါတယ်။
  • ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတဲ့အခါ လက်ကို သန့်စင်အောင်မဆေးကြောတာကြောင့်လည်း သန်ထတာမျိုးတွေဖြစ်နိုင်ပါတယ်။
  • သန်ထတဲ့အခြေအနေကဆိုးရွားလာတဲ့အခါ

    သန်ထတဲ့အခြေအနေက ဆိုးရွားလာတဲ့အခါ –

    ဘယ်နှစ်လတစ်ခါလောက် သန်ချဖို့လိုမလဲ

    အပေါ်မှာပြောခဲ့တဲ့ပြဿနာတွေကနေ ကင်းဝေးပြီး ကျန်းမာတဲ့မိသားစုဘဝလေးဖြစ်စေဖို့အတွက် သန်ချဖို့လိုအပ်ပါမယ်။ ပုံမှန် ၆ လတစ်ကြိမ် မဖြစ်မနေ သန်ချသင့်ပါတယ်။ ကလေးတွေကိုဆိုရင်တော့ ၂ နှစ်ကျော်အရွယ်ကစလို့ ပုံမှန် ၆ လတစ်ကြိမ် သန်ချပေးပါ။ ဒီအရွယ်မှာ ကလေးက လျှောက်သွားတာ၊ ပါးစပ်ထဲတွေ့ကရာတွေလျှောက်ထည့်တာမျိုးတွေ စလုပ်ပြီဖြစ်တဲ့အတွက် ဒီအရွယ်မှာစပြီး သန်ချတာက အကောင်းဆုံးဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ကလေးရဲ့ ကိုယ်ခံအားစနစ်တွေကို ထိခိုက်မှုမဖြစ်စေဖို့အတွက် ကာကွယ်ပေးရာရောက်ပါတယ်။နောက်ထပ်သတိပြုသင့်တာတစ်ချက်က ကလေးရော လူကြီးတွေပါ အမြဲတမ်း တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ဖို့ပါ။ လက်တွေကို ပုံမှန်ဆေးစေပြီး အပြင်ထွက်တိုင်း ဖိနပ်စီးဖို့သတိပေးပါ။ သန်ချတဲ့အခါမှာ တစ်မိသားစုလုံး သန်ချတာက ပိုစိတ်ချရပါတယ်။ သန်ချဖို့ ကျန်နေတဲ့သူတွေရှိရင် သူတို့ဆီမှာကျန်နေတဲ့သန်တွေကနေ ကျန်တဲ့သူတွေဆီပြန်ပွားလာနိုင်လို့ တစ်မိသားစုလုံးသန်ချတာက စိတ်အချရဆုံးနဲ့ အစွမ်းအထက်ဆုံးပါ။

    အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေး‌ေတွမွေးထားတယ်ဆိုရင် မိသားစုတွေ သန်ချတိုင်း အိမ်မှာမွေးထားတဲ့ အကောင်လေးတွေကိုလည်း သန်ချပေးပါ။ တစ်ခါတလေမှာ သန်ကောင်တွေက အိမ်မွေးတိရစ္ဆာန်တွေဆီကနေတဆင့် လူ့ခန္ဓါကိုယ်ဆီကို ကူးစက်နိုင်တာကြောင့်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement