nasal sprayတွေကအအေးမိဖျားနာတာနဲ့ နှာခေါင်းပိတ်တာတွေကိုသက်သာစေနိုင်သလို ဒီရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားပေးနိုင်တာကြောင့် အအေးမိ၊ တုပ်ကွေးရောဂါကို အမြန်ဆုံးသက်သာစေပြီး အဖျားတာကိုတိုစေနိုင်တာပါ။ ဒါကတော့ အအေးမိတုပ်ကွေးဖျားနာတာတွေကိုမြန်မြန်ဆန်ဆန်သက်သာစေမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဘယ်လိုအသုံးပြုမလဲ
အဖျားသက်သာစေဖို့ nasal spray အသုံးပြုချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်းမသိတဲ့သူတွေအတွက် အသုံးပြုနည်းလေးလည်းတစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။
- နှာခေါင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကိုအရင်ဆုံးရှင်းထုတ်လိုက်ပါ။
- ပုလင်းကိုအရင်လှုပ်ပြီး အဖုံးဖွင့်လိုက်ပါ။ပြီးရင်ဆေးပုလင်းမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုပေးပါ။
- နှာခေါင်းထဲကို ဆေးမဖြန်းခင်မှာ နှာခေါင်းပေါက်တစ်ဖက်ကို လက်မလေးနဲ့ ဖွဖွလေးဖိထားပေးရပါမယ်။
- ပြီးရင်ဆေးဖြန်းလိုက်ပြီး လေကိုရှုသွင်းလိုက်ပါ။
- ပြီးရင်တော့နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကိုခပ်ဖွဖွလေးဖိပေးပြီး အလားတူလုပ်ဆောင်ပေးလိုက်ပါ။
- နှာခေါင်းကလေကိုရှုထုတ်ဆိုတဲ့နေရာမှာလည်း နှာခေါင်းထဲဆေးတွေထွက်လာတဲ့အထိ ခပ်ပြင်းပြင်းညှစ်တာမျိုးမလုပ်ဖို့ သတိရပါ။
အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်း nasal sprayလေးကို နည်းစနစ်မှန်မှန် အသုံးပြုမယ်ဆိုရင် အအေးမိ၊တုပ်ကွေးရောဂါပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး ခဏခဏဖျားတာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။