backup og meta

Lactose Intolerance ရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

Lactose Intolerance ရောဂါနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

Q ၁ ။ Lactose Intolerance ဆိုတာ ဘာလဲ။ ။

နို့ထဲမှာပါတဲ့lactose သကြားဓါတ်ကို ကိုယ်ခန္ဓါက စုပ်ယူဖို့အတွက် Lactase အင်ဇိုင်း လို့ ခေါ်တဲ့ ဓါတ်တစ်မျိုးရှိရပါမယ်။ lactose intolerance ဆိုတာ lactase အင်ဇိုင်းဓါတ် လုံလောက်စွာ မရှိတာကြောင့်နို့ထဲမှာပါတဲ့ Lactoseသကြား ဓါတ်ကိုကလေးရဲ့ အစာအိမ်ကကောင်းကောင် းမချေဖျက်နိုင်တာဖြစ်ပါတယ်။ နို့သကြားဓါတ်ကို မစုပ်ယူနိုင်တဲ့ ရောဂါလို့လည်းခေါ်ကြပါတယ်။

Q ၂ ။ ဘယ်သူတွေက အဖြစ်များလဲ။ ။

  • မွေးကတည်း Lactose လုံးဝပါမလာတဲ့ ကလေးတွေ
  • နေ့မစေ့ လမစေ့ မွေးတဲ့ကလေးတွေ
  • Crohn’s Disease
  • Celiac Disease ခံစားနေရတဲ့ ကလေးတွေ နဲ့
  • အူရောင် ဝေဒနာခံစားရတဲ့ ကလေးတွေ အဖြစ်များပါတယ်။

Q ၃ ။ Lactose Intolerance ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ။

ကလေးကို နို့တိုက်လိုက်ပြီး မိနစ် ၃၀ အတွင်းမှာတင် အောက်မှာပြောထားတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။

  • ဝမ်းလျှောမယ်
  • ပျို့ချင် အန်ချင်မယ်
  • လေထသလိုမျိုးဖြစ်ပြီး ဗိုက်အောင့်နေမယ် ( ကလေးကအငိုမတိတ်)
  • လေပွပြီး ကလေးဗိုက်လေးက ဖောင်းနေတာ မျိုးတွေ ဖြစ်တတ်ပါတယ်။

Q ၄။ ကိုယ့်ကလေးက Lactose Intolerance ဖြစ်နေကြောင်း ဘယ်လိုသိနိုင်သလဲ။ ။

ကလေးကို ၂ပတ်လောက်မိခင်နို့မတိုက်ဘဲထားလိုက်ပြီး Lactose Intolerance ရဲ့ လက္ခဏာတွေ ပျောက်သွားမလားကြည့်ပါ။ ကလေးခံစားနေရတဲ့ ဝေဒနာတွေ ပျောက်သွားပြီးဆိုရင် ကလေးခံစားနေရတာ Lactose Intolerance ရောဂါ ဖြစ်နိုင်ပါတယ်။ ပြောထားတဲ့ လက္ခဏာတွေ ပျောက်သွားပြီဆိုရင် မိခင်နို့ဖြစ်ဖြစ်၊ lactose ပါတဲ့နို့မှုန့်ဖြစ်ဖြစ် ကလေးကို ပြန်တိုက်ကြည့်ပါ။ တိုက်ပြီးပြီးချင်း Lactose Intolerance ရဲ့ လက္ခဏာတွေ ပြန်ဖြစ်လာပြီဆိုရင်တော့ သေချာသွားပါပြီ။ သင့်ကလေးမှာ Lactose အင်ဇိုင်းချို့တဲ့နေပါပြီ။ ။

Q ၅ ။ Lactose Intolerance က နေမကောင်းတဲ့ကလေးတွေမှာလည်း ယာယီ ဖြစ်တတ်တယ်ဆိုမှန်ပါသလား။ ။

မှန်ပါတယ်။ နေမကောင်းဖြစ်နေတဲ့အချိန် ကလေးတွေရဲ့ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ အားနည်းတဲ့ အတွက်ကြောင့် နို့မှာပါတဲ့ lactose ကို ကောင်းကောင်းမချေဖျက်နိုင်တဲ့အတွက်ဖြစ်ရတာပါ။ ယာယီဆိုတဲ့အတွက် ကလေးနေပြန်ကောင်းသွားရင် ပျောက်သွားမှာပါ။

Q ၆။ မွေးကင်းစကလေးတွေမှာရော Lactose Intolerance ဖြစ်တတ်သလား။ ။

နေ့မစေ့ လမစေ့ မွေးတဲ့ကလေးတွေမှာ lactase အင်ဇိုင်းမထွက်သေးတဲ့အတွက်ကြောင့် Lactose Intolerance ယာယီဖြစ်နိုင်ပါတယ်။ အချိန်ကြာလာရင်တော့ Lactose ပါတဲ့နို့မှုန့်တွေနဲ့ မိခင်နို့်ကို သောက်နိုင်သွားပါလိမ့်မယ်။

မွေးကတည်းက Lactose ဓါတ်ပါမလာတဲ့ကလေးတွေကတော့ Lactose Intolerance ရောဂါ တစ်သက်လုံးဖြစ်မှာဖြစ်တဲ့အတွက် မိခင်နို့၊ lactose ပါတဲ့ နို့မှုန့်နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ရပါမယ်။

Q ၇ ။ Lactose Intolerance ရောဂါဖြစ်နေတဲ့အမေက ကလေးကို နို့တိုက်ရင် ကလေးရော Lactose Intolerance ဖြစ်နိုင်သလား။ ။

Lactose Intolerance ဖြစ်နေတဲ့မိခင်တစ်ယောက်ရဲ့ နို့ကိုသောက်လိုက်တဲ့ကလေး Lactose Intolerance ဖြစ်မယ်ဆိုတာ မှားပါတယ်။

Q ၈ ။ ကလေးကို အမေနို့တိုက်လို့မရဘူးဆိုတော့ ဘာတိုက်ရမှာလဲ ။

Lactose Intolerance ကလေးအတွက်ထုတ်ထားတဲ့ lactose free( lactose မပါတဲ့) နို့မှုန့်တွေရှိပါတယ်။ အဲဒါတွေကို မိခင်နို့အစား တိုက်လို့ရပါတယ်။

Q ၉ ။ ကလေးကို နို့နဲ့ နို့ထွက်ပစ္စည်းတွေ ကျွေးလို့မရဘူးဆိုတော့ ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်ဓါတ်ချို့တဲ့ရင် ဘယ်လိုလုပ်မလဲ ။ ။

ကယ်လ်ဆီယမ်ဓါတ်ကို အရိုးပြုတ်ဟင်းရည်တွေ၊ ခေါင်းတစ်ရာသားတွေကနေ ရနိုင်ပြီး ဗီတာမင် D ကိုတော့ မနက်ခင်းနေရောင်ခြည်ခံပေးရင် ရပါတယ်။

Q ၁၀ ။ Lactose Intolerance ဆိုတာ တစ်သက်လုံးဖြစ်နေမယ့်ရောဂါလား ။ ။

တုပ်ကွေးမိပြီးနောက်ပိုင်းဖြစ်တဲ့ Lactose Intolerance မျိုးကတော့ ယာယီသာဖြစ်ပါတယ်။ Lactose Intolerance အများစုက နာတာရှည်ရောဂါဖြစ်တဲ့အတွက် ဝေဒနာခံစားနေရတဲ့သူတွေအနေနဲ့နို့နဲ့နို့ထွက်ပစ္စည်းကို ရှောင်ပေးဖို့လိုအပ်ပါတယ်။

Q ၁၁ ။ Lactose Intolerance ဆိုတာ ကုသလို့ရတဲ့ရောဂါလား ။ ။

Lactose ပါတဲ့ နို့နဲ့နို့ထွက် ပစ္စည်းတွေကို စားလိုက်မိတဲ့ကလေးတွေ အတွက် ဆရာဝန်ကနေ lactase အင်ဇိုင်း ပါတဲ့ ဖြည့်စွက်ဆေးပြားတွေ တိုက်ပါလိမ့်မယ်။

ဆေး ခဏခဏသောက်နေရင် ကလေးကို ထိခိုက်နိုင်တဲ့အတွက် lactose ပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်စားတာသာ အကောင်းဆုံးပါ။ ။

Q ၁၂ ။ ဘယ်အချိန်မှာ ဆရာဝန်ဆီသွားဖို့လိုအပ်လဲ ။ ။

Lactose Intolerance ဝေဒနာခံစားနေပြီဆိုတာ သေချာစေဖို့အတွက် ဆရာဝန်ဆီမှာ သွားစမ်းသပ်ဖို့ အရေးကြီးသလို ရှောင်သင့် ဆောင်သင့်တဲ့အချက်တွေကိုလည်း ဆရာဝန်ကသာ အကောင်းဆုံးအကြံပေးနိုင်မှာပါ။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ဆရာဝန်ဆီသွားကသာ အကောင်းဆုံးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthychildren.org/English/healthy-living/nutrition/Pages/Lactose-Intolerance-in-Children.aspx

http://www.stevecarper.com/li/ten_top_questions.htm

Lactose intolerance. http://www.mayoclinic.org/diseases-conditions/lactose-intolerance/basics/definition/con-20027906. Accessed date 17.12.2018

lactose intolerance – Topic Overview. http://www.webmd.com/digestive-disorders/tc/lactose-intolerance-topic-overview#1. Accessed Date 17.12.2018

 

 

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းလျှောခြင်းကို အိမ်တွင် သက်သာစေရန် အကောင်းဆုံး နည်းလမ်းများ

မိခင်နို့နဲ့နို့မှုန့်က ဒီလိုကွာခြားပါတယ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement