backup og meta

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကိုဘာတွေကျွေးမလဲ

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကိုဘာတွေကျွေးမလဲ

ကိုယ့်ရင်သွေး အမြဲတမ်းကျန်းမာပျော်ရွှင်နေစေဖို့က မိဘတိုင်းဖြစ်ချင်တဲ့ ဆန္ဒပါ။ ကလေးအရမ်းဆော့နေလို့ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုမှာ အပျော်သံလေးနှောနေတတ်သလို ပီတိဖြစ်တဲ့အသံလေးလည်းပါနေတတ်ပါသေးတယ်နော်။ ဒါပေမယ့် ကလေးက ဖျားနာမယ်ဝမ်းသွားမယ်ဆိုတဲ့ ကျန်းမာရေးပြဿနာတွေများဖြစ်တဲ့အခါ စိတ်ညစ်လိုက်တာလို့ ညည်းညူမှုက အရမ်းကိုပူပန်နေသလို စိတ်မကောင်းမှုတွေကလည်း အပြည့်ပါနော်။ ဘာလုပ်ပေးလို့လုပ်ပေးရမှန်းမသိဖြစ်နေပြီလား။ ဒါဆိုရင်တော့ ကိုယ့်ချစ်ရတဲ့ သားသားမီးမီးတို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခဲ့ရင် ဘာကျွေးလို့ကျွေးရမှန်းမသိဖြစ်နေတာကို ဒီဆောင်းပါးလေးကနေဖြေရှင်းပေးပါရစေလား။

ကလေးက ဝမ်းပျက်ဝမ်းလျှောတာကို ခံစားနေရရင် ဒီလိုလေးပြင်ဆင်ပေးပါ

ကလေးရဲ့ ကိုယ်ခံအားက လူကြီးတွေလောက်မကောင်းတာတော့ အမှန်ပါ။ အထူးသဖြင့် ၂နှစ် ၃နှစ်ကလေးတွေက ဖြည့်စွက်စာအပြင် လူကြီးစာလေးတွေကို စမ်းစမ်းပြီး လျှောက်မြည်းတတ်ပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေခံစားရနိုင်ခြေက လူကြီးတွေထက်ပိုများနေနိုင်ပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ကလေးက ငယ်သေးတော့ လူကြီးတွေလိုဆေးသောက်ဖို့ကမဖြစ်နိုင်ဘူးလေ။ ဒီတော့ အကောင်းဆုံးဖြစ်မယ့်နည်းလမ်းက အိမ်တွင်းကုထုံးလေးတွေ အားရှိစေမယ့် အစားအသောက်လေးတွေပြင်ဆင်ပေးတာမျိုးပေါ့။

မိခင်နို့

မိခင်နို့ကို ကလေးနှစ်နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ တချို့ကလေးတွေကလည်း ဒီအရွယ်အထိ နို့မပြတ်သေးပါဘူး။ ကလေးကဝမ်းသွားနေတယ်ဆိုလို့ လန့်ပြီး နို့မတိုက်ဘဲထားတာမျိုးမလုပ်ပါနဲ့။ နို့တိုက်လို့ရပါတယ်။ ဖြည့်စွက်နို့မှုန့်တွေ တိုက်နေတယ်ဆိုရင်လည်း ဆက်တိုက်ပေးလို့ရပါတယ်။

အရည်များများတိုက်ပေးပါ

ဒါကတော့ ဝမ်းပျက်ဝမ်းလျှောတာအတွက် ရှေးအစဉ်အဆက်သုံးလာခဲ့တဲ့ အိမ်တွင်းကုထုံးတစ်ရပ်ပါ။ ကုန်ဆုံးသွားတဲ့ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးတဲ့သဘောပေါ့။ ဓာတ်ဆားရည်တိုက်ပေးလို့လည်း ရပါတယ်။

ငှက်ပျောသီး

ကလေးကဝမ်းသွားတဲ့အခါ ကိုယ်တွင်းက ပိုတက်ဆီယမ်တော်တော်များများကိုဆုံးရှုံးသွားပါတယ်။ ငှက်ပျောသီးက ပိုတက်ဆီယမ်၊ဇင့်၊သံဓါတ်၊ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် အပြင် ဗီတာမင် A နဲ့ ဗီတာမင် B6 တို့ပါဝင်နေပါတယ်။ ဝမ်းသွားတာကြောင့် ကုန်ဆုံးသွားတဲ့ ဓာတ်တွေကိုပြန်ဖြည့်တင်းပေးမှာပါ။ ငှက်ပျောသီးက ကလေးတွေလည်းကြိုက်တဲ့ ဓါတ်စာတစ်ခုပါ။

ပန်းသီး

ကလေးရဲ့ အူမကြီးစနစ်ကို ကျန်းမာစေနိုင်တဲ့ pectin ပါဝင်နေပါတယ်။ ရေနွေးဆူဆူထဲကို စင်နေအောင်ဆေးထားတဲ့ ပန်းသီးထည့်ပြုတ်ပြီး ကလေးကိုချေကျွေးပေးပါ။ ကလေးကို အားအင်ပြည့်စေပြီး ဝမ်းပျက်တာကိုမြန်မြန်သက်သာစေနိုင်မှာပါနော်။

အုန်းစိမ်းရည်

အုန်းစိမ်းရည်က ကလေးဝမ်းလျှောတာကို သိသိသာသာသက်သာစေမယ့်အရာတစ်ခုပေါ့။ သောက်ရတာ အရသာကောင်းသလို ကိုယ်တွင်းကဆုံးရှုံးသွားတဲ့အရည်ဓာတ်ကိုလည်း အပြည့်အဝပြန်ဖြည့်ပေးနိုင်ပါတယ်။ ကလေးကို တစ်နေ့မှာ အုန်းစိမ်းရည်ကို အနည်းဆုံး ၂ ကြိမ်ကနေ ၃ ကြိမ်အထိတိုက်ပေးလို့ရပါတယ်။

မုန်လာဥနီ

ဝမ်းသွားတဲ့အခါ ကလေးက အားအင်တွေကုန်ခမ်းသွားသလို ရေဓာတ်တွေလည်း ဆုံးရှုံးသွားပါတယ်။ ဒီအချိန်မှာ ကုန်ဆုံးသွားတဲ့ရေဓာတ်နဲ့ အင်အားတွေကိုပြန်ဖြည့်တင်းဖို့အတွက် မုန်လာဥနီဖျော်ရည်တိုက်ပေးလို့ရပါတယ်။ မုန်လာဥနီကိုနူးနေအာင်ပြုတ်ပြီး ကြိတ်ခြေလို့ကျွေးပေးလည်းရပါတယ်။

ဒါတွေအပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ ကလေးကို အစာခြေစနစ်အတွက်အကျိုးပြုဘက်တီးရီးယားလေးတွေကို အားဖြည့်ပေးမယ့် အကျိုးပြုဘက်တီးရီးယား အာဟာရ (Prebiotic) ပါတဲ့ဖြည့်စွက်အာဟာရတွေကိုလည်း တိုက်ကျွေးပေးလို့ရပါသေးတယ်နော်။

ကလေးကဝမ်းလျှောနေရင်ဒါတွေသတိထားပေးပါ

ကလေးကဝမ်းလျှောနေပြီဆိုရင် ဒါတွေမကျွေးဖို့ပြောပါရစေ။

ဘက်တီးရီးယားတွေကူးစက်တာမျိုးမဖြစ်အောင် ကလေးကိုသေးခံကို ညစ်ပေတိုင်းလဲပေးပါ။ ကလေးကို သေးခံလဲပေးတိုင်းရောဂါပိုးကူးစက်မှုမရှိစေဖို့သေးခံလဲပေးတိုင်း လက်ကိုရေနွေးနဲ့ ဆပ်ပြာမဆေးပေးပါ။ သေးခံလဲပေးတဲ့အခါတိုင်း ကလေးကို သန့်ရှင်းရေးလုပ်ပေးပါ။

ကလေးက ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ မြန်မြန်ကျန်းမာလာစေဖို့ ဒီအစားအသောက်လေးတွေပြင်ဆင်ပေးပါနော်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diarrhea in Babieshttps://www.webmd.com/parenting/baby/baby-diarrhea-causes-treatment#2 Accessed Date 11 March 2019

Home Remedies for Diarrhea in Infantshttps://www.livestrong.com/article/134424-home-remedies-diarrhea-infants/ Accessed Date 12 March 2019

15 Home Remedies for Diarrhoea (Loose Motions) in Babieshttps://parenting.firstcry.com/articles/15-easy-home-remedies-for-loose-motion-diarrhea-in-infants/ Accessed Date 12 March 2019

ယခုပုံစံ

15/08/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အစားတစ်လုတ်ကြောင့် ဘေဘီလေးတို့ ဒုက္ခမရောက်စေဖို့

စားမယ်ဝါးမယ် ဘေဘီလေးရေ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement