backup og meta

ကလေးအသားအရေထိန်းသိမ်းနည်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအသားအရေထိန်းသိမ်းနည်းများ

    ကလေးငယ်တွေရဲ့ အရေပြားဟာ နုနယ်တာမို့ အရေပြားယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ပွန်းရှခြင်းနဲ့ အနီကွက်ထခြင်းတွေ မဖြစ်ရအောင် သေချာစွာ ဂရုစိုက်သင့်ပါတယ်။ အောက်ဖေါ်ပြအချက်တွေဟာ သင့်ကလေးရဲ့ အရေပြား ချောမွေ့၊ ပျော့ပျောင်းပြီး နုနယ်စေဖို့ လိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။

    ရေချိုးတဲ့ အချိန်ကို ပြန်စဉ်းစားပါ။

    ရေချိုးချိန်မှာ အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။

    • ကလေးငယ်ကို ဆပ်ပြာအမြှုပ်ထွက်အောင် တိုက်စရာ မလိုအပ်ပါဘူး။ ရေမြှုပ်ကို အသုံးပြုပြီး သေးခံ နေရာ၊ ပါးစပ်၊ ချိုင်းကြား၊ ပေါင်နဲ့ မေးစေ့နေရာတွေကို တိုက်ပေးခြင်းဟာ လုံလောက်ပါတယ်။
    • ဆပ်ပြာ၊ အနံ့၊ ဆိုးဆေးတွေ မပါတဲ့ ပျော့တဲ့ သန့်စင်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားဟာ သင့်ကလေးငယ်ရဲ့ အရေပြားကို ခြောက်သေ့ွခြင်း၊ မျက်စိစပ်ခြင်း တွေကို မဖြစ်စေနိုင်ပါဘူး။
    • ဆပ်ပြာခဲ၊ ဆပ်ပြာမြှုပ်ထွက်အောင် ရေချိုးခြင်းတွေကို ရှေြာင်ကဉ်သင့်ပါတယ်။
    • သင့်ကလေးငယ်ရဲ့ ဦးခေါင်းကို မခိုက်မိအောင် ထိန်းပေးထားသင့်ပါတယ်။
    • ရေ အရမ်းပူနေလား၊ ကလေးငယ်ကို အန္တရာယ် ဖြစ်စေလားဆိုတာ သိနိုင်ဖို့ ရေအပူချိန်ကို စစ်ဆေးသင့်ပါတယ်။
    • သင့်ကလေးငယ်ကို ရေချိုးနေချိန်မှာ တစ်ကိုယ်တည်း မထားသွားသင့်ပါဘူး။ ဒါဟာ မမျှော်လင့်ထားတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

    နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။

    သင့်ကလေးငယ်ဟာ အသက်ခြောက်လအောက် ဖြစ်မယ်ဆိုရင် သူတို့ိကို နေရောင် တိုက်ရိုက်ထိတွေ့ခြင်းကနေ တတ်နိုင်သမျှ ကာကွယ်ပေးသင့်ပါတယ်။ အထူးသဖြင့် နေအပူဆုံးအချိန်တွေ ဖြစ်တဲ့ မနက် ၁၀နာရီကနေ ညနေ ၄ နာရီအတွင်းမှာ နေပူခံခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    သင့်ကလေးငယ်ဟာ ၆ လကျော်ပြီဆိုရင်တော့ ကလေးကို အပြင်ခေါ်သွားတဲ့အခါ အောက်ပါအချက်တွေကို သတိထားသင့်ပါတယ်။

    • ကလေးကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ဦးထုတ်တွေ ဝတ်ဆင်ပေးပြီး အရေပြားကို ကာကွယ်ပေးသင့်ပါတယ်။
    • ခရမ်းလွန်ရောင်ခြည် ကာကွယ်မှု ရစေဖို့ နေကာမျက်မှန်တွေကိုလည်း ဝတ်ဆင်စေသင့်ပါတယ်။
    • နေလောင်ခံခရင်မ်ကို အဝတ်အစားတွေနဲ့ ကာဖို့ခက်ခဲတဲ့ မျက်နှာ၊ လက် အစရှိတဲ့နေရာတွေကိုသာ လိမ်းပေးသင့်ပါတယ်။ ခရင်မ်ကို မျက်လုံး ထဲ မဝင်အောင်ဂရုစိုက်ပါ။ နှစ်နာရီခြားတစ်ခါ ထပ်ပြီး လိမ်းပေးသင့်ပါတယ်။

    ကလေးငယ်ရဲ့ အဝတ်တွေကို လျှော်စဉ်မှာ ဂရုစိုက်ပါ။

    ဓါတ်မတည့်ခြင်းတွေကို ရှောင်ကြဉ်ဖို့ ရေမွှေးတွေ၊ ဆိုးဆေးတွေ ကင်းတဲ့ ဆပ်ပြာမှုန့်တွေကိုသာ အသုံးပြုသင့်ပါတယ်။ ကလေးအရေပြားအနီကွက်ဟာ အိပ်ရာခင်း (သို့) မိဘတွေရဲ့ အဝတ်အစားနဲ့ ထိတွေ့တဲ့ ကလေး ကိုယ်ခန္ဓါပေါ် (သို့) မျက်နှာ တွေမှာ ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေရဲ့ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေ၊ စောင်တွေကို မကြာခဏ လျှော်ပေးသင့်ပြီး မိသားစု အဝတ်တွေနဲ့ သီးခြားစီ လျှော်သင့်ပါတယ်။

    ရေဓါတ်ထိန်းသိမ်းပါ။

    သင့်အရေပြားဟာ ရေဓါတ်ထိန်းသိမ်းဖို့လိုအပ်သလို ကလေးငယ်ရဲ့ အရေပြားဟာလည်း ရေဓါတ်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

    လိုးရှင်းတွေကို သုံးမယ့်အစား အနံ့မပါတဲ့ အစိုဓါတ်ထိန်းခရင်မ် သို့ အဆီတွေကို သုံးသင့်သပါတယ်။ လိုးရှင်းတွေဟာ ကလေးငယ်တွေရဲ့ အရေပြားကို ယားယံစေနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့ အရေပြားကို ချောမွေ့ပျော့ပြောင်းစေဖို့ ခရင်မ် (သို့) အဆီကို ရေချိုးပြီးပြီးချင်း လိမ်းပေးသင့်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် (သို့) ပိုပြီး လိမ်းပေးနိုင်ပါတယ်။ ကလေးငယ်ရဲ့ အသားအရေဟာ ခြောက်နေရင် (သို့) ဆောင်းရာသီဆိုရင် ကလေးငယ်ဟာ နှင်းခူနာ ဖြစ်နိုင်ပါတယ်။

    ထိခိုက်လွယ်တဲ့အရေပြားကို ဂရုစိုက်ပါ။

    သေးခံ သုံးတဲ့ အရေပြားဟာ စိုစွတ်ပြီး ဓါတ်မတည့်မှု ဖြစ်နိုင်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားကို သက်သာအောင် အောက်ပါအချက်တွေကို ပြုလုပ်နိုင်ပါတယ်။

  • သေးခံ ကို မကြာခဏလဲပါ။
  • သေးခံ နေရာကို သန့်ရှင်းစေဖို့ စိုစွတ်တဲ့ အဝတ် (သို့) အရက်ပြန် မပါတဲ့ တစ်ခါသုံးအဝတ်တွေကို အသုံးပြုပါ။
  • ကလေးငယ်ကို ခန္ဓါကိုယ် ကြိုကြားနေရာတွေကို လေဝင်လေထွက်ကောင်းအောင် လုပ်ပေးသင့်ပါတယ်။
  • သင့်ကလေးငယ်ရဲ့ အရေပြားကို ခြောက်သွေ့အောင် petroleum jelly လိုမျိုး ခရင်မ်ကို သေးခံ အသစ် အသုံးမပြုခင် လိမ်းပေးနိုင်ပါတယ်။

    သင့်ကလေးငယ်ဟာ အလွန်ငယ်သေးတာမို့ အရေပြားကို ဂရုစိုက်ဖို့ မလိုဘူးလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ဒီလွယ်ကူတဲ့အချက်တွေဟာ သင့်ကလေးငယ်ရဲ့ အရေပြားကို ပျော့ပျောင်းနူးညံ့စေရုံ သာမက အရေပြားကို ဓါတ်မတည့်ခြင်း၊ အကွက်ထခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement