backup og meta

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင်

ကလေးတွေဟာ ဆောင်းရာသီမှာ နှုတ်ခမ်း ခြောက်တာ၊ ကွဲတာမျိုးတွေ ခံစားရနိုင် ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေ ဖြစ်နေမယ် ဆိုရင်တော့ ကလေးက ဆောင်းရာသီ အအေးဒဏ်ကြောင့် နှုတ်ခမ်း ခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ် ဖြစ်တာပါ။ ကလေးမှာ ကျီးကန်းပါးစပ် ဖြစ်ခဲ့ရင် ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ဒီလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်

ကလေးမှာ အခုလိုမျိုး လက္ခဏာလေးတွေ ခံစားနေရမယ် ဆိုရင် ကလေးက ကျီးကန်းပါးစပ် ခံစားနေရတာပါ။ အများဆုံး တွေ့ရနိုင်တာကတော့ နှုတ်ခမ်း ထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့် တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ –

  • သွေးလေးတွေ စို့နေမယ်
  • နှုတ်ခမ်းသားလေးတွေ ခပ်ဖောင်းဖောင်း ဖြစ်နေမယ်
  • ကွဲအက်နေမယ်
  • အရေပြား တင်းနေမယ်
  • ယားယံ နေမယ်
  • နာနေမယ်
  • နီရဲ နေမယ်
  • အပေါ်ယံ အရေပြား လန်နေမယ်
  • ရောင်ရမ်းနေမယ် ဆိုရင်တော့ ကျီးကန်းပါးစပ် ခံစားနေရတာ အသေအချာ ပါပဲ။

ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်

ကလေးမှာ ဒီလို အချက်တွေ ရှိနေမယ် ဆိုရင် ကျီးကန်းပါးစပ် ဖြစ်နိုင်ခြေ ပိုများနေ ပါတယ်။

  • ကလေးက မွေးရာပါ ဆီးချိုရောဂါ ခံစားနေရမယ် ဆိုရင်
  • တံထွေး အထွက် များမယ် ဆိုရင်။ တစ်ချိန်လုံး တံထွေးနဲ့ ထိတွေ့နေမယ် ဆိုရင်
  • ကိုယ်ခံအား နည်းမယ် ဆိုရင်
  • အာဟာရ ချို့တဲ့မယ် ဆိုရင်
  • သွေးအားနည်းရောဂါ ရှိမယ် ဆိုရင်
  • သွားဖုံးရောဂါ ရှိနေမယ် ဆိုရင်
  • ကလေးက နှုတ်ခမ်းကို လျှာနဲ့ ခဏခဏ သပ်မယ် ဆိုရင်
  • နှုတ်ခမ်း အရမ်း ခြောက်နေမယ်၊ ကွဲနေမယ် ဆိုရင်
  • နို့တွေ ခဏခဏ အန်မယ်
  • နို့စို့တိုင်း နို့တွေ စီးကျနေမယ်
  • ကလေးက လက် ခဏခဏ စုပ်မယ်
  • နို့သီးခေါင်း စို့မယ်
  • နှုတ်ခမ်းကို ဓာတ်မတည့်တာ တစ်ခုခုနဲ့ ထိတွေ့မိမယ် ဆိုရင်

ဒါတွေအပြင် မှိုနဲ့ ဘက်တီးရီးယားတွေ ကူးစက်ခံရမယ် ဆိုရင်လည်း ကလေးမှာ ကျီးကန်းပါးစပ် ခံစားရနိုင် ပါတယ်။ ကလေးငယ်မှာ သံဓာတ်နဲ့ ဗီတာမင် B လျော့နည်းနေမယ် ဆိုရင်လည်း ကလေးက ကျီးကန်းပါးစပ် ခံစားရနိုင် ပါတယ်။

ကျီးကန်းပါးစပ် မဖြစ်အောင်ဘယ်လိုဂရုစိုက်မလဲ

ကျီးကန်းပါးစပ်က မှိုနဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့်

  • ကလေးကို ဘက်တီးရီးယားနဲ့ မှိုပိုးတွေကနေ အတတ်နိုင်ဆုံး ကာကွယ်ပါ။
  • တစ်ကိုယ်ရေ သန့်ရှင်းရေးကိုဂရုစိုက်ပါ။
  • သွေးအားနည်းရောဂါမဖြစ်စေဖို့အတွက် ကလေးကို သံဓာတ်အားဖြည့်ပေးပါ။
  • ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ သင့်တင့်မျှတအောင် ကျွေးမွေးပေးပါ။
  • ကလေးကို ခံတွင်း၊သွားဖုံး၊ သွားနဲ့ နှုတ်ခမ်းတို့ကို နေ့စဉ် သန့်စင်ပေးပါ။
  • တွေ့ကရာ ပါးစပ်ထဲ ကောက်မထည့်အောင် ဂရုစိုက်ပါ။
  • ချိုလိမ်နဲ့ နို့ဘူးတွေကိုသေချာ ဆေးကြောပါ။
  • ကလေး ခံတွင်း သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သေချာသန့်စင်အောင် ထားပါ။
  • ကလေးကို နှုတ်ခမ်း ခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်အောင် ရေဓာတ် ပြည့်ဝနေဖို့ ဂရုစိုက်ပါ။

ခဏခဏ ပြန်ဖြစ်တာ၊ ကျီးကန်းပါးစပ်က အစာစားလို့ မရအောင် နာကျင်လွန်းမယ်ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ ပြသပါ။ ဒီအချက်လေးတွေကို ဂရုစိုက်လုပ်ပေးမယ်ဆိုရင်တော့ ကလေးက ကျီးကန်းပါးစပ်လို့ခေါ်တဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွဲအက်နာကျင်တဲ့ဝေဒနာကနေကင်းဝေးသွားမှာပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to deal with your child’s cracked, bleeding lipshttps://www.bundoo.com/articles/how-to-deal-with-your-childs-cracked-bleeding-lips/ Accessed Date 17 December 2018

All you need to know about angular cheilitishttps://www.medicalnewstoday.com/articles/320053.php Accessed Date 17 December 2018

Angular Cheilitishttps://www.webmd.com/oral-health/angular-cheilitis#1 Accessed Date 17 December 2018What You Need to Know About Angular Cheilitishttps://www.healthline.com/health/angular-cheilitis Accessed Date 17 December 2018

ယခုပုံစံ

14/03/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးမှာဖြစ်နေတဲ့ အရေပြားပြဿနာတွေပိုဆိုးမသွားအောင် ဘာအစားအစာတွေရှောင်ရမလဲ ။ ။

ကလေးက မကြာခင်လမ်းလျှောက်တော့မှာလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 14/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement