backup og meta

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော် ။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။

ထမင်း ပန်းကန်ကို တွန်းဖယ် နေတာ မြင်လိုက်တာနဲ့ မရဘူး၊ စားရမယ် ဆိုတာမျိုး ကလေးကို ဖိအားပေးဖူးလား။ နည်းနည်းလေး ထပ်စားပါဦး၊ တစ်ဇွန်းပဲ ထပ်စားနော် ကစားကွင်း လိုက်ပို့မယ် ဆိုတာမျိုးရော မက်လုံးပေးပြီး ဆွဲဆောင်ဖူးလား။ ဒါမှမဟုတ် –

  • ဒီပန်းကန်ကုန်အောင်စားရမယ်၊
  • တော်ချင်ပြီဆိုရင် နှစ်လုတ်တော့ထပ်စားဦး၊
  • စားနော် မစားရင် ဒီမှာတွေ့လား တုတ်။
  • ဒါမကုန်ရင် မကစားရဘူး ဆိုတာမျိုးတွေ။

ကလေးရှိတဲ့ အိမ်တွေမှာ ကြားရတာ များတဲ့ စကားသံတွေ ဆိုပေမယ့် အကျိုးဆက်က အမှန်တကယ်ရော ကလေးတွေ အစား ပိုစားလာပြီး ပိုကျန်းမာသွားသလား။

ကလေးကို အတင်းအကျပ် အစားစားခိုင်းတာ မကောင်းဘူးနော်

ကလေးကို အစားစားစေချင်လို့၊ အားဖြစ်စေချင်လို့ အတင်းအကျပ် ကျွေးတာက ကောင်းဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် တကယ်တမ်းကျ မလုပ်သင့်ပါဘူး။ လေ့လာမှုတွေ အရ ဒီလို နည်းမျိုးစုံနဲ့ တွန်းအားပေး အစားစားခိုင်းတဲ့ မိဘတွေရဲ့ ကလေးတွေဟာ ကြီးပြင်းလာတဲ့အခါ စားသောက်ပုံ မူမမှန်တာတွေ ဖြစ်လာနိုင်ပြီး တခြား ဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။

  • စားသောက်တဲ့ ကိစ္စမှာ ထိန်းချုပ် ဖိအားပေး ခံရတဲ့အခါ ကလေးက ထမင်း စားချိန်တိုင်း စိတ်မကြည် တော့ဘူး၊ ငိုမယ်၊ အတင်းအကျပ် ကျွေးမှ စားတော့တယ်။
  • မိဘနဲ့ ကလေး ကြားမှာ အားပြိုင်တာတွေ ဖြစ်လာနိုင်ပြီး တခြားကိစ္စတွေမှာတောင် ကလေးရဲ့ တုံ့ပြန် လက်ခံနိုင်စွမ်းက မကောင်းတော့ပါဘူး။
  • ကြီးလာတဲ့အခါ ကိုယ့်ဘာသာ စီစဉ်ဆုံးဖြတ်နိုင်စွမ်း နည်းလာမယ်။
  • သူတို့ရဲ့ အစာစားချင်စိတ်ကို နှောင့်ယှက်လိုက်သလို ဖြစ်စေပြီး ကြိုက်နှစ်သက်တဲ့ စားစရာ၊ မကြိုက်နှစ်သက်တဲ့ စားစရာ ခွဲခြားရွေးချယ်မှု သိပ်မရှိတော့ ပါဘူး။
  • အတင်းအကျပ် စားခိုင်းတဲ့အခါ သူ့ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရ ပမာဏကို ကွက်တိ မရနိုင်တော့ပါဘူး။
  • မဆာလည်း စားရ၊ ဗိုက်ပြည့်လည်း ရပ်မရတဲ့ အခါ အစာခြေစနစ်မှာလည်း ပြဿနာ ရှိလာနိုင်ပါတယ်။
  • ဒီလို စားရတဲ့ ထမင်းစားချိန်ကို ပတ်ရှောင်ပြေးဖို့ပဲ စဉ်းစားတော့မှာ ဖြစ်သလို ထမင်းစားချိန်ကို မုန်းလာတာတွေ ဖြစ်လာနိုင်တယ်။
  • ငိုယိုပြီး ထမင်းစားရတယ်၊ မဆာဘဲ စားရတယ် ဆိုတဲ့အခါ ဒေါသစိတ်နဲ့ မဝါးဘဲ မျိုချမိတာ၊ ကြောက်ပြီး အမြန် စားမိတာတွေကြောင့် ဗိုက်အောင့်တာ၊ မအီမသာ ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။
  • ကလေးတွေမှာ အဝလွန်တာတွေ ဖြစ်လာနိုင်တယ်။
  • အစားအစာတွေရဲ့ အာဟာရတန်ဖိုးကို နားလည်အောင် မပြောပြဘဲနဲ့ ကလေးတွေက အစားအစာ မှန်ကန်စွာ ရွေးချယ်လာနိုင်မှာ မဟုတ်ဘူး။
  • နောက်တစ်ချက်က အတင်းအကျပ် အစားစားခိုင်းတဲ့အခါ ကလေးကို အစာနင်စေ၊ သီးစေနိုင်တယ်၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ဖြစ်လာစေနိုင်တယ်။ ထမင်းမစားရင် ရိုက်မယ်လို့ ခြိမ်းခြောက်၊ ရိုက်တဲ့ မိဘတွေမှာ ကလေးက ကြောက်ပြီး အတင်း စားလိုက်တဲ့အခါ တစ်ဆို့ပြီး ရုတ်တရက် အသက် ဆုံးရှုံးသွားတာမျိုး ဖြစ်မယ်ဆိုရင် အမေတွေ ရင်ကျိုးရတာမျိုး ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ကလေးကို အစားစားအောင် နည်းလမ်းရှာပြီး ပြင်ဆင်ပါ၊ ချော့မော့ ကျွေးပါ၊ နားလည်အောင် ရှင်းပြပါ၊ အာဟာရ ဖြစ်မယ့် အစာတွေ ကို ကလေး စားချင်လာအောင် မိတ်ဆက်ပေးပါ။ ကလေးတွေကို အစားအသောက် ကျွေးတဲ့ကိစ္စမှာ ဆုပေးဒဏ်ပေး စနစ်ကို မကျင့်သုံးဖို့ အာဟာရ ပညာရှင်တွေက အကြံပြုထားတာကို မမေ့ပါနဲ့။ ကိုယ့်ကလေးကို မှန်ကန်တဲ့ အာဟာရတွေ ပေးနိုင်ဖို့နဲ့ ကလေးရဲ့ ဘဝ ကောင်းကျိုး၊ ဆိုးကျိုးဟာ ဖေဖေမေမေတို့ လက်ထဲမှာ ပါလို့။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.beingtheparent.com/negative-effects-of-forcing-your-kids-to-eat-1-3-years/

Accessed Dec 17,2018.

https://www.childfeedingguide.co.uk/tips/common-feeding-pitfalls/pressure-eat/

Accessed Dec 17,2018.

http://www.parentingnation.in/Kids-(3—5-Yrs)/the-negative-effects-of-forcing-kids-to-eat_1514

Accessed Dec 17,2018.

ယခုပုံစံ

05/09/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်

ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement