ကိုယ့်ဝန်သက် တတိယ ၃ လ မီးဖွားခါနီးမှာ ကြီးလာတဲ့ ဗိုက်ကြောင့် သက်တောင့်သက်တာ မရှိတဲ့အပြင် ခါးတွေလည်း ကိုက်တတ်တာကြော့င် လိင်ကိစ္စကို စိတ်မဝင်စားနိုင်ကြတော့ပါဘူး။
Q -ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အတူနေတဲ့ကိစ္စကို ဘယ်နှစ်လ အထိရှောင်ရမှာလဲ ။
ဘာပြဿနာမှ မရှိတဲ့ ပုံမှန် ကိုယ်ဝန်ဖြစ်ပြီး နှစ်ဦးစလုံးက အတူနေဖို့ စိတ်ပါနေတယ်ဆိုရင် ရှောင်စရာမလိုပါဘူး။ ကိုယ်ဝန် ဘယ်နှစ်လအထိ အတူနေလို့မရဘူးဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။
Q -ကိုယ်ဝန်ဆောင်ချိန် အတူနေမိပြီး သွေးဆင်းရင် ဘာလုပ်ရမလဲ ။ ။
ကိုယ်ဝန်သက်တမ်း ရင့်လာလေလေ အီစထရိုဂျင် ဟော်မုန်းတွေ များလာလေလေ သွေးလည်ပတ်မှုတွေ ကောင်းလာလေလေ ဖြစ်လို့ ကိုယ်ဝန်ကြီးနဲ့ အတူနေမိပြီး နောက်ပိုင်း သွေးဆင်းတာတွေ ဖြစ်တတ်ပါတယ်။ စိုးရိမ်တတ်ရင်တော့ ဆရာဝန်ဆီ သွားပြစေချင်ပါတယ်။
Q – ဘယ်လို ကိုယ်ဝန်မျိုးဆို အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရမလဲ ။ ။
- အချင်းရှေ့ရောက်နေတဲ့ ကိုယ်ဝန် – သွေးတွေအများကြီးဆင်းတတ်လို့ပါ။
- ရေမြွှာအိတ်ပြဲသွားပြီး ရေဆင်းနေတဲ့ အချိန်- ရေမြွာရေ ကနေ တဆင့် ကလေးဆီကို ပိုးတွေ ဝင်သွားနိုင်လို့ပါ။
- နေ့မစေ့ လမစေ့ဘဲ မွေးချင်နေတဲ့ ကိုယ်ဝန်သည်တွေ- လိင်ကိစ္စ အထွတ်အထိပ်ရောက်တဲ့အခါ သားအိမ်က ကျုံ့သွားတတ်တာကြောင့် အချိန်မတိုင်ခင် မီးဖွားသွားနိုင်တဲ့အတွက် အတူနေတဲ့ ကိစ္စကို လုံးဝ ရှောင်ရပါမယ်။
Dr. Thin Yadanar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။