home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

ဘေဘီလေးတွေမှာဖြစ်တဲ့ သွားရည်ကျတာက ဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ

သားသားက သွားရည်တွေပဲကျနေတာ။ သူငယ်နာမစင်တာလားဆိုတဲ့ အတွေးတွေရှိနေတဲ့မေမေဖေဖေတို့ရေ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။ ကလေးက သွားရည်ကျတယ်ဆိုတာက ကြီးထွားဖွံ့ဖြိုးမှုရဲ့ အဆင့်တစ်ခုပါ။

ဘေဘီလေးနဲ့ သွားရည်ကျခြင်း

ကလေးက သွားရည်ကျတယ်၊ ဘူးမှုတ်တယ်ဆိုတာက ခံတွင်းကြွက်သားတွေဖွံ့ဖြိုးတာဖြစ်သလို ကလေးတစ်ယောက်မှာရှိသင့်တဲ့ ကြီးထွားဖွ့ဖြိုးမှု အဆင့်တစ်ခုပါ။ ဒီလိုသွားရည်ကျတာက ကလေးအသက် ၃ လကနေ ၆လအတွင်းမှာဖြစ်တတ်ပါတယ်။ တစ်ခါတလေဘေဘီလေးတွေ သွားရည်ထွက်ရတာက သွားပေါက်ချင်နေတဲ့ လက္ခဏာတစ်ခုဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် ကလေးက သွားရည်ထွက်တိုင်း သူငယ်နာမစင်တာမျိုးလို့ မတွေးစေချင်ပါဘူး။ စားဖို့ဝါးဖို့ပြင်ဆင်မှုတစ်ရပ်ဖြစ်တာကြောင့် သားသားမီးမီးတို့ကို အစားအစာတွေမိတ်ဆက်ခွင့်ရတော့မယ်ဆိုပြီး ဝမ်းတောင်ဝမ်းသာသင့်ပါတယ်။

၁ လ ကနေ ၃ လအတွင်း

သွားရည်အမြဲကျနေတာမျိုးမရှိပါဘူး။ အကြောင်းကတော့ ကလေးက ပက်လက်အနေအထားပဲ အမြဲနေနေရတာကြောင့်ပါ။ ၃ လနောက်ပိုင်းမှ ကလေးက ထိုင်တဲ့အခါ မတ်မတ်လေးနေတဲ့ အခါမျိုးမှာ သွားရည်ကျတာမျိုးဖြစ်လာနိုင်ပါတယ်။

၆ လအရွယ်

သွားရည်ကျတာကို နည်းနည်းထိန်းထားနိုင်တဲ့အရွယ်ရောက်လာပြီဆိုပေမယ့် တစ်ခုခုကိုလိုချင်တဲ့အခါ၊ စိတ်ဝင်စားနေတဲ့အခါ၊ အရုပ်တွေကို အာရုံဝင်စားစွာဆော့တဲ့အခါမျိုးမှာ သွားရည်ကျနိုင်ပါတယ်။ သွားထွက်ချင်တာကြောင့်လည်း ဒီအရွယ်မှာ ကလေးက ပုံမှန်ထက်သွားရည်ပိုကျနိုင်ပါတယ်။

၉ လအရွယ်
ကလေးကလေးဖက်စသွားပြီ။ သွားရည်ကျတာကလျော့သွားနိုင်ပေမယ့် ဆက်ကျနေနိုင်ပါသေးတယ်။ အကြောင်းကတော့ သွားထွက်နေချိန်မို့ သွားရည်ထွက်နေတာပါ။
၁၅ လအရွယ်
ကလေးက လမ်းလျှောက်တတ်ပြီ။ပြေးလွှားဆော့တတ်ပြီ ဒါပေမယ့် သွားရည်ကျတာကတော့ မပျောက်သွားသေးပါဘူး။ ကြွက်သားတွေက စတင်ဖွံ့ဖြိုးလှုပ်ရှားပြီ။ တစ်ခုခုကို အာရုံစိုက်ချိန်မှာ သွားရည်က ကျနိုင်ပါသေးတယ်။ သွားထွက်နေချိန်တွေမှာလည်း သွားဖုံးယားတာကြောင့် သွားရည်ကျနိုင်ပါတယ်။

၁၈ လအရွယ်

အရင်ကလိုမျိုး သွားရည်ကျတာမျိုးမရှိတာ့ပါဘူး။ လုပ်နေကျအလုပ်တွေကို လုပ်နေချိန်မှာ ပုံမှန်အတိုင်းလုပ်နိုင်ပါပြီ။ သွားရည်မကျတော့ပါဘူး။ အစားစားချိန်မှပဲ တစ်ခါတလေ သွားရည်ကျတာမျိုးဖြစ်နိုင်ပါတယ်။

၂၄ လအရွယ်

ဒီအချိန်မှာတော့ သွားရည်ကျတာက မရှိသလောက်ဖြစ်သွားပါပြီ။ဖြစ်တောင့်ဖြစ်ခဲကိစ္စတစ်ခုဖြစ်သွားပါပြီ။

သွားရည်ရဲ့အခန်းကဏ္ဍ

  • အစား စားတဲ့အခါ အစာအစာတွေပျော့ပျောင်းစေဖို့ စိုစွတ်စေဖို့လုပ်ပေးပါတယ်။
  • ခံတွင်းခြောက်အောင်လုပ်ဆောင်ပေးပါတယ်။
  • အစားအစာတွေမျိုချရလွယ်စေဖို့လုပ်ဆောင်ပေးပါတယ်။
  • ကလေးရဲ့ သွားတွေကို ကာကွယ်ပေးပါတယ်။
  • အစာအိမ် အက်ဆစ်ပမာဏကို ညီမျှစေတယ်။

ဒီအချက်တွေကြောင့်ဘေဘီလေးက သွားရည်ထွက်ရတာပါ

ဘေဘီလေးတွေ သွားရည်ကျရတဲ့ အချက်တွေက တစ်ချက်မကရှိနိုင်ပါတယ်။

  • နို့နံ့၊ အစားအသောက်နံ့တွေရတာကြောင့်
  • သွားပေါက်ချင်တာကြောင့်
  • ခံတွင်းကြွက်သားတွေ ဖွံ့ဖြိုးလာတာကြောင့်
  • တစ်ခုခုကို အာရုံစိုက်ထားတာကြောင့် သွားရည်ထွက်ရတာပါ။

ဂရုပြုရမယ့်အခြေအနေတွေက

သွားရည်ထွက်တာကဘေဘီလေးမှာ ကြီးထွားဖွံ့ဖြိုးမှုလက္ခဏာတစ်ခုဆိုပေမယ့် တစ်ခါတလေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်းဖြစ်နေနိုင်ပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်သွားပါ

  • ကလေးက ရုတ်တရက်သွားရည်ကျလာမယ်။
  • စကားမပြောနိုင်တော့ဘူး၊ အသံမထွက်တော့ဘူး။
  • ပါးစပ်ထဲမှာပြင်ပအရာဝတ္ထုတစ်ခုခုဝင်နေမယ်။
  • အသက်ရှုကြပ်နေတာမျိုးဆိုရင်တော့ ကုသမှုအမြန်ဆုံး ခံယူဖို့လိုအပ်ပါမယ်။

ကလေးက သွားရည်ကျတာက သူငယ်နာကြောင့်မဟုတ်ပါဘူးနော်။ နို့စို့ရာကနေ အစားအစာတွေကို ဝါးစားနိုင်စေဖို့ ပါးစပ်ကြွက်သားတွေ ဖွံ့ဖြိုးလာမှုရဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့်မေမေတို့အနေနဲ့ ကလေးသွားရည်ထွက်တာကို အရမ်းမစိုးရိမ်ဖို့ပြောပါရစေ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။