backup og meta

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း

ကူးစက်ရောဂါတွေက လူကြီးတွေမှာရော ကလေးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ကူးစက်ရောဂါ အများစုက ပြင်းထန်ကြသလို ကလေးတွေကို သေဆုံးစေတဲ့ အကြောင်းအရင်းတွေဆိုလည်း မမှားပါဘူး။ ကမ္ဘာတလွှားမှာ အဆုတ်ရောင်၊ ဝမ်းရောဂါ၊ ငှက်ဖျား နဲ့ သွေးဆိပ်သင့်တာလိုမျိုး ရောဂါတွေက အသက် ၁ နှစ် ကနေ ၉ နှစ်အတွင်း ကလေးတွေကို သေဆုံးစေတဲ့ အဓိက အကြောင်းအရင်း တစ်ရပ်ဖြစ်လို့ နေပါတယ်။ ဒါကြောင့် ကလေးတွေကို ကျန်းမာပြီး ရောဂါကင်းစေဖို့အတွက် ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ကျွေးတာ၊ ကာကွယ်ဆေး ထိုးတာ နဲ့ လိုအပ်တဲ့ ကုသမှုတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေတို့ သတိထားနိုင်စေဖို့အတွက် ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။

  • ရေကျောက် 

ပိုးပါတဲ့ အမှုန်အမွှားတွေကို ရှူမိရာကနေ  ကူးစက်နိုင်သလို ရေကျောက် ဖြစ်တဲ့  အရည်ကြည်ဖုလေးတွေကနေ ထွက်တဲ့ အရည်တွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေထဲက တစ်ခုပေါ့။

ရောဂါအစပျိုးချိန်က ၂ ပတ် ကနေ ၃ ပတ်အထိ ကြာပါတယ်။ လက္ခဏာအနေနဲ့ အဖျားတက်တာနဲ့အတူ အ​ရေပြားမှာ အနီရောင် အဖုအပိမ့်တွေ ထွက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အနီရောင် အဖုအပိမ့်တွေက ရင်ဘတ်၊ နောက်ကျော၊ လက်မောင်းအောက်ဖက်၊ လည်ပင်းနဲ့ မျက်နှာတွေမှာ ဖြစ်နိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေ ဖြစ်လာပြီး ၅ ရက် ကနေ ၆ ရက် အကြာမှာ အမာရွတ်လေးတွေ ဖြစ်လာပါမယ်။

ရေကျောက်မဖြစ်အောင် ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။

  • အအေးမိ

အအေးမိဖျားနာတာကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ အအေးမိဖျားနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အနီးကပ်ထိတွေ့နေတဲ့သူတွေဆီကနေ ကူးစက်ပါတယ်။ ကလေးတွေမှာ အအေးမိတာက တစ်နှစ်ကို ၅-၆ကြိမ်လောက် ဖြစ်တတ်ပါတယ်။ အအေးမိတာကို ကာကွယ်ဖို့ ခက်ပေမယ့် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးတာက ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။

အအေးမိတဲ့အခါ ကိုယ်ပူတာ၊ အဖျားတက်တာ၊ ကိုယ်လက်တွေ ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။

ကလေးမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါများ အကြောင်း

  • တုပ်ကွေး 

တုပ်ကွေးက အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တဲ့ ဖျားနာမှုတစ်ရပ်ပါ။ ရောဂါပိုး ရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အိမ်တွင်း ကုထုံးတွေ ဖြစ်ကြတဲ့ အနားယူတာ၊ အရည်များများ သောက်တာ၊ ဆေးသောက်တာတွေ လုပ်ဆောင်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

တုပ်ကွေးကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းက နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးနှံတာပါ။ တုပ်ကွေးကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်အောင် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ထောက်ကူပေးပါတယ်။

  • မျက်စိနာတာ

မျက်စိနာတာကလည်း ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ် ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲကို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာကြောင့် ဖြစ်ရတာပါ။ သက်သာစေဖို့ဆိုရင် ပိုးသတ်လိမ်းဆေး ဒါမှမဟုတ် မျက်စဉ်းဆေး အသုံးပြုပေးလို့ ရပါတယ်။

မျက်စိနာပြီဆိုရင် မျက်ဖြူသား နီမြန်းမယ်၊ မျက်ဝတ်တွေ ထွက်မယ်၊ မျက်လုံး ယားမယ်၊ မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ရောင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အထက်လန်အောက်လျှော

အထက်လန် အောက်လျှောဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ ဗိုင်းရပ်စ်​ကြောင့် ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်ပါတယ်။ လက္ခဏာတွေက ရက်အနည်းငယ် အတွင်းမှာ သက်သာသွားတတ်ပြီး မြန်မြန်သက်သာစေဖို့ဆိုရင် ကောင်းကောင်း အနားယူဖို့ လိုမှာဖြစ်သလို အော့အန်တာနဲ့ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် အရည်များများ သောက်ဖို့ လိုပါမယ်။

