ကလေးမွေးစားတယ်ဆိုတာ မိဘတွေအတွက်ရော ကလေးအတွက်ပါ လွယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့လည်း မမွေးစားခင် ကိုယ့်ဘက်က အခြေအနေကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမယ်။ ကလေးအနေနဲ့လည်း ကိုယ်ရောက်သွားမယ့် အိမ်က လူတွေဟာ ဘယ်လိုစိတ်ဓါတ်အခြေအနေ ရှိမလဲဆိုတာ စိုးရိမ်နေမိမှာပါ။ မွေးစားပြီးတဲ့အခါမှာလည်း အတူနေရင်း ကြုံလာရမယ့် အိမ်တွင်းရေးပြဿနာတွေအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။