home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။ ။

ကိုယ်ဝန်ဆောင်ချိန် နှင့် sex ကိစ္စ ။  ။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။ ဒါကိုယ်ဝန်သည်တွေ တော်တော်များများ ဇဝေဇဝါဖြစ်ပြီး မေးလေ့ရှိကြတဲ့ ကိစ္စတစ်ခုပါ။ ဒီဆောင်းပါးထဲမှာတော့ ကိုယ်ဝန်သည်တွေ အမျိုးသားနဲ့ အတူနေလို့ ရမရ ကိစ္စနဲ့ ပက်သက်လို့ အမေးများတဲ့ မေးခွန်းတွေကို ပြန်ဖြေပေးတော့မှာ ဖြစ်ပါတယ်။ ။

ကိုယ်ဝန်ဆောင်နှင့် sex ကိစ္စ ။ ။

Q – ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရလား။

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသားနဲ့ အတူနေလို့ရပါတယ်။ ဗိုက်ထဲက သင့်ကလေးကို ထိခိုက်စေမှာလည်း မဟုတ်သလို ကလေးပျက်ကျတာမျိုးကိုလည်းဖြစ်စေမှာ မဟုတ်ပါဘူး။

Q – ကိုယ်ဝန်ကြီးနဲ့ အမျိုးသားနဲ့ အတူနေမိရင် ကလေးကို ထိခိုက်မိစေတတ်လား။

သင့်ကလေးရှိနေတဲ့ သားအိမ်ရယ်၊ ရေမြွှာရေရယ်၊ ရေမြွှာအိတ်တွေရယ်က သင့်ကလေးကို အကောင်းဆုံး ကာကွယ်ပေးထားတာဖြစ်လို့ အတူနေမိတာလောက်နဲ့တော့ ကလေးကို မထိခိုက်စေပါဘူး။

Q -ကိုယ်ဝန်က လိင်ကိစ္စစိတ်ဝင်စားမှု အပေါ် သက်ရောက်မှုရှိလား။ ။

ဒါကတော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီနိုင်ပါဘူး။ လေ့လာချက်တွေအရ ကိုယ်ဝန် ဒုတိယ ၃လ မှာ အမျိုးသမီးတစ်ယောက်ရဲ့ လိင်ကိစ္စစိတ်ဝင်စားမှု မြင့်နေတတ်တယ်လို့ ဆိုပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်သက် ဒုတိယ ၃လမှာ အတူနေဖို့ကိစ္စကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်သက် ပထမ ၃ လမှာတော့ ကိုယ်ဝန်ကြောင့်ရတဲ့ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းနဲ့ သက်တောင့်သက်တာ မရှိမှုတို့ကြောင့် လိင်ကိစ္စမှာ စိတ်ဝင်စားမှုနည်းနေတတ်ပါတယ်။

ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။

Q -ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အတူနေတဲ့ကိစ္စကို ဘယ်နှစ်လ အထိရှောင်ရမှာလဲ ။

ဘာပြဿနာမှမရှိတဲ့ ပုံမှန်ကိုယ်ဝန်ဖြစ်ပြီး နှစ်ဦးစလုံးက အတူနေဖို့ စိတ်ပါနေတယ်ဆိုရင် ရှောင်စရာမလိုပါဘူး။ ကိုယ်ဝန် ဘယ်နှစ်လအထိ အတူနေလို့မရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။

Q -ကိုယ်ဝန်ဆောင်ချိန် အတူနေမိပြီး သွေးဆင်းရင် ဘာလုပ်ရမလဲ ။ ။

ကိုယ်ဝန်သက်တမ်းရင့်လာလေလေ အီစတိုဂျင် ဟော်မုန်းတွေ များလာလေလေ သွေးလည်ပတ်မှုတွေ ကောင်းလာလာလေလေဖြစ်လို့ ကိုယ်ဝန်ကြီးနဲ့ အတူနေမိပြီး နောက်ပိုင်း သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။

Q – ဘယ်လို ကိုယ်ဝန်မျိုးဆို အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရမလဲ ။ ။

  • အချင်းရှေ့ရောက်နေတဲ့ ကိုယ်ဝန် – သွေးတွေအများကြီးဆင်းတတ်လို့ပါ။
  • ရေမြွှာအိတ်ပြဲသွားပြီး ရေဆင်းနေတဲ့အချိန်နဲ့- ရေမြွာရေကနေ တစ်ဆင့် ကလေးဆီကို ပိုးတွေဝင်သွားနိုင်လို့ပါ။
  • နေ့မစေ့ လမစေ့ဘဲ မွေးချင်နေတဲ့ ကိုယ်ဝန်သည်တွေ- လိင်ကိစ္စ အထွတ်အထိပ်ရောက်တဲ့ သားအိမ်က ကျုံ့သွားတတ်တာကြောင့် အချိန်မတိုင်ခင် မီးဖွားသွားနိုင်တဲ့အတွက် အတူနေတဲ့ ကိစ္စကိုလုံးဝရှောင်ရပါမယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။