backup og meta

ကလေးကို ဘယ်လောက်တစ်ခါ မိခင်နို့တိုက်ကျွေး ဖို့လိုသလဲ။

ကလေးကို ဘယ်လောက်တစ်ခါ မိခင်နို့တိုက်ကျွေး ဖို့လိုသလဲ။

ကလေးတိုင်းအတွက်မိခင်နို့ရည်သောက်သုံးမှုလိုအပ်ချက်သည်တစ်ယောက်နှင့်တစ်ယောက်မတူညီပါ။ တစ်ဦးတစ် ယောက်ခြင်းစီ၏ကွာခြားချက်များနှင့်ကျန်းမာရေး အခြေအနေများသည်မတူညီသောကြောင့်ဖြစ်ပါသည်။ မွေးကာစ အစောပိုင်းလများတွင် သင့်ကလေးသည်အချိန်သတ်သတ်မှတ်မှတ်မထားဘဲ မိခင်နို့ကို လိုသလိုတိုက်ဖို့ လိုအပ်ပါသည်။ နောက်ပိုင်းတွင်တော့ ကလေးအများစု၏ နို့တိုက်ချိန် သည် တစ်နေ့လျှင် အနည်းဆုံး ရှစ်ကြိမ်နှင့် အထက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်ကလေးသည် မိနစ်ကိုးဆယ် မှ နှစ်နာရီတိုင်းတွင် နို့တောင်း ကောင်းတောင်းပါလိမ့်မည်။ သို့ဖြစ်၍ သားဦးမိခင်များသည် သူတို့၏ကလေးများကို ဘယ်လောက်ခြားတစ်ခါနို့တိုက်ရမည်နှင့်ပက်သက်ပြီး သိလိုကြပါသည်။ အောက်တွင်အကြံပြုချက်များပါဝင် ပါသည်။

သင့်ကလေးကိုနည်းနည်းနှင့်မကြာခဏနို့တိုက်ပါ။

သင့်ကလေးကိုနည်းနည်း နှင့် ခဏခဏ နို့တိုက်ခြင်းသည် နို့ရည်စီးဆင်းမှု အားကောင်းစေပါသည်။ နို့တိုက်ခြင်းသည် သင်၏ခန္ဓါကိုယ်ကိုနို့ထုတ်လုပ်ခြင်းပြုလုပ်ရန်အတွက် အချက်ပြခြင်းတစ်ခုဖြစ်ပါသည်။ အကယ်၍ သင်သည်သင့်ကလေးကိုမိခင်နို့မကြာခဏတိုက်မည်ဆိုပါက ကလေးနို့များများစို့လေလေ သင်နို့များများထွက်လေလေဖြစ်ပါလိမ့်မည်။ ကလေးနို့စို့များလာလေ သင်၏နို့သည်ပိုမို၍ပျစ်လာလေဖြစ်ပါသည်။ UNICEF က ကလေးများဗိုက်ဆာလျှင်ပြုလုပ်သော အချက်ပေးချက်အပြုအမှုများကို မိခင်များနားလည်စေဖို့ အကြံပြုအားပေးထားပါသည်။ မိခင်များသည်ကလေးများ ဗိုက်ဆာသောအခါငိုလိမ့်မည်ဟုထင်တတ်ကြပါသည်။ အမှန်တကယ်တော့ကလေးများဗိုက်ဆာလျှင်ငိုခြင်းတစ်ခုတည်းမဟုတ်ဘဲ အခြားသောလက္ခဏာရပ်များလည်း ပြသနိုင်ပါသည်။ ကလေးငယ်များသည်နို့ဆာလျှင် ဂဏှာမငြိမ်ဖြစ်လိမ့်မည်။ နှုတ်ခမ်းများကိုလျက်လိမ့်မည်။ လက်စုပ်လိမ့်မည် သို့မဟုတ် အနီးအနားရှိစောင်များကိုစုပ်လိမ့်မည်။ ထို့နောက် မိခင်နို့ကိုရှာလိမ့်မည်။ ကလေးအားလုံးသည် တစ်ယောက်နှင့်တစ်ယောက်မတူနိုင်ပါ။ အချို့ကလေးများသည် နို့ခဏခဏစို့နိုင်သကဲ့သို့ အချို့ကလေးများသည်နို့နည်းနည်းစို့ပြီးလျှင် အချိန်အကြာကြီးဗိုက်ဝနေတတ်သည်။ ထိုအလေ့အကျင့်များအကုန်လုံးသည် ပုံမှန်သာဖြစ်ပါသည်။

ကြီးထွားဖွံ့ဖြိုးမှုများ

ကလေး အသက်ခြောက်ပတ်ခန့်တွင်မိခင်၏နို့သည် ကလေး၏ကြီးထွားမှုအတွက် အံ့သြစရာကောင်းသော သက်ရောက်မှုများရှိနိုင်ပါသည်။ဤအချိန်တွင် သင်၏ရင်သားသည် ပိုပြီးနူးညံ့ကာ သေးသွားသည်ဟုသင်ခံစားရလိမ့်မည်။ သင့်ခန္ဓါကိုယ်သည် ကလေး လိုအပ်သလောက် နို့ရည်ကို အလုံအလောက်ထုတ်ပေးနိုင်ဖို့ ထိန်းချုပ်နိုင်ပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော်မွေးကာစကလေးများ၏အစောပိုင်းနေ့ရက်များတွင်သင်သည်နို့ခဏခဏတိုက်သင့်သည်။ဤသို့အားဖြင့်နို့ထုတ်လုပ်ခြင်းကိုလှုံဆော်ပေးနိုင်သကဲ့သို့နို့တိုက်ခြင်းအလေ့အကျင့်ကိုလည်းအဆင်ပြေစေသည်။ သင့်ကလေးငယ်ပိုမိုအားသန်လာပြီးအသက်ပိုကြီးလာသောအခါတွင်သင်သည်တစ်ခါတိုက်လျှင် နှစ်နာရီမှသုံးနာရီအထိ အချိန်ခြားနိုင်သည်။ သင်၏အချိန်ဇယားအတိုင်း သင့်ကလေးမြန်မြန်လိုက်နာနိုင်လေလေ ကလေးကိုပြုစုစောင့်ရှောက်ရပိုလွယ်လေလေဖြစ်ပါသည်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.babycentre.co.uk/x546905/how-often- should-i- breastfeed-my- baby accessed on 7th November
2016

https://essentialparent.com/lesson/how-often- should-i- breastfeed-my- baby-2025/ accessed on 7th November
2016

http://www.babies.sutterhealth.org/breastfeeding/bf_frequency.html accessed on 7th November 2016

http://www.llli.org/faq/frequency.html accessed on 7th November 2016

ယခုပုံစံ

03/06/2022

Dr. Kaung Thar မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ



Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement