ကလေးနို့ဗူးသောက်တဲ့အကျင့်ကို ဒီလိုဖျောက်ပါ


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနို့ဗူးသောက်တဲ့အကျင့်ကို ဒီလိုဖျောက်ပါ

    ကလေးကအရွယ်လေးရောက်လာပြီ အစားမစားဘူး၊ နို့ဗူးပဲသောက်နေတယ်၊ အစားစားအောင်လို့ နို့ဗူးဖြတ်ချင်တယ်။ ဒါပေမယ့်ဘယ်လိုလုပ်ရမလဲ မသိဘူးဆိုတဲ့မေမေတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါနော်။ ကလေးကို နို့ဗူးရေရှည်စွဲတိုက်တာကကောင်းကျိုးထက်ဆိုးကျိုးပိုများပါတယ်။

    ကလေးကို ဘယ်အချိန်မှာ နို့ဗူးစဖြတ်မလဲ

    ကလေးကို နှစ်နှစ်အထိ မိခင်နို့တိုက်ပေးတာက ခန္ဓါကိုယ်ကိုကျန်းမာစေနိုင်သလို ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အပံ့ပေးတယ်ဆိုပေမယ့် နို့ဗူးတိုက်တာကတော့ ဒီလိုမဟုတ်ပါဘူး။ ကလေးကို အသက်တစ်နှစ်လောက်ရောက်လာပြီဆိုရင် မိခင်နို့နဲ့ဖြည့်စွက်စာကိုပဲ အာဟာရပြည့်အောင်ကျွေးမွေးပြီး နို့ဗူးတိုက်တဲ့အကျင့်ကိုဖျောက်ရပါမယ်။ ဒီလိုမှ ကလေးမှာ နို့ဗူးရေရှည်စွဲသောက်တာကြောင့်ဖြစ်နိုင်တဲ့ အဝလွန်တာသွားပိုးစားတာ၊ ကြီးထွားမှုနှေးတာနဲ့ အာဟာရမပြည့်တာလိုမျိုး ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းနိုင်မှာပါ။

    နို့ဗူးဖြတ်တဲ့အခါ ဒီနည်းလမ်းတွေက အသုံးတည့်နိုင်ပါတယ်

    ကလေးတော်တော်များများက နို့ဗူးစို့ရတာကိုတော်တော်လေးသဘောကျတတ်တာမျိုးလည်းရှိပါတယ်။ ဒီလိုအခြေအနေမျာတော့ နို့ဗူးဖြတ်ဖို့က အခက်ကြုံနိုင်တာပေါ့။ နို့ဗူးဖြတ်တာက မိဘတွေအတွက်တော်တော်လေးကြီးမားတဲ့ စိန်ခေါ်မှုပါ။ ဒီလိုဆိုတာနဲ့ နို့ဗူးကိုလုံးဝဖြတ်လို့မရတာတော့မဟုတ်ပါဘူး။ နည်းနည်းတော့ ခက်ခဲနိုင်တာပေါ့။ အခုပြောပြမယ့်နည်းလမ်းလေးတွေက ကလေးတစ်ယောက်ကို နို့ဗူးဖြတ်တဲ့အခါ အသုံးတည့်မှာပါနော်။

    ကလေးကိုနို့ဖြတ်တော့မယ်ဆိုရင်

    ခွက်နဲ့သောက်တတ်အောင်လုပ်ပေးပါ – အသက် ၆ လအရွယ်မှာ ကလေးကို နို့ဗူးအစား ခွက်နဲ့သောက်တတ်တဲ့အလေ့အကျင့်ကိုလုပ်ပေးပါ။ တစ်ချိန်လုံး ခွက်နဲ့ပေးသောက်ရမယ်၊လို့မဆိုလိုပါဘူး။ တစ်နေ့ကို တစ်ကြိမ်လောက်ဖြစ်ဖြစ် ခွက်နဲ့သောက်ပေးစေတာမျိုးပေါ့။ လူကြီးကခွက်ကိုထိန်းပေးထားဖို့တော့လိုအပ်ပါမယ်နော်။

    နို့မှုန့်ကနေ နွားနို့ြေပါင်းတိုက်ပါ – ကလေးအသက် ၁ နှစ်လောက်ဖြစ်လာပြီဆိုရင် ကလေးကို နို့မှုန့်အစား နွားနို့ပြောင်းတိုက်ဖို့လုပ်ပေးပါ။ နွားနို့ကို ဗူးနဲ့မတိုက်ဘဲ ခွက်နဲ့တိုက်ပေးဖို့လုပ်ပေးပါ။ မိခင်နို့ကိုတော့ ဆက်တိုက်နေပေးပါ။ဖြစ်နိုင်ရင် မိခင်နို့ကို ညှစ်ထုတ်ပြီး ခွက်နဲ့တိုက်ပေးပါ။

    ကလေးကိုခွက်လှလှလေးဝယ်ပေးပါ – ကလေးကို ခွက်နဲ့သောက်တတ်ဖို့ဆိုရင် လုပ်ပေးနိုင်မယ့်နောက်ထပ်ကောင်းတဲ့နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးကိုသောက်ချင်စရာလေးဖြစ်စေဖို့အတွက် ခွက်လှလှလေးဝယ်ပေးပါ။

    ကလေးကိုချီးကျူးပေးပါ -ကလေးက ခွက်နဲ့ သောက်တဲ့အခါတော်လိုက်တာ၊ ကလေးကသောက်တတ်တယ်တော့၊ လိမ္မာလိုက်တာဆိုတဲ့ ချီးကျူးစကားလေးတွေပြောပေးပါ။ ဒီလိုပြောပေးတာက ကလေးကို ခွက်နဲ့သောက်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးရာကျပါတယ်။

    ရေရောပါ – ကလေးသောက်ဖို့နို့ဖျော်တဲ့အခါ နို့မှုန့်နည်းနည်းနဲ့ရေများများလေးထည့်ပြီးဖျော်ပေးပါ။ နို့က အရသာပေါ့နေမယ်ဆိုရင် ကလေးက သိပ်မသောက်ဖြစ်တော့ပါဘူး။ ဒီနည်းက ကလေးနို့ဗူးမသောက်အောင်လုပ်ဆောင်ရာမှာ အသုံးတည့်နိုင်ပါတယ်။

    ကလေးကိုသောက်ပြပါကလေးေရှ့မှာထိုင်လို့မေမေ့ကိုကြည့်ပါဦး၊လို့ စကားစမြည်ပြောပြီး ခွက်နဲ့သောက်ပြပေးပါ။ ကလေးက မိခင်လုပ်တဲ့အတိုင်းလိုက်လုပ်ချင်တာကြောင့် နို့ဗူးအစား ခွက်နဲ့ လိုက်သောက်ပါလိမ့်မယ်။

    မြင်ကွင်းကနေဖျောက်ထားပါ – ကလေးလက်လှမ်းမီတဲ့နေရာ၊မြင်သာတဲ့နေရာတို့မှာ နို့ဗူးကိုမထားပါနဲ့။ကြောင်အိမ်ထဲထည့်သိမ်းထားတာမျိုးဖြစ်ဖြစ်မြင်ကွင်းကနေပျောက်နေလောက်တဲ့နေရာမျိုးမှာ ထားပေးပါ။ ကလေးက နို့ဗူးကို မမြင်တဲ့အတွက် နို့ဗူးစို့ဖို့ သတိမရတာမျိုးဖြစ်စေဖို့ပါ။

    နို့ဗူးဖြတ်ရခက်နေတဲ့ သားသားမီးမီးလေးတွေကို ဒီနည်းလေးတွေသုံးပြီး နို့ဗူးသောက်တဲ့အကျင့်ပျောက်အောင်ဖျောက်ကြည့်လိုက်ပါနော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement