backup og meta

ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ

ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ

ကလေး ကြို့ထိုးနေပြီ။ ဘာလုပ်ရ မလဲ၊ နို့တိုက်လိုက်လေ ဆိုတာက အမြဲလိုလို ကြားနေရတယ်နော်။ နောက်တစ်ခု ရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာ ထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေး နဖူးမှာ ကပ်လို့ ကြို့ခမဲ ပေးလိုက်တာလေ။ ဒါက တကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ ဘာလုပ်လို့ လုပ်ပေးရမှန်း မသိဘူးဆိုတဲ့ မေမေတို့ အတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေး ပါရစေနော်။

ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ

ဒီအချက်တွေကြောင့် ဘေဘီလေး ကြို့ထိုးနိုင် ပါတယ်။

  • အစားစားရင်း ဒါမှမဟုတ် နို့သောက်ရင်း လေတွေ မျိုချမိတာ
  • တစ်ခုခုကို လန့်သွားတဲ့ အခါမျိုး
  • စိတ်ဖိစီးတဲ့ အခါမျိုး
  • အစားတွေ အများကြီး စားမိတဲ့ အခါမျိုး
  • အစား စားတာကို မြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရ သောက်တာ
  • လေတွေ အများကြီး မျိုချမိတာတွေကြောင့် ဘေဘီလေးက ကြို့ထိုးရတာ ပါနော်။

ဘေဘီလေးတွေ ကြို့ထိုးတဲ့အခါ ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

ကလေးလေးတွေ ကြို့ထားရတယ် ဆိုတာက ရင်ဝမ်းခြားမြှေး ကျုံ့သွားပြီး အသံကြိုးတွေကို မြန်မြန်ဆန်ဆန် ပိတ်လိုက်တာကြောင့် ထွက်လာတဲ့ အသံပါ။ လူကြီးတွေ ထင်ထားတာက ကြို့ထိုးရင် ခံရခက်တာကြောင့် ဘေဘီလေးတွေဆိုလည်း ခံရခက် မယ်ပေါ့။ တကယ်တော့ ကလေး အများစုက ကြို့ထိုးတာကြောင့် အနှောင့်အယှက် တစ်စုံတရာ မရှိပါဘူး။ အအိပ်မပျက်သလို အသက်ူတဲ့ အပေါ်မှာ ထိခိုက်မှုတစ်စုံတရာတောင် မရှိပါဘူးနော်။
ဘေဘီလေး ကြို့ထိုးနေပြီဆိုရင် သက်သာစေဖို့ ဒီလိုလေးတွေလုပ်ပေးလို့ရပါတယ်နော်။
ကျောလေးကိုဖြည်းဖြည်းချင်းပုတ်ပေးပါ
ကလေးကို နို့တိုက်ပြီးရင်ပဲဖြစ်ဖြစ်၊ အစား တစ်ခုခု ကျွေးပြီးရင် ဖြစ်ဖြစ် ခဏလောက် နေပြီး ကျောလေးကို ခပ်ဖြည်းဖြည်းလေး ပုတ်ပေးပါ။ လေထုတ်ပေးတာပေါ့။ ဒီလို လုပ်ပေးတာက ကလေးကို လေထွက်သွားစေပြီး ကြို့ထိုးတာကို သက်သာစေနိုင် ပါတယ်နော်။
နို့တိုက်ကလေးကိုလည်း နို့တိုက်ပြီးရင် ရင်ဘတ်ထဲ ပိုက်ရင်း လေထုတ်ပေးလို့ ရပါတယ်နော်။ ကျောကို ပုတ်တဲ့အခါ ခပ်ဖွဖွ ခပ်ဖြည်းဖြည်းလေးဖြစ်ဖို့ သတိထားပါ။ အားမသုံးမိ ပါစေနဲ့။
ချိုလိမ်ပေးစို့လိုက်ပါ
တစ်ခါတလေမှာ ကလေး ကြို့ထိုးတာက အစားအစာ တစ်ခုခု စားတာကြောင့် မဟုတ်ဘဲ သူ့အလိုလိုနေရင်းကဖြစ်လာတာမျိုးလည်းရှိပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကလေးကို ချိုလိမ်လေးပေးစို့လိုက်ပါ။ ဒီလိုလုပ်ပေးတာက ရင်ဝမ်းခြားမြှေးကို သက်သောင့်သက်သာဖြစ်စေနိုင်ပါတယ်။

ဒီအတိုင်းထားလိုက်ပါ

တစ်ခါတလေမှာ ကလေး ကြို့ထိုးတာက သူ့အလိုလို နေရင်း ပျောက်သွားတတ်ပါတယ်နော်။ ကြို့ထိုးတာကြောင့် ကလေးက စိတ်အနှောက်အယှက် ဖြစ်တာမျိုး မရှိဘူးဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ အချိန် နည်းနည်းကြာရင် သူ့အလိုလို သက်သာသွားပါလိမ့်မယ်။

ကြို့ထိုးတာက ကာကွယ်လို့ရပါတယ်

ကလေးကို ကြို့ထိုးတာကြောင့် နေရထိုင်ရ ခက်တာမျိုး မဖြစ်ချင်ဘူးဆိုရင်တော့ ကာကွယ်ပေးလို့ ရပါတယ်နော်။ ကလေးကို ကြို့မထိုးအောင် ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။

  • ကလေးကို ဗိုက်အရမ်းဆာမှာ နို့တိုက်တာ၊ အစားကျွေးတာမျိုးမလုပ်ပါနဲ့။
  • ကလေးကို ထမင်းစားနေချိန်၊ နို့တိုက်နေချိန်မှာ သက်သောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ။
  • ကလေးကို ငိုနေတုန်း နို့တိုက်တာမျိုးမလုပ်ပါနဲ့။
  • ကလေးကို အစားတစ်ခုခုကျွေးပြီးတိုင်းမှာ ပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုး ပေးမလုပ်ပါနဲ့။
  • အစားစားပြီးတိုင်း ကလေးကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ခပ်မတ်မတ်လေးထိုင်ပေးပါ။
  • ကလေးကို နည်းနည်းချင်းနဲ့ မကြာမကြာကျွေးပေးပါ။
  • ကလေးပါးစပ်ထဲကို လေမဝင်စေဖို့ ဂရုစိုက်ပါ။
  • ကုန်သွားတဲ့ နို့ဗူးကို ပေးစို့ထားတာမျိုး မလုပ်ပါနဲ့။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How Can I Cure My Newborn’s Hiccups?https://www.healthline.com/health/childrens-health/newborn-hiccups Accessed Date 25 March 2019

How can I get rid of my newborn baby’s hiccups?https://www.babycentre.co.uk/x1048439/how-can-i-get-rid-of-my-newborn-babys-hiccups Accessed Date 25 March 2019

How to stop hiccups in newbornshttps://www.medicalnewstoday.com/articles/321932.php Accessed Date 25 March 2019

ယခုပုံစံ

20/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးကို ဘယ်အချိန်မှာ ကြက်ဥကျွေးမလဲ

ဘေဘီလေးတွေမှာ ဖြစ်တတ်တဲ့ ပွေး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/03/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