backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ)


Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ကဘာလဲ။

ADHD လို့ လူသိများတဲ့ လှုပ်ရှားလွန်းပြီး အာရုံမစိုက်နိုင်တဲ့ ရောဂါဟာ စိတ်မြန်လက်မြန်ရှိခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း ဆိုတဲ့ စရိုက်လက္ခဏာတွေ ပေါင်းစုနေတဲ့ စိတ်နဲ့အပြုအမူပိုင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကလေးတွေမှာ အများဆုံးတွေ့ရတတ်ပေမယ့် ဆယ်ကျော်သက်နဲ့ လူကြီးဖြစ်တဲ့အထိ ရောဂါလက္ခဏာတွေ မပျောက်ဘဲ ကျန်နေတတ်ပါတယ်။

ADHD ကို အမျိုးအစား သုံးမျိုး ခွဲခြားထားပါတယ်။

ဂနာမငြိမ်မှုပိုမိုပြင်းထန်တဲ့ ADHD – ဒီအမျိုးအစား ADHDရှိသူတွေမှာ ဂနာမငြိမ်ဖြစ်တဲ့လက္ခဏာနဲ့ စိတ်မြန်လက်မြန်အပြုအမူတွေကို အဓိကတွေ့ရလေ့ရှိပါတယ်။

အာရုံမစိုက်နိုင်မှုပိုမိုပြင်းထန်တဲ့ ADHD – ဂနာမငြိမ်မှုပိုမိုပြင်းထန်တဲ့ ADHD ရှိသူတွေမှာ ပူးတွဲတွေ့ရတတ်တဲ့ ပြဿနာဖြစ်ပါတယ်။

လက္ခဏာသုံးမျိုးပေါင်း ADHD – အထက်မှာပြောခဲ့တဲ့ လက္ခဏာသုံးမျိုးလုံး တပြိုင်တည်းရှိနေတဲ့ ADHD ဖြစ်ပါတယ်။

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ADHD ဟာ အလွန်အဖြစ်များပါတယ်။ ကလေးတွေမှာ အဖြစ်အများဆုံး ကျန်းမာရေးပြဿနာတွေထဲက တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ADHD ရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့

ဉာဏ်အားသုံးပြီး အချိန်ကြာကြာလုပ်ဆောင်ရတဲ့ (အိမ်စာကဲ့သို့) အလုပ်တာဝန်တွေကို မနှစ်သက်ခြင်း၊ မလုပ်ခြင်း

အသင်းအဖွဲ့နှင့်မနေတတ်ခြင်း

ညွှန်ကြားချက်တွေကို မလိုက်နာခြင်း၊ ကျောင်းစာ၊ အိမ်အလုပ်တွေကို ပြီးအောင်မလုပ်ခြင်း၊ ဘယ်အရာကိုမှ အာရုံမစိုက်နိုင်ခြင်း၊ အာရုံပျံ့လွယ်ခြင်း

သူများစကားပြောနေစဉ် နားမထောင်ခြင်း

မေ့တတ်ခြင်း

အာရုံပြောင်းလွယ်ခြင်း

အငြိမ်မနေသည့်လက္ခဏာများ

အမြဲလှုပ်ရွနေခြင်း

စကားများခြင်း

ကိုယ့်အလှည့်ရောက်အောင် မစောင့်နိုင်ခြင်း

ငြိမ်ငြိမ်မထိုင်နိုင်ခြင်း၊ ခြေလှုပ်လက်လှုပ် လုပ်နေခြင်း၊ ဂနာမငြိမ်ခြင်း

ငြိမ်ငြိမ်ထိုင်ခိုင်းသော်လည်း မတ်တပ်ထထရပ်ခြင်း

ပတ်ပြေးနေခြင်း၊ ဟိုတွယ်သည်တက်လုပ်ခြင်း

ငြိမ်ငြိမ်သက်သက် မကစားတတ်ခြင်း၊ အနားမယူတတ်ခြင်း

မေးခွန်းမမေးခင် ဖြေချင်ရာဖြေခြင်း

စကားလုပြောခြင်း၊ စကားဖြတ်ပြောခြင်း

ADHD ရှိသူတွေဟာ သူတို့ရဲ့ ဘာကိုမှဂရုမစိုက်တဲ့ အပြုအမှုတွေကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ကလေးမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့ သင့်ကလေးရဲ့ အပြုအမူဟာ သင့်အပေါ် ထူးထူးခြားခြား သက်ရောက်မှုရှိလာပြီဆိုရင် သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။ ADHD ဟာ သင့်တော်တဲ့ ဆေးဝါး၊ အကူအညီ ရယူပြီး ထိန်းချုပ်လို့ရတဲ့ ပြဿနာတစ်ခုဆိုတာ သတိပြုသင့်ပါတယ်။

အကြောင်းရင်းများ

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဘယ်အရာတွေက ADHD ဖြစ်စေတယ် ဆိုတာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် လုံလုံလောက်လောက် မသိရသေးရဘူး။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဦးနှောက်ရဲ့ ဓါတုပစ္စည်းတွေနဲ့ ပတ်သက်မှုရှိလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ လူတစ်ယောက်ရဲ့ ဦးနှောက်မှာရှိတဲ့ ဓါတုပစ္စည်းတွေ မျှခြေပျက်သွားတဲ့အခါ ဒီလူရဲ့ အပြုအမူအပေါ် သက်ရောက်မှုရှိနိုင်တဲ့အတွက် ဒီလိုယူဆကြခြင်းဖြစ်ပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ADHD ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

မျိုးရိုးဗီဇ (ADHD ဟာ မျိုးရိုးလိုက်တတ်ပါတယ်)

ပတ်ဝန်းကျင်နှင့်ထိတွေ့မှု အထူးသဖြင့် ခဲဓါတ်နှင့် ထိတွေ့ခြင်း

ကိုယ်ဝန်ဆောင်စဉ် မိခင်က အရက် သို့မဟုတ် ဆေးလိပ်သောက်ခြင်း

ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း

ပေါင်မပြည့်၊ လမစေ့ဘဲ မွေးခြင်း

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်ကလေးမှာ ADHD မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ADHD ဟုတ်မဟုတ်သိရဖို့ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နိုင်ပေမယ့် များသောအားဖြင့် လူတစ်ယောက်ရဲ့ အပြုအမူနဲ့ တချို့သောအခြေအနေတွေကို ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို အနီးကပ်လေ့လာပြီး ADHD ဟုတ်မဟုတ် အတည်ပြုတာဖြစ်ပါတယ်။

ရောဂါရှာဖွေစမ်းသပ်ခြင်း – သင့်ရဲ့ဆရာဝန်အနေနဲ့ ADHD လို လက္ခဏာမျိုးပြတတ်တဲ့ အခြားရောဂါတွေ ရှိမရှိသိရအောင် ဓါတ်မှန်၊ CT scan စသည်ဖြင့် ရိုက်ဖို့၊ သွေးစစ်ဖို့ အကြံပြုပါလိမ့်မယ်။

ရောဂါရာဇဝင်မေးမြန်းခြင်း – ကလေးမှာ လက်ရှိဖြစ်နေတဲ့ ကျန်းမာရေးပြဿနာတွေ၊ မိသားစု ကျန်းမာရေးအခြေအနေ၊ ကျောင်းမှတ်တမ်းတွေ စတာတွေအကြောင်း မေးမြန်းတဲ့အပြင် ကလေးရဲ့ မိသားစုဝင်တွေ၊ ဆရာဆရာမတွေ၊ ကလေးထိန်း၊ နည်းပြဆရာ စတဲ့ ကလေးနဲ့နီးစပ်သူတွေကို မေးမြန်းတာ၊ မေးခွန်းလွှာဖြေခိုင်းတာတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။

Diagnostic and Statistical Manual of Mental Disorders (DSM) စာအုပ်မှာ ဖော်ပြထားတဲ့ ADHD သတ်မှတ်ချက်နဲ့ ကိုက်ညီပြီးဖြစ်စေ

ကလေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းအကဲဖြတ်တဲ့ အဆင့်လိုက်အမှတ်ပေးစနစ်တွေကို အသုံးပြုပြီးဖြစ်စေ ADHD ဟုတ်မဟုတ် အတည်ပြုနိုင်ပါတယ်။

Attention Deficit Hyperactive Disorder (Adhd) (လှုပ်ရှားလွန်းပြီးအာရုံမစိုက်နိုင်တဲ့ ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ADHD အတွက် စံကုသမှုတွေကတော့ ဆေးဝါးကုသခြင်း၊ အသိပညာပေးခြင်း၊ လေ့ကျင့်ခြင်းနဲ့ နှစ်သိမ့်ဆွေးနွေးခြင်းတို့ပဲ ဖြစ်ပါတယ်။

ဆေးသောက်ခြင်းအားဖြင့် အာရုံမစိုက်နိုင်ခြင်းနဲ့ ဂနာမငြိမ်ခြင်း လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

ဥပမာ

  • Dextroamphetamine (Dexedrine)၊ dextroamphetamine-amphetamine (Adderall)၊ lisdexamfetamine (Vyvanse) အစရှိတဲ့ Amphetamine အုပ်စုဝင် ဆေးဝါးများ
  • Methylphenidate (Concerta, Metadate, Ritalin, others) and dexmethylphenidate (Focalin) စတဲ့ Methylphenidate အုပ်စုဝင် ဆေးဝါးများ
  • Atomoxetine (Strattera).
  • Bupropion (Wellbutrin, others) အစရှိတဲ့ စိတ်ကျဝေဒနာ သက်သာဆေးများ
  • Guanfacine (Intuniv, Tenex)
  • Clonidine (Catapres, Kapvay)

