backup og meta

ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖေမေမေတို့ သိချင်နေမယ့် ဘေဘီလေးအတွက် တုပ်ကွေးကာကွယ်ဆေး
    ရာသီဥတု နည်းနည်းလေးအေးတာနဲ့အတူ အမြဲလိုလို ကပ်ပါလာပြီး ကြားနေကျ ဖြစ်တဲ့ စကား တစ်ခွန်းရှိတယ်။ ဒါကတော့ တုပ်ကွေး ဆိုတာပါ။ ရာသီဥတု အေးလာပြီဆိုရင် ဖျားနာမှုတွေ များလာပြီး တုပ်ကွေးဖြစ်တယ်ဆိုတဲ့ စကားတွေက ကြားနေရပါပြီ။ တုပ်ကွေးက အရွယ်ရောက်ပြီးသူတွေမှာတောင် ခံစားရခက်တယ်ဆိုရင် ကိုယ်ခံအား နည်းပြီး နုနယ်သေးတဲ့ဘေဘီလေးတွေမှာ ဘယ်လောက်များခံစားရခက်လိုက်မလဲနော်။ ဒီတော့ ဘေဘီလေးတွေကို တုပ်ကွေးမဖြစ်အောင် ကာကွယ်ချင်လို့ မေမေဖေဖေတို့က တုပ်ကွေးကာကွယ်ဆေးထိုးဖို့ စဉ်းစားကြပြီလေ။ ဒီလိုစဉ်းစားလိုက်တဲ့အခါ သိချင်တဲ့ အကြောင်းအရာတွေက တစ်ခုမကရှိနေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို တုပ်ကွေး ကာကွယ်ဆေးထိုးပေးဖို့ စဉ်းစားနေတဲ့ မေမေဖေဖေတို့ သိချင်လောက်မယ့် အကြောင်းအရာတွေကို ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား။

    ဘေဘီလေး တုပ်ကွေး ဖြစ်နေပြီလား……..

    တုပ်ကွေး အမျိုးအစားတွေက အများကြီး ရှိနိုင်ပြီး တစ်နှစ်နဲ့တစ်နှစ် ဖြစ်ပွားတဲ့ တုပ်ကွေးမျိုးစိတ်ချင်းလည်း မတူနိုင်ပါဘူး။ တုပ်ကွေး အမျိုးအစားက ကွာခြားပေမယ့် ကလေးတွေမှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ များသောအားဖြင့် တူတတ်ကြပါတယ်။

  • နှာခေါင်းပိတ်ခြင်း
  • လည်ချောင်းနာခြင်း
  • ချောင်းဆိုးခြင်း
  • အဖျားက ၁၀၃ ဒီဂရီဖာရင်ဟိုက် နဲ့ ၁၀၅ ဒီဂရီဖာရင်ဟိုက်လောက်အထိမြင့်တက်နေခြင်း
  • ချမ်းတုန်နေခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကြွက်သားတွေညောင်းကိုက်နာကျင်မယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။
  • တုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

    ဖေဖေမေမေတို့ အနေနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ခေါင်းထဲမှာ ပေါ်လာမယ့် အချက်တွေ အများကြီး ရှိနိုင်ပါတယ်။ တစ်ချက်ချင်းစီ စဉ်းစားအဖြေထုတ်ကြည့်ရအောင်လား။

    • တုပ်ကွေးကာကွယ်ဆေးက ဘယ်အရွယ်မှာစထိုးလို့ရလဲ…..

    ဘေဘီလေး ၆ လပြည့်ပြီဆိုတာနဲ့ စထိုးလို့ရပါပြီ။ ၆ လအောက် ဘေဘီလေးတွေကတော့ ကာကွယ်ဆေး ထိုးလို့မရသေးပါဘူး။ ပထမဆုံးအကြိမ် တုပ်ကွေးကာကွယ်ဆေး စထိုးတဲ့အခါ ဆေးတစ်လုံး ထိုးပြီး အနည်းဆုံး ၄ ပတ်ခြားပြီးမှ ဒုတိယ တစ်လုံးကို ထိုးရပါမယ်။

    • ဘယ်သူတွေမှာ ကူးစက်နိုင်ခြေ အများဆုံးလဲ…….

    ကိုယ်ခံအားစနစ် ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ၅ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်ခံရနိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။

    • တစ်ခါထိုးထားပြီးရင် လုံလောက်ပြီလား…..

    တုပ်ကွေးရောဂါပိုးတွေက တစ်နှစ်နဲ့ တစ်နှစ် မတူတာကြောင့် ကာကွယ်ဆေးကို တစ်နှစ်ပြည့်တိုင်း နောက်တစ်ခါ ပြန်ထိုးပေးဖို့ လိုပါမယ်။

    • တုပ်ကွေးကာကွယ်ဆေးထိုးထိုးပြီးချင်း အာနိသင်ပြလား….

    ထိုးပြီးတာနဲ့ ချက်ချင်း တုပ်ကွေးကို မကာကွယ်ပေးနိုင်သေးပါဘူး။ ကာကွယ်ဆေး ထိုးပြီး ၂ ပတ်ကြာမှစလို့ အာနိသင်ပြမှာပါ။

    • သွေးလွန်တုပ်ကွေးကိုရော ကာကွယ်နိုင်လား…….

    တုပ်ကွေးကာကွယ်ဆေးက ရာသီတုပ်ကွေး ရောဂါပိုးကိုပဲ ကာကွယ်နိုင်တာပါ။ သွေးလွန်တုပ်ကွေးကို မကာကွယ်ပေးနိုင်ပါဘူး။

    • တုပ်ကွေးကာကွယ်ဆေးထိုးပြီးရင် ဖျားနိုင်လား….

    တုပ်ကွေးကာကွယ်ဆေး ထိုးပြီးရင် ကလေးက ကိုယ်ပူတာ၊ မအီမသာဖြစ်တာ၊ ဆေးထိုးထားတဲ့ နေရာက နီနေတာ၊အောင့်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    တုပ်ကွေးကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်တာလဲ…..

    တုပ်ကွေးကာကွယ်ဆေးက ဘေဘီလေးကို တုပ်ကွေးရောဂါကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မယ့် နည်းလမ်းပါ။ တုပ်ကွေးကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ထိုးဆေးဖြစ်ပြီး တစ်မျိုးက နှာခေါင်းဖြန်းဆေးပါ။ ဒါပေမယ့် ထိုးဆေးပဲ အသုံးများပါတယ်။ ၆ လအထက် ကလေးတွေအတွက် အထိရောက်ဆုံး တုပ်ကွေးကာကွယ်ဆေးက ထိုးဆေးပါ၊လို့ အမေရိကန် ကလေးကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့က ထောက်ခံထားပါတယ်။

    တုပ်ကွေးကာကွယ်ဆေး ထိုးဆေးက တုပ်ကွေးဗိုင်းရပ်စ်အသေတွေကနေ ထုတ်ထားတဲ့ဆေးပါ။ ကာကွယ်ဆေး ထိုးလိုက်တဲ့အခါ ကလေးရဲ့ ကိုယ်ခံအားနဲ့တွေ့သွားပြီး တုပ်ကွေးဗိုင်းရပ်စ်တွေကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ တကယ်လို့ တုပ်ကွေး ကူးစက်ခံရတာအခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက အဆိုပါ တုပ်ကွေးကို ခုခံတိုက်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။ သဘောကတော့ ဖြစ်လာမယ့် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပေါ့။

    ကာကွယ်ဆေး မဖြစ်မနေထိုးထားသင့်တဲ့ကလေးတွေက ဘယ်သူတွေလဲ……

    ၆ လအထက် ကလေးတွေတိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ဒီထဲမှာမှ အခုလိုမျိုး ဘေဘီလေးတွေက တုပ်ကွေးကာကွယ်ဆေးကို မဖြစ်မနေထိုးထားသင့်ပါတယ်။

    • ၆ လ ကနေ ၅ နှစ်အတွင်းအရွယ်ကလေးငယ်တွေ
    • အဆုတ်ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ
    • နှလုံးကျန်းမာရေးအားနည်းတဲ့ ကလေးတွေ
    • ကိုယ်ခံအားနည်းတဲ့ကလေးတွေ
    • ကင်ဆာရောဂါခံစားနေရတဲ့ကလေးတွေ
    • HIV ပိုးကူးစက်ခံထားရတဲ့ ကလေးတွေ
    • မွေးရာပါဆီးချိုရောဂါရှိနေတဲ့ ကလေးတွေ
    • ကျောက်ကပ်ကျန်းမာရေးမကောင်းတဲ့ ဘေဘီလေးတွေ
    • လမစေ့ဘဲ မွေးထားတဲ့ ကလေးတွေ
    • ပေါင်မပြည့်ဘဲ မွေးထားတဲ့ ကလေးတွေ
    • အဝလွန်နေတဲ့ ကလေးတွေ
    • သွေးအားနည်းရောဂါရှိတဲ့ ကလေးတွေ မဖြစ်မနေတုပ်ကွေးကာကွယ်ဆေးထိုးထားသင့်ပါတယ်။

    တုပ်ကွေးကာကွယ်နိုင်မယ့် ရိုးစင်းတဲ့နည်းလမ်းတွေ

  • တစ်နှစ်တစ်ကြိမ် တုပ်ကွေးကာကွယ်ဆေးထိုးပါ
  • လက်တွေကိုသေချာသန့်စင်ဆေးကြောပါ
  • ချောင်းဆိုးနှာချေရင် နှာခေါင်းနဲ့ ပါးစပ်ကို အုပ်ထားပါ
  • အသုံးပြုပြီးသား တစ်သျှူးတွေကို ချက်ချင်းစွန့်ပစ်ပါ
  • ပြည့်ဝစွာအနားယူပါ
  • အာဟာရပြည့်ဝအောင်စားပါ
  • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပေးပါ
  • လူစုလူဝေးကိုရှောင်ပါ။
  • တုပ်ကွေးကာကွယ်ဆေး

    တုပ်ကွေးကာကွယ်ဆေးက ဘေဘီလေးကို တုပ်ကွေးရောဂါကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မယ့် နည်းလမ်းပါ။ တုပ်ကွေးကာကွယ်ဆေး နှစ်မျိုးရှိပါတယ်။ တစ်မျိုးက ထိုးဆေးဖြစ်ပြီး တစ်မျိုးက နှာခေါင်းဖြန်းဆေးပါ။ ဒါပေမယ့် ထိုးဆေးပဲ အသုံးများပါတယ်။ ၆ လအထက်ကလေးတွေအတွက် အထိရောက်ဆုံး တုပ်ကွေးကာကွယ်ဆေးက ထိုးဆေးပါ၊လို့ အမေရိကန်ကလေးကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့ကထောက်ခံထားပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement