backup og meta

ကလေးအသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း ဘယ်လိုတိုက်ကျွေးမလဲ။


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း ဘယ်လိုတိုက်ကျွေးမလဲ။

    မိခင်နို့သည်ကလေးများအတွက် အကောင်းဆုံးအာဟာရအရင်းအမြစ်တစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ မိခင်များကို မိမိတို့၏ကလေးငယ်များအား အသက်ခြောက်လ အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းဖြင့် ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ပြီး ကျန်းမာစေဖို့အတွက်လမ်းညွှန်ထားပါသည်။ အောက်တွင် အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်း ဘယ်လိုအောင်မြင်စွာ တိုက်ကျွေးမလဲဆိုသည့်နည်းလမ်းများကို ဖော်ပြပေးထားပါသည်။

    အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းတိုက်ကျွေး ခြင်း၏အကျိုးကျေးဇူးများ

    မိခင်အတွက်

    • ကယ်လိုရီများလျော့ကျပြီးကိုယ်အလေးချိန်မြန်မြန်ကျစေသည်။
    • သားအိမ်မြန်မြန်ကျုံ့စေသည်။
    • ကလေးမွေးပြီး သားအိမ်သွေးသွန်ခြင်းကို လျှော့ချပေးသည်။
    • ဆီးချို၊နှလုံးရောဂါ၊အရိုးပွ၊ ရင်သားကင်ဆာရောဂါဖြစ်နိုင်ခြေများ လျှော့ချပေးသည်။
    • သွေးတွင်းသကြားဓါတ်နှင့် ကိုလက်စထရောထိန်းချုပ်မှု အားကောင်းစေသည်။

    ကလေးအတွက်

    • ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေသည်။
    • ဓါတ်မတည့်ခြင်း၊ ဆီးချို၊ ပန်းနာရင်ကျပ်ဖြစ်ပွားမှုများ လျော့ကျစေသည်။
    • ရောဂါများပိုးမွှားများကိုကိုယ်ခံအားပိုမိုကောင်းစေသည်။
    • သွားပိုးပေါက်ဖြစ်ခြင်းမှာကာကွယ်ပေးသည်။

    ယနေခေတ်တွင်ကြုံတွေ့ရသော အခက်အခဲများ

    တကယ်လက်တွေ့တွင် ကလေးငယ်များ၏ တစ်ဆယ့်ငါးရာခိုင်နှုန်း အောက်ကိုသာလျှင် အသက်ခြောက်လပြည့်သည်အထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးနေကြပါသည်။ အသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းတိုက်ကျွေးဖို့မိခင်များအတွက်ဘာကြောင့်ခက်ခဲနေသလဲဆိုရင်

    • မိခင်များသည်အသက်ခြောက်လအထိနို့ လုံလောက်စွာမထုတ်နိုင်ဘူးဟု အထင်အမြင်မှားကြသည်။
    • နို့တိုက်၍နာကျင်မည်ကိုကြောက်ကြသည်။
    • အလုပ်လုပ်ရခြင်းတွေကြောင့် အလုပ်ရှုပ်ပြီးမိခင်ကိုပင်ပန်းနွမ်းနယ်စေသည်ဟု ထင်ကြသည်။
    • ဆရာဝန်များနှင့်မိသားစုဝင်များထံမှ နှစ်သိမ့်အားပေးမှုနှင့်ပညာပေးမှုမရရှိကြပါ။
    • လူကြားထဲတွင် ကလေးနို့တိုက်ရမည်ကို ရှက်ကြသည်။

    ခြောက်လအထိမိခင်နို့တစ်မျိုးတည်းဘယ်လိုတိုက်ကျွေးမလဲ။

    မိခင်နို့တိုက်ကျွေးဖို့အတွက် လိုအပ်သောအကြံဉာဏ်နှင့် သတင်းအချက်အလက်ရရှိဖို့အတွက်သင်တန်းတက်ပါ။ ကလေးမွေးပြီးပြီးချင်းမှစ၍မိခင်နို့တိုက်ကျွေးပါ။ ကလေးရောမိခင်ရောနှစ်ဦးလုံးအဆင်ပြေမည့် နို့တိုက်နည်းပုံသဏ္ဍာန်များကို စမ်းသပ်တိုက်ကျွေးကြည့်ပါ။ နို့ဘယ်လိုညှစ်မလဲနို့ဘယ်လိုသိမ်းဆည်းထားမလဲဆိုတာကိုလေ့လာပါ။

    • သင်၏အလုပ်ရှင်နှင့်လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးပါ။ အလုပ်ထဲတွင် သက်တောင့်သက်သာရှိရှိနှင့် ကလေးဘယ်လိုနို့တိုက်ရမလဲဆိုသည့်အကြောင်းကို ဆွေးနွေးပါ။
    • သင်ကိုယ်တိုင်ရေကို လုံလုံလောက်လောက်သောက်ပါ။ အာဟာရှိသောအစားအစာစားပါ။
    • သင်တစ်ယောက်ထဲ မကြိုးုစားပါနှင့်။ သင်၏အိမ်ထောင်ဖက်နှင့်သင့်မိသားစုကို တိုင်ပင်ဆွေးနွေးပြီး သူတို့ထံမှအားပေးမှုနှင့်ကူညီမှုရယူပါ။
    • သင်တကယ်ကို မောပန်းနွမ်းနယ်သွားသောအခါတွင်နို့ဘူးအနည်းငယ်ရောတိုက်ပါ။

    နိုတိုက်နေစဉ်ခြောက်လအတွင်းစိန်ခေါ်မှုများ

    • ကလေးဂျီကျခြင်း
    • ကလေးသွားပေါက်ပြီးမိခင်နို့အုံ အားကိုက်ခြင်း
    • မိခင်နို့ထွက်နှုန်း လျော့ကျလာခြင်း
    • စိတ်သောကရောက်ခြင်း

    မိခင်များသည် ဤကဲ့သို့အခက်အခဲများကို ကြုံတွေ့ရနိုင်သော်လည်း မိခင်နို့တိုက်ခြင်း၏အကျိုးကျေးဇူးများသည် အမှန်ပင်များပြားလှပါသည်။ ထို့ကြောင့်စိတ်ဓါတ်မကျဘဲနှင့် ခြောက်လအထိ မိခင်နို့တိုက်ကျွေးဖို့ အကောင်းဆုံးကြိုးုစားကြည့်ရန် တိုက်တွန်းလိုက်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement