backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင့်ကလေးသည် အလွန်ရွှင်ပျ ဖျတ်လတ်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင့်ကလေးသည် အလွန်ရွှင်ပျ ဖျတ်လတ်နေသလား

သင့်ကလေးသည် စွမ်းအင်ပြည့်ဝနေပုံ ပေါ်သည်။ တစ်နေ့လုံး ဆော့ကစားနေပြီး ရပ်ရန်ပြောသောအခါ အိမ် တွင် ငိုပြီး ဂျီကျနေသည်။ ကလေးများ အားလုံးသည် လှုပ်ရှား တက်ကြွသည်ဟု ထင်သောကြောင့် သင်သည် ၎င်းကို ပုံမှန်ဟု မြင်သည်။ သို့သော်လည်း အလွန်အမင်း ရွှင်ပျဖျတ်လတ်နေသော ကလေးသည် အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ ဖြစ်နေနိုင်သည်ကို သင်တွေးဖူးပါသလား။

အာရုံစူးစိုက်မှု မရသော အလွန်တက်ကြွသည့်ရောဂါ (AHDH) ဆိုတာဘာလဲ။

၎င်းသည် ကလေးများနှင့် ဆယ်ကျော်သက်များ တွင် အဖြစ်များသော ကျန်းမာရေး အခြေအနေတစ်ခု ဖြစ်သည်။ မကြာသေးမီက လေ့လာမှုတစ်ခုအရ AHDH သည် အသက် ၇နှစ်အရွယ် ကလေးများတွင် ဖြစ်လေ့ရှိပြီး မိန်းကလေးများထက် ယောက်ျားလေးများတွင် ပိုဖြစ် သည်။ အောက်ပါ အချက်သုံးချက်ရှိပါက သင့်ကလေး တွင် AHDH ရှိသည်ဟု သတ်မှတ်နိုင်သည်။

  • အာရုံစိုက်မှုမရှိခြင်း။ သင့်ကလေးသည် တစ်စုံတစ်ရာကို အာရုံစိုက်ရန် ခက်ခဲနေမည်။ မဆိုင်သော အမြင်များ၊ အသံများကြောင့် စိတ်ပျံ့လွင့်နေမည်။ အလုပ်တစ်ခု လုပ်ရန် ပေးလိုက်ပါက ပျင်းရိနေပြီး ဂရုမစိုက်သောကြောင့် အမှားများ ပိုလုပ်မိမည်။ အလုပ်တစ်ခုမှ တစ်ခု ကူးပြောင်းလိုစိတ်ပိုများပြီး အလုပ်တစ်ခုမှ မပြီးဘဲ ဖြစ်နေမည်။
  • အငြိမ်မနေခြင်း။ AHDH တွင် အမြင်ရဆုံး လက္ခဏာ တစ်ခု ဖြစ်သည်။ သင့်ကလေးသည် ခဏတာ ထိုင်ခြင်းမရှိဘဲ အဆက်မပြတ် သွားလာ ခြင်း၊ အခြားအရာများကို ကိုင်ခြင်း၊ ကစားခြင်း၊ စကားပြောခြင်းတို့ လုပ်နေမည်။ ကလေးသည် စွမ်းအင် အလွန်ရှိနေပုံပေါ်ပြီး မမောပန်းပါ။
  • စိတ်ကူးပေါက်ရာ လုပ်ကိုင်ခြင်း။ သင့်ကလေး သည် မစဉ်းစားပဲ ချက်ချင်းတုံ့ပြန်ခြင်း ဖြစ်သည်။ ဥပမာ သင်မှ မေးခွန်းတစ်ခု မေးလိုက်သော် ဂရုတစိုက် မစဉ်းစားဘဲ သို့မဟုတ် အလှည့် ရောက်အောင် မစောင့်ဘဲ မေးခွန်းမဆုံးမီ အဖြေ ကို ချက်ချင်း ဖြေလိမ့်မည်။ အဘယ်ကြောင့်ဆို သော် ကလေးသည် အနားယူရန် ငြိမ်သက်ရန် မလွယ်သောကြောင့် ဖြစ်သည်။
  • AHDH သည် သင့်ကလေး၏ ဘဝကို ဘယ်လို သက်ရောက်နိုင်သလဲ။

    AHDH သည် ကလေး၏ လူမှုဆက်ဆံရေး၊ ပညာသင်ကြားရေး၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စသော ဘဝ၏ အဓိက ကဏ္ဍများကို ဆိုးကျိုးများ ဖြစ်စေနိုင်သော အပြုအမှုရောဂါတစ်မျိုး ဖြစ်ပါ သည်။ ကြီးပြင်းလာသော အခါ သူတို့သည် အခြေအနေ အသစ်များစွာကို ရင်ဆိုင်ရမည်။ ADHD ရှိသော ကလေး သည် လူမှုဆက်ဆံရေး ကျွမ်းကျင်မှု မရှိသောကြောင့် အလွယ်တကူ စိတ်ထိခိုက်ခြင်း ဖြစ်လာနိုင်သည်။ စိတ်ဖိစီး မှု ဖြစ်စေသည်။

    ပျောက်ကင်းအောင် ကုသနိုင်သလား။

    ယခုအချိန်တွင် ADHD ကို ပျောက်ကင်းအောင် ကုသ နိုင်ခြင်း မရှိသေးပါ။ သို့သော် ဆေးဖက်ဆိုင်ရာ အမြင်အရ ADHD ကို ဆေးဝါးနှင့် အပြုအမှုကုထုံး ပေါင်းစပ်ပြီး ကုသ ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ ဆရာဝန်သည် သင့် ကလေး၏ အာရုံစိုက်မှုကို တိုးမြင့်စေပြီး စိတ်လှုပ်ရှားမှုကို လျော့နည်းစေသော ဆေးအချို့ ပေးနိုင်သည်။ တစ်ဖက် တွင်လည်း အပြုအမှုကုထုံးသည် မိဘများအပေါ်တွင် တာဝန်ရှိသည်။ ကလေး၏ ပြောဆိုဆက်ဆံရေး ကျွမ်းကျင် ရန် အချိန်ကြာသည်။

    သင့်ကလေးအား သင်ကြားပေးရာ တွင် စိတ်ရှည်သည်းခံပါ။ ၎င်းသည် ကလေး၏ မိမိကိုယ် ကို ထိန်းချုပ်မှုနှင့် ဆက်ဆံရေး စွမ်းရည်များကို ပိုမိုတိုး တက်စေသည်။ ပထမအကြိမ်တွင် ခက်ခဲနိုင်သော်လည်း အားစိုက်မှု များပါက အကျိုးရှိလာမည် ဖြစ်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement