backup og meta

အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားစားရင်း အသက်ရှူရခက်တဲ့အခါ ဒါတွေလုပ်ပါ။  ။

    အသက်ရှူရခက်ေနတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။ ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတော့ နှာခေါင်းတစ်ပေါက်တည်းနဲ့ အသက်ရှူရတဲ့အခါ အသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ။

    အစားစားချိန်မှာ ဖြစ်တာဆိုတော့ အစားကို ဘယ်လိုစားသင့်လဲဆိုတာ ကြည့်ရအောင် ။ ။

    ( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာ အဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့

    • အသက်ကို ပြင်းပြင်းရှိုက်ရှူပါ။
    • လည်ချောင်းထဲမှာ သလိပ်ရှိရင်ထုတ်ပါ။
    • ရင်ဘတ်ကိုနည်းနည်း ပုတ်ပေးပါ။
    • ပန်းနာရင်ကြပ်သမားတွေဆိုရင် ရှူဆေးရှူလို့ရပါတယ်။

    ( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။

    ( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှ ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။

    ( ၄) အစားအများကြီးမစားပါနဲ့။ အစာအိမ်က ပြည့်တင်းနေတဲ့အခါ အဆုတ်နဲ့ ရင်ဝမ်းခြားကြွက်သားတို့နေရာကျယ်ကျယ် အလုပ်လုပ်နိုင်ဖို့အတွက် အစာအိမ်တင်းနေလို့ မဖြစ်ပါဘူး။

    ( ၅ ) အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ တစ်ခါတည်းနဲ့ အပြည့်အကြပ်စားတဲ့အခါ ရင်ဝမ်းခြားကြွက်သားကို အစာအိမ်ကသွားထောက်နေသလိုဖြစ်လို့ အသက်ရှူရ ပိုခက်စေပါတယ်။

    ( ၆ )လေပွစေတဲ့ အစားအသောက်တွေကို ရှောင်ပါ။

    လေပွတဲ့အခါ ဗိုက်ကြီးတင်းနေတတ်ပြီ အသက်ရှူရခက်စေလို့ပါ။ ဒါေ့ကြာင့် လေပွစေတဲ့အစားအစာတွေဖြစ်တဲ့

    • ပဲ အမျိုးမျိုး
    • ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်
    • ပန်းဂေါ်ဖီ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပဲပင်ပေါက်
    • သခွားသီး၊ ပန်းသီး
    • မုန်လာဥဖြူ
    • ရေကညွန့်၊ ပြောင်းဖူး
    • ကာဘွန်ပါတဲ့ အချိုရည်တွေ
    • ဆီကြော်မုန့်တွေနဲ့ အစပ်ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။

    ( ၇ ) အစားကို ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ. – ဖြေးဖြေနဲ့ ကြေညက်အောင် ဝါးမှ အစာခြေရလွယ် အစာလည်း မြန်မြန်ကြေပြီး ဗိုက်အောင့်တာ သက်သာစေလို့ အသက်ရှူချောင်စေမှာပါ။

    ဒီအချက်လေးတွေကို သာသေချာ လိုက်နာပြီး အစားစားမယ်ဆိုရင် ထမင်းစားတိုင်း အသက်ရှူကြပ်တဲ့ ပြဿနာတွေ ကင်းဝေးစေမှာ အသေအချာပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement