ချောင်းဆိုးခြင်း၊ နှာချေခြင်း စတာတွေပြုလုပ်ချိန်မှာ ရောဂါပိုးများဟာ အမှုန်အမွှားများအနေနဲ့ ပျံ့နှံ့သွားတတ်ပါတယ်။ ရောဂါရှိသူရဲ့ ကိုယ်ခန္ဓာထဲက ထွက်လာတဲ့ အမှုန်အမွှားများဟာ အနီးအနားမှရှိနေသူများဆီ ရောက်ရှိသွားပြီး ကူးစက်နိုင်ပါတယ်။ အဆိုပါ အမှုန်အမွှားများဟာ ပေအနည်းငယ်လောက်ထိပဲ လွင့်စင်ပြီးရင် မြေပြင်ပေါ်ကျသွားတတ်တာမို့ နီးကပ်နေသူများကိုသာ ကူးစက်တတ်ပါတယ်။
တဆင့်ခံကူးစက်ခြင်း
ရောဂါပိုးမွှားများဟာ ပတ်ဝန်းကျင်အရာများဆီ ရောက်သွားရာကနေ ထိတွေ့မိပြီး ကူစက်ခြင်း ဖြစ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
သေးငယ်ပေါ့ပါးလွန်းတဲ့ ရောဂါပိုးများဟာ လေထဲမှာ အချိန်အတိုင်းအတာတခုအထိ ပျံ့နှံ့နေရာကနေ ကူးစက်နိုင်ပါတယ်။ ဥပမာ ဝက်သက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ အခန်းတခန်းထဲကို ဝက်သက်ရှိထားသူတယောက် ဝင်သွားပြီး ပြန်ထွက်ခွာသွားရင်တောင် လေထဲမှာ ပိုးမွှားတွေ ကျန်နေနိုင်ပြီး ထပ်မံဝင်ရောက်လာသူကို ကူးစက်နိုင်ပါတယ်။
၂။ အရာဝတ္တုပစ္စည်းများမှ ကူးစက်ခြင်း
ရောဂါပိုးမွှားအချို့ဟာ အရာဝတ္တုအမျိုးမျိုးရဲ့ မျက်နှာပြင်ပေါ်မှာ ရှိနေနိုင်ပါတယ်။ ဥပမာ ရောဂါရှိသူတဦးက တံခါးလက်ကိုင်တခုကို ကိုင်မိပြီးသွားရင် အဆိုပါတံခါးလက်ကိုင်ကို ထပ်ကိုင်မိသူတွေရဲ့ လက်ကို ရောက်သွားနိုင်ပါတယ်။ ထိမိထားတဲ့လက်ကို မဆေးကြောမိသေးဘဲ နှာခေါင်း၊ ပါးစပ်၊ မျက်စိ စတာတွေနဲ့ ထိတွေ့ရင် ရောဂါပိုးကူးစက်နိုင်ပါတယ်။
အရာဝတ္တုများအပေါ်မှာ ရောဂါပိုးဟာ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာကတော့ ပိုးအမျိုးအစားပေါ် မူတည်ပါတယ်။ တခါတရံမှာ သန့်ရှင်းရေး သေချာမလုပ်ထားတဲ့ ဆေးရုံဆေးခန်းသုံးပစ္စည်းကိရိယာတွေကလည်း ကူးစက်နိုင်ပါသေးတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။