ကလေးတွေဟာ ငယ်စဉ်ကတည်းက အချိုတွေ အစားများတာကြောင့်ရော၊ သွားကို ဂရုမစိုက်တာကြောင့်ရော၊ မေမေတွေက ကလေးတွေကို သွားတိုက်ဖို့ သတိမထားတာကြောင့်ရော သွားပိုး စားတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေက အရွယ်မတိုင်ခင် သွားပိုးစားတာ၊ ငယ်သွားလဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကြည့်လိုက်ရင် သွားမည်းမည်းလေးတွေ၊ သွားကျိုးလေးတွေ ဖြစ်နေတာပေါ့။ သွားကိုက်တာကြောင့် ဂျီကျတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ကလေးငယ်ငယ်လေးတွေမျာ ဘာတွေကြောင့်များ သွားပိုးစားရတာလည်း၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။