  • ခြေ၊ လက်၊ ပါးစပ် ရောဂါ

ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) က တော်တော်လေး ကူးစက်မြန်ပေမယ့် အရမ်းတော့ မပြင်းထန်ပါဘူး။ မွေးကင်းစ ကလေးတွေနဲ့ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ အသက် ၅ နှစ် အထက် နဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) ကူးစက်ခံရတဲ့အခါ အရေပြားမှာ အနီရောင် အပိမ့်တွေထွက်တာ၊ အဖျားတက်တာ၊ ပါးစပ်မှာ အနာပေါက်တာ၊ တုပ်ကွေးလို လက္ခဏာတွေ ခံစားရတာမျိုး ရှိနိုင်ပါတယ်။

  • အသည်းရောင် အသားဝါ A

ရောဂါပိုးရှိသူရဲ့ အညစ်အကြေးတွေ၊ မသန့်ရှင်းတဲ့ ရေတွေနဲ့ အစားအစာတွေကနေတဆင့် ကူးစက်နေပါတယ်။ ရောဂါ အစပျိုးချိန်က ၂ ပတ်လောက် ကြာနိုင်ပါတယ်။ တစ်ခါတလေမှာ ကူးစက်ခံထားရမှန်း မသိတာမျိုးတောင် ရှိနိုင်ပါတယ်။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တာ၊ အစားအစာနဲ့ ရေသန့်ရှင်းရေးကို ဂရုစိုက်တာ၊ ကာကွယ်ဆေးထိုးတာမျိုးတွေ လုပ်ဆောင်ပြီး ကာကွယ်ပေးလို့ ရပါတယ်။

  • အသည်းရောင် အသားဝါ B

ကလေးတွေမှာတော့ မွေးစအချိန်မှာ မိခင်ဆီကနေတဆင့် ကူးစက်တာများပါတယ်။ အတူနေမိသားစုဝင်မှာ ရောဂါပိုးရှိမယ်ဆိုရင်လည်း သွေးကနတဆင့် မတော်တဆ ကူးစက်တတ်ပါတယ်။ ရောဂါ အစပျိုးချိန်က ၂ လကနေ ၃ လလောက်အထိ ကြာနိုင်ပါတယ်။

အသည်းရောင် အသားဝါ B မဖြစ်အောင် ကာကွယ်ဆေးထိုးပြီး ကာကွယ်ပေးလို့ ရပါတယ်။ အထူးသဖြင့် မိခင်မှာ ရောဂါပိုးရှိနေရင် မွေးလာတဲ့ကလေးကို မကူးစက်အောင် မွေးပြီးပြီးချင်းမှာ ကာကွယ်ဆေးရော၊ Immunoglobulinရော ထိုးထားပေးသင့်ပါတယ်။

  • ကြက်ညှာချောင်းဆိုး

ကလေးတွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါ တစ်မျိုးပါ။ မွေးကင်းစကလေးတွေနဲ့ ဘေဘီလေးတွေမှာ အဖြစ်များပါတယ်။ ကြက်ညှာချောင်းဆိုးရောဂါက နှာခေါင်းနဲ့ လည်ချောင်းကနေတဆင့် ဝင်ရောက်ကူးစက်တဲ့ ကူးစက်မြန် အသက်ရှူလမ်းကြောင်းရောဂါ တစ်မျိုးပါ။ ကူးစက်ခံရပြီး ၁၀ ရက်လောက်အကြာမှာ ရောဂါလက္ခဏာ ပေါ်ပါတယ်။

တခွက်ခွက်နဲ့ အဆင်မပြတ်ဆိုးနေတတ်ပြီး မျက်လုံးတွေပါ ရဲနေတတ်ပါတယ်။ ချောင်းဆိုးရလွန်းလို့ ကလေးက အသက်ရှူမဝတာ၊ အန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ရက်၁၀၀ချောင်းလို့လည်း ခေါ်ပါတယ်။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေးဆိုပြီး ၃မျိုးစပ်ကာကွယ်ဆေးအနေနဲ့ ကလေးတွေမှာ ထိုးပေးပြီး ကာကွယ်ပေးနိုင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Communicable diseases among children https://www.who.int/teams/maternal-newborn-child-adolescent-health-and-ageing/child-health/communicable-diseases-among-children Accessed Date 29 September 2022

Infectious Diseases https://www.choa.org/medical-services/infectious-diseases Accessed Date 29 September 2022

Childhood Infectious Diseases: Overview https://www.ncbi.nlm.nih.gov/pmc/articles/PMC7148616/ Accessed Date 29 September 2022

Common Childhood Communicable Diseases https://www.porcupinehu.on.ca/en/audiences/educators/cdim/cccd/ Accessed Date 29 September 2022

Infectious Disease (Pediatric) https://www.mottchildren.org/conditions-treatments/ped-infectious-diseases Accessed Date 29 September 2022

ယခုပုံစံ

04/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မတ်တတ်ပြေး နဲ့ မူကြိုအရွယ်ကလေး အာဟာရ

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement