backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးဝမ်းချုပ်စေသော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးဝမ်းချုပ်စေသော အစားအစာများ

ကလေးဘဝရဲ့ အစောပိုင်းကာလတွေမှာ ဖြည့်စွက်စာကျွေးခြင်းဟာ အလွန်အရေးပါပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစားအစာရွေးရတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ကလေးဟာ ဝမ်းချုပ်နေရင်တော့ ဖြစ်နိုင်ချေရှိတာက အောက်ပါအစားအစာများကို လိုတာထက်ပိုစားမိလို့ပါပဲ။

ချိုလွန်းသော အစားအစာများ

နေ့တိုင်းမကြာခဏ သကြားလုံး၊ ဘီစကစ်၊ မုန့်အချိုတွေကို ကလေးတွေက နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒီမုန့်တွေမှာ သကြားဓါတ်အများအပြားပါဝင်ပြီး အမျှင်ဓါတ်လုံးဝမပါဝင်ပါဘူး။ ဒါ့အပြင် သကြားလုံးတွေစားတာက ဝမ်းချုပ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပြီး ကလေးတွေကို ခံတွင်းပျက်ခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်အောင်လုပ်တဲ့ တရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ သကြားပါတဲ့အစားအစာတွေကို ကန့်သတ်ရပါမယ်။

နို့နှင့်နို့ထွက်ပစ္စည်းများ

ထောပတ်၊ ချိစ်၊ မလိုင်စတာတွေဟာ ကလေးရဲ့အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ်ကို ပံ့ပိုးပေးတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိရင် ဝမ်းချုပ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားပါဝင်မှုနှုန်းများပြီး အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနည်းပဲတိုက်တာ ကောင်းပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ ဗီတာမင်နဲ့အာဟာရဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒါပေမယ့် ကလေးငယ်ရဲ့နူးညံ့တဲ့ အစာချေစနစ်က ငှက်ပျောသီးအများကြီးစားမိရင် မချေဖျက်နိုင်ပဲ ဝမ်းချုပ်စေနိုင်ပါတယ်။ ၂ရက် ၃ရက်မှာ တစ်လုံးလောက်ပဲ ကျွေးသင့်ပါတယ်။

အသား

အသားမှာပါဝင်တဲ့ ပရိုတင်းဓါတ်ဟာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်ကောင်းမွန်ပါတယ်။

ဒါပေမယ့် အများကြီးစားမိရင်တော့ ဝမ်းချုပ်တာ၊ အလေးချိန်တက်တာ၊ အဝလွန်တာဖြစ်စေပါတယ်။ သင့်တင့်မျှတတဲ့ ပမာဏလောက်သာကျွေးပါ။ အမဲသား၊ဝက်သား၊အနီရောင်အသားတွကို ရှောင်ကျွေးသင့်ပါတယ်။ အသားတွေကို ချက်တဲ့အခါ အသီးအရွက်နဲ့ ရောချက်သင့်ပါတယ်။

အဆီများတဲ့ အစားအစာများ

အဆီများတဲ့အစားအစာတွေဟာ ကလေးအတွက် လုံးဝမကောင်းပါဘူး။ ကိုလက်စထရောမြင့်မားပြီး ပြည့်ဝဆီတွေပါဝင်နေလို့ဖြစ်ပါတယ်။ တစ်ကယ်လို့ ကလေးငယ်ကို အကြာကြီးဝမ်းမချုပ်နေစေချင်ရင် ဖြည့်စွက်စာတွေမှာ အဆီပါဝင်မှုကို ကန့်သတ်ထားသင့်ပါပြီ။

ကဖင်းဓါတ်ပါဝင်သော အစားအစာများ

ကလေးတွေကြိုက်နှစ်သက်တဲ့ ကာဗွန်နိတ်ဖျော်ရည်တွေ၊ ချောကလက်နဲ့ ချောကလက်ပါဝင်တဲ့ သောက်စရာတွေမှာ ကဖင်းဓါတ်မြင့်မားစွာပါဝင်ပါတယ်။ မိခင်တွေက ဂရုမစိုက်မိပဲ ဒီလိုအစားအစာတွေကိုကျွေးရင် ကလေးငယ်တွေမှာ ရုတ်တရက်ဝမ်းချုပ်တာမျိုး ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ကဖင်းဓါတ်ဟာ စိတ်ပူပန်မှု၊ အသက်ရှုရခက်ခြင်း၊ စိတ်ကျဉ်းကြပ်ခြင်းတွေကို အလွယ်တကူဖြစ်စေတတ်တာမို့ ဒီအစားအစာတွေကို စားသုံးတာကိုလည်း ကန့်သတ်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement