ကလေးအရေပြားပြဿနာများ

အရေပြားပြဿနာတွေက လူကြီးတွေမှာတင် မဟုတ်ဘဲ ကလေးတွေမှာလည်း ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ ခံစားရနိုင်တဲ့ အရေပြားပြဿနာတွေနဲ့ ဖြေရှင်းနည်းတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]

ကလေးအရေပြားပြဿနာများ ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

ကလေးတွေဟာ ပုရွက်ဆိတ်၊ ခြင်၊ ကြမ်းပိုး၊ နကျယ်၊ ပျား၊ ကင်းနဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုက နောက်တစ်နေ့မှာ လျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့်  တချို့တွေမှာ အကိုက်ခံရလို့ပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ ကလေးတွေဟာ အင်းဆက်၊ ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို မိဘတွေအနေနဲ့ ကြိုတင်လေ့လာထားသင့်ပါတယ်။ ကလေးမှာ အဖြစ်များတဲ့ အကောင်ကိုက်ခံရခြင်းများ ခြင်ကိုက်ခံရရင် ခြင်ကိုက်ခံရတဲ့အခါ ခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ ခြင်ကိုက်ဖုက အရေးမကြီးပေမယ့် ခြင်တွေက ငှက်ဖျား ၊သွေးလွန်တုပ်ကွေး၊ ဦးနှောက်ရောင်ရောဂါ၊ yellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )တို့လို ပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။ သန်းကိုက်ခံရရင် ကြောင်သန်း၊ ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံ နာကျင်တဲ့အဖုတွေ […]


ကလေးအရေပြားပြဿနာများ

ကလေးတွေကိုနွေရာသီနေလောင်ဒဏ်မှကာကွယ်မယ်-နေလောင်ခံခရင်မ်, အဝတ်အထည်, ဦးထုပ်နှင့်အခြားအရာများ

ကလေးတွေကိုနွေရာသီနေဒဏ်မှကာကွယ်မယ်- နေရောင်ခံလိမ်းဆေး၊ အဝတ်အထည်၊ ဦးထုပ်နှင့်အခြားအရာများ   သင့်ကလေး၏အသားရေသည် နေဒဏ်ကိုပိုခံနိုင်ရပါသည်။ အထူးသဖြင့် အိမ်အပြင်၌လှုပ်ရှားမှုများသည့်ကာလဖြစ်သော နွေရာသီမျိုးတွင်ပိုဆိုးသည်။ အကာအကွယ်မပါပဲ ကလေးကိုအိမ်အပြင်မှာဆော့ခိုင်းပါက ပြင်းထန်သည့်ကျန်းမာရေးအခြေအနေများကို ခံစားရနိုင်ပါသည်။ ကလေးများအား နေရောင်ခံလိမ်းဆေး၊ ဦးထုပ်၊ အဝတ်အစားများနှင့် ကာကွယ်ပါ။ သင်ဘာလုပ်နိုင်မလဲ ရှာကြည့်ပါ။   နေရောင်ခံလိမ်းဆေးကိုအမြဲဆောင်ထားပါ။ ကလေး၏ချောမွတ်နူးညံ့သောအသားရေကို နေလှောင်ဒဏ်မခံရပါစေနှင့်။ နေမှလာသော UV အလင်းများသည် အရေတွန့်ခြင်း၊ အပြောက်များထခြင်းနှင့် အရေပြားကင်ဆာထိအောင်ဖြစ်နိုင်ပါသည်။ နေရောင်ခံခြင်းသည် မကောင်းပါ။ နေရောင်ခံခြင်းသည် ကလေးများ၏အရေပြားကို ပျက်စီးစေ၏။   အပြင်မထွက် ၁၅ မိနစ်ကြိုတင်၍နေရောင်ခံဆေးလိမ်းပေးရမည်ကို သတိပြုပါ။ ကလေးကို ကိုယ်တိုင်လိမ်းတတ်စေရန်သင်ပေးပါ။ နား၊ မျက်စေ့ဝန်းကျင်၊ လည်ပင်းနှင့် ဒူးနောက်ဖက်တို့ပါ လိမ်းရန်မမေ့ပါနှင့်။ နေရောင်ခံလိမ်းဆေးကို ၂ ခြားတစ်ခါလိမ်းပေးရမည်ဖြစ်သည်။ ကလေးရေကူးသွားလျှင် သို့ ချွေးအလွန်ထွက်လျှင် ၂ နာရီထက်စောလိမ်းပေးသင့်သည်။ ကလေးများအတွက်ထုတ်သော နေရောင်ခံဆေးကိုသာသုံးရန် မေမ့ပါနှင့်။ နေရောင်ခံလိမ်းဆေးတွင် zinc […]


ကလေးအရေပြားပြဿနာများ

ကလေးဦးရေပြား အဆီထွက်များ၊အရေခွံကွာသော ပြဿနာ (cradle cap)ကို ဘယ်လိုရင်ဆိုင်ကြမလဲ

ကလေးငယ်တွေရဲ့ဘဝအစပိုင်း လအနည်းငယ်မှာ cradle cap (ဦးရေပြား အဆီထွက်များ၊ အရေခွံကွာ သော ပြဿနာ) တွေဖြစ်ပေါ်ဖို့အလားအလာများပါတယ်။ cradle cap ဟာချစ်စရာကောင်းတဲ့အရာမဟုတ်ပေမယ့် အန္တရာယ်တော့မပေးပါဘူး။ ဒါပေမယ့် cradle cap ကိုမကုသဘဲထားရင် သင့်ကလေးကို အနာတွေဖြစ်စေနိုင်ပါတယ်။ အောက်ပါဆောင်းပါးက cradle cap ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုဖော်ပြထားပါတယ်။   ကျွန်မကလေးခေါင်းမှာ ဗောက်တွေဖြစ်နေပါတယ်။ ဒါဟာcradle cap ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ Cradle cap ရဲ့အတွေ့ရအများဆုံးရောဂါလက္ခဏာတွေကတော့ ထူပြီးအဆီတွေဖြစ်နေတဲ့ အညိုရောင် သို့မဟုတ် အဝါရောင်အရေခွံတွေ ဒါမှမဟုတ် မာကျောနေတဲ့အကွက်တွေ ကလေးရဲ့ဦးရေပြားမှာပေါ်နေတာပါပဲ။ ဒါ့အပြင် သင့်ကလေးမှာ ဗောက်လို ခြောက်သွေ့တဲ့အရေပြားအဖတ်အသေးလေးတွေဖြစ်နေတယ် ဆိုရင် cradle cap ဖြစ်ဖို့အလားအလာရှိပါတယ်။ ဒါကို infantile seborrheic dermatitis (မွေးကင်းစ ကလေး အဆီထွက်များသော အရေပြားပြဿနာ) […]


ကလေးအရေပြားပြဿနာများ

ကလေး သေးခံလောင်ခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။

ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် သေးခံလောင်ခြင်းဖြစ်ပွားတတ်ပါသည်။ ဘယ်အရာများသည်အနှီးပူလောင်ခြင်းကို ဖြစ်ပွား စေနိုင်သလဲ။ စိုစွတ်ခြင်း ဘယ်လောက်ပဲ စုပ်ယူမှုအားကောင်းသည်ဟု ကြော်ငြာထားသော ကလေးသေးခံ (Diaper) ဖြစ်စေကာမူ စိုထိုင်းမှုအနည်းငယ်တော့ရှိပြီး သင့်ကလေး အရေပြားနှင့်ထိတွေ့နေရမည်ဖြစ်သည်။ ထို့အပြင် သင့်ကလေး၏ ဆီးနှင့်ဝမ်းမျာ း ရောသွားသောအခါ ဘက်တီးရီးယားပိုးများပေါက်ပွားရန် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးလိမ့်မည်။ ရလဒ်အနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေသောကလေးများသည် သေးခံလောင်ခြင်းဝေဒနာကို ပိုမိုခံစားရ လေ့ ရှိသည်။ တစ်ဖက်တွင်မူ သေးစိုခံဒိုင်ပါ ပုံမှန်လဲပေးနေလျှင်တောင်မှ သေးခံလောင်ခြင်း မဖြစ်ဘူးဟု အာမမခံနိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ထိခိုက်လွယ်သောအရေပြားသည် သေးခံလောင်ခြင်းကို ပိုမိုဖြစ်ပွားစေနိုင်သည်။ ဓါတုပစ္စည်းများထိတွေ့မှု သေးခံလောင်ခြင်း၏ အကြောင်းအရင်းတစ်ရပ်သည် သေးစိုခံဒိုင်ပါနှင့် ကလေး၏အရေပြားများ ပွတ်တိုက်မိခြင်းကြောင့်ဖြစ်သည်။ အထူးသဖြင့် သေးစိုခံဒိုင်ပါတွင် ပါဝင်သောအမွှေးရနံ့များ သို့မဟုတ် အနှီးလျှော်ရာတွင်သုံးသော ဆပ်ပြာများ စသောဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်းကြောင့်ဖြစ်သည်။ သေးခံလောင်ခြင်းသည် ကလေးငယ်ကိုသုံးပေးသော ကလေးလိုးရှင်း သို့မဟုတ် […]


ကလေးအရေပြားပြဿနာများ

ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ

ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့အကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ ရေကျောက် ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေးအများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ရေကျောက်ဟာ မျက်နှာ၊နားနဲ့ ရင်ဘတ်တွေပေါ်မှာ အနီရောင်အစက်လေးတွေ အနေနဲ့ စတင်ပေါ်လာပြီး ဒီအနီစက်လေးတွေဟာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အဖတ်လေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေတဲ့ ကလေးတွေအနေနဲ့ ရေကျောက်ပေါက်ရင် စိုးရိမ်စရာ မလိုပါဖူး။ သင့်ကလေး ရေကျောက်တခါ […]


ကလေးအရေပြားပြဿနာများ

ကလေး နှင်းခူ - အကြောင်းရင်း၊ လက္ခဏာ၊ ကုသမှု နှင့် ခရင်မ်များ

နှင်းခူဟာ ခြောက်သွေ့၊ ယားယံတဲ့ အရေပြား အခြေအနေ တစ်ခု ဖြစ်ပြီး ကလေး ၅ ယောက်မှာ ၁ ယောက် ဖြစ်ပွားတတ်ပါတယ်။ သင့်ကလေးအသက် ၂ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုခံစားရတဲ့ ကလေးအများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာ ပျောက်သွားတတ်ပါတယ်။ နှင်းခူဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်ပေမယ့် မှန်ကန်တဲ့ ကုသမှုတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဘယ်အရာတွေက နှင်းခူကို ဖြစ်စေတာလဲ။ ဘယ်အရာတွေက နှင်းခူကို ဖြစ်စေလဲဆိုတာကို သေချာစွာ သိရှိခြင်းမရှိပေမယ့် မျိုးရိုးဗီဇဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့ နှင်းခူ နှင့် ပန်းနာရင်ကျပ် တွေဟာ ပြီးခဲ့နှစ်တွေ အတွင်းမှာ မြင့်တက်လာပေမယ့် အခုတော့ စတင်ပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။ နှင်းခူဟာ အရေပြားရောဂါထခြင်းကို တွန်းအားပေးပါတယ်။ သင့်ကလေးမှာ ခြောက်သွေ့ယားယံတဲ့ […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေထိန်းသိမ်းနည်းများ

ကလေးငယ်တွေရဲ့ အရေပြားဟာ နုနယ်တာမို့ အရေပြားယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ပွန်းရှခြင်းနဲ့ အနီကွက်ထခြင်းတွေ မဖြစ်ရအောင် သေချာစွာ ဂရုစိုက်သင့်ပါတယ်။ အောက်ဖေါ်ပြအချက်တွေဟာ သင့်ကလေးရဲ့ အရေပြား ချောမွေ့၊ ပျော့ပျောင်းပြီး နုနယ်စေဖို့ လိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ရေချိုးတဲ့ အချိန်ကို ပြန်စဉ်းစားပါ။ ရေချိုးချိန်မှာ အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။ ကလေးငယ်ကို ဆပ်ပြာအမြှုပ်ထွက်အောင် တိုက်စရာ မလိုအပ်ပါဘူး။ ရေမြှုပ်ကို အသုံးပြုပြီး သေးခံ နေရာ၊ ပါးစပ်၊ ချိုင်းကြား၊ ပေါင်နဲ့ မေးစေ့နေရာတွေကို တိုက်ပေးခြင်းဟာ လုံလောက်ပါတယ်။ ဆပ်ပြာ၊ အနံ့၊ ဆိုးဆေးတွေ မပါတဲ့ ပျော့တဲ့ သန့်စင်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားဟာ သင့်ကလေးငယ်ရဲ့ အရေပြားကို ခြောက်သေ့ွခြင်း၊ မျက်စိစပ်ခြင်း တွေကို မဖြစ်စေနိုင်ပါဘူး။ ဆပ်ပြာခဲ၊ ဆပ်ပြာမြှုပ်ထွက်အောင် ရေချိုးခြင်းတွေကို ရှေြာင်ကဉ်သင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်