အခြားသော ကုသမှုနည်းလမ်းတွေကတော့

ယောဂကျင့်ခြင်း သို့မဟုတ် တရားမှတ်ခြင်းအားဖြင့် ကလေးတွေကို စိတ်ပြေလျော့စေပြီး စည်းကမ်းလိုက်နာစေနိုင်ပါတယ်။

ဓါတ်စာ – ADHD အတွက် အထူးပြုလုပ်ထားတဲ့ ဓါတ်စာတွေမှာ သကြားဓါတ်နဲ့ ဂျုံ၊ နို့၊ ဥ စတဲ့ နေ့စဉ်စားသုံးနေကျ အာဟာရတွေပါဝင်ပါတယ်။

ဗီတာမင်၊ သတ္တုဓါတ်နဲ့ အခြားအာဟာရဓါတ်တွေ ပါဝင်ပြုလုပ်ထားတဲ့ မှတ်ပုံတင်ပြီး ဖြည့်စွက်စာတွေဟာလည်း ADHD ကလေးတွေအတွက် ကုသမှုတစ်မျိုး ဖြစ်နိုင်ပါတယ်။

ကလေးရဲ့ဦးနှောက် ပုံမှန် အလုပ်လုပ်စေဖို့အတွက်တော့ Omega-3 oil လို fatty acid တွေ အဓိကလိုအပ်ပါတယ်။

ကလေးတွေရဲ့ ဦးနှောက်အရှေ့ခြမ်းက လှုပ်ရှားမှုလှိုင်းတွေ ပုံမှန်ဖြစ်နေအောင် အာရုံကြောတုန့်ပြန်မှု လေ့ကျင့်ခန်းတွေက အကူအညီပေးနိုင်ပါတယ်။

ဒီလိုကုသမှုတွေအပြင် လေ့ကျင့်ခန်းလုပ်စေခြင်းဟာလည်း ကလေးတွေရဲ့ အပြုအမှုအပေါ် ကောင်းတဲ့အကျိုးသက်ရောက်မှု ရရှိစေမှာဖြစ်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ADHD ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ADHD ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

အပြုအမူဆိုင်ရာကုထုံး – ဒီကုထုံးဟာ ကလေးရဲ့ မိဘနဲ့ ဆရာဆရာမတွေကို အခက်အခဲဖြစ်လာတဲ့ အခြေအနေတွေမှာ ကျင့်သုံးဖို့ ဆုပေးစနစ်၊ အနားယူချိန်ပေးခြင်း စတဲ့ အပြုအမူပြောင်းလဲခြင်းဆိုင်ရာ နည်းလမ်းတွေ သင်ကြားပြသ အသုံးပြုစေခြင်း ဖြစ်ပါတယ်။

စိတ်ကုထုံး – ဒီကုထုံးကတော့ ADHD ရှိတဲ့ အသက်ကြီးတဲ့ ကလေးတွေကို သူတို့အတွက် အနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စတွေအကြောင်း ပြောပြစေပြီး သူတို့မှာဖြစ်နေတဲ့ မကောင်းတဲ့ အပြုအမူပုံစံတွေကို ကိုယ်တိုင်ရှာဖွေသတိပြုရင်း ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတွေ သင်ပြပေးခြင်းပဲဖြစ်ပါတယ်။

အုပ်ထိန်းမှုပုံစံလေ့ကျင့်ခြင်း – မိဘတွေအနေနဲ့ မိမိတို့သားသမီးတွေရဲ့ အပြုအမူတွေကို နားလည်လမ်းပြနိုင်အောင် နည်းလမ်းတွေ သင်ပြပေးခြင်းဖြစ်ပါတယ်။

မိသားစုကုထုံး – ADHD ကလေးကြောင့် ရလာတဲ့ စိတ်ဖိစီးမှုတွေကို ဖြေရှင်းနိုင်ဖို့ ကလေးရဲ့ မိဘ၊ ညီအစ်ကိုမောင်နှမတွေကို ကူညီပေးခြင်းဖြစ်ပါတယ်။

လူမှုဆက်ဆံရေးလေ့ကျင့်ခြင်း – ADHD ကလေးတွေ လှုမှုဆက်ဆံရေးပိုင်းမှာ လိုက်နာရမယ့် အပြုအမူတွေကို တန်ဖိုးထားလိုက်နာတတ်အောင် သင်ပြပေးခြင်းဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement