backup og meta

သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ငိုကြွေးခြင်းဟာ စကားမပြောတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ သူရဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသခြင်း တစ်မျိုးပါ။ ဘာဖြစ်နေတယ်လို့ သဲသဲကွဲကွဲလည်း ကလေးက မပြောတတ်တော့ငို၊ ဘယ်လိုချော့ချော့ ကလေးအငိုမတိတ်တော့ ဘာဖြစ်လို့ ဘာဖြစ်မှန်းမသိတဲ့ မေမေတို့ကလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်ကြပါတယ်။ သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။

    သင့်ကလေး အငိုမတိတ်တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ။

    • ဗိုက်ဆာနေခြင်း

    ဒါကတော့ သိနိုင်ဖို့ အလွယ်ကူဆုံးပါ။ မွေးကင်းစ ကလေးတွေဆိုတော့ အိပ်မယ်၊ နိုးလာရင် ဗိုက်ဆာမယ်၊ ငိုမယ်၊ နို့သောက်မယ်။ သူတို့အတွက် ဒါတွေလုပ်စရာပဲ ရှိတာဆိုတော့ ကိုယ်နို့တိုက်ထားတာ ကြာသွားလို့ ကလေးငိုနေပြီဆိုရင် သိသာပါတယ်။ ဒါသူ ဗိုက်ဆာလို့ ငိုတာပါ။ ငိုတိုင်း ဗိုက်ဆာတာ တစ်ခုတည်းကြောင့်လို့ စွပ်စွဲလို့မရပါဘူး။ အခြား အကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။

    • ကလေးက အိပ်ချင်နေခြင်း

    အိပ်ရေးမဝရင် လူကြီးတွေပဲ စိတ်ရှုပ်တတ်တာ မဟုတ်ပါဘူး။ တစ်နေ့ကို ၁၈ နာရီလောက်အိပ်ဖို့လိုတဲ့ ကလေးတွေက အိပ်ရေးမဝရင် ပိုလို့တောင် စိတ်ရှုပ်တတ်ပါတယ်။

    ကလေးကိုချစ်လို့၊ တစ်ချိန်လုံး အိပ်နေရင် နေမကောင်းဖြစ်မှာစိုးလို့ဆိုပြီး ကလေးမအိပ်အောင် တစ်ချိန်လုံး မြူဆွယ်နေတဲ့အခါ ကလေးအိပ်ငိုက်လာပြီး စိတ်တိုလာပါလိမ့်မယ်။ အဲဒီ အချိန်ရောက်ရင် ကလေးကို ပြန်ချော့ပြီး အိပ်အောင် သိပ်ပေးပါ။ ဒါဆို အငိုတိတ်သွားပါလိမ့်မယ်။

    ကလေးဆိုပြီး အသန့်အပြန့်အကြောင်း နားမလည်ဘူးလို့ မထင်လိုက်ပါနဲ့။ တစ်ချိန်လုံး သေးခံနဲ့ နေရတာဖြစ်တဲ့အတွက် သေးခံညစ်ပတ်သွားရင် အသစ်လဲပေးဖို့လိုနေပြီဖြစ်ကြောင်း သင့်ကို ပြောပါလိမ့်မယ်။ သေးခံထဲမှာ ဝမ်းရော ဆီးရောသွားထားရင် နေရတာ သက်သောင့်သက်တာ မရှိတော့လို့ အသစ်လဲ မပေးမချင်း ငိုပါလိမ့်မယ်။

    အိပ်ရေးလည်းဝနေတယ်၊ နို့လည်း အဝတိုက်ထားရက်နဲ့ ကလေးက ငိုနေပြီဆိုရင်တော့ သေးခံကို တစ်ချက်စစ်ကြည့်ဖို့ လိုပါတယ်။ သေးခံလောင် တာကြောင့်လည်း သင့်ကလေး ငိုတတ်ပါတယ်။

    • လေနာထတာ 

    လူကြီးတွေတောင် လေထိုးလေအောင့်ဖြစ်ရင် အတော်ခံရတာ စကားမပြောတတ်သေးတဲ့ ကလေးတွေ အတွက်ဆို ပိုဆိုးတာပေါ့။ ဘာဖြစ်နေလဲဆိုတာကိုလည်း မပြောတတ် နာလည်း နာနေတော့ စွတ်ငိုတတ်ကြပါတယ်။

    သင့်ကလေးက အသက် ၃လအောက် ဖြစ်မယ်။ တစ်ခါငိုရင် ၂နာရီ ၃နာရီလောက်ကြာပြီး တစ်ပတ်ကို ၂ရက် ၃ရက်လောက် ငိုမယ်။ အဲ့လိုငိုတာ ၃ပတ်လောက် ရှိပြီဆိုရင် ကလေးလေနာထတာ ဖြစ်နိုင်ပါတယ်။

    • အဝတ်တွေ ကျပ်နေတာ 

    ကလေးကနုသေးတော့ ပတ်ဝန်းကျင် အအေးဒဏ်ကို မခံနိုင်မှာစိုးလို့၊ ခြင်ကိုက်မှာ စိုးလို့ဆိုပြီး ကလေးကို အဝတ်တွေနဲ့ တအားပတ်ထား၊ ထုတ်ထားတဲ့ မိဘတွေ ရှိကြပါတယ်။ ကလေးက ငယ်သေးတယ်ဆိုပေမယ့် သူလည်း လက်တွေ ခြေတွေ ဆန့်ချင် လှုပ်ချင်မှာပေ့ါ။ ဒါကို အတင်းကျပ်အောင် အဝတ်တွေနဲ့ ထုတ်တားတဲ့အခါကျ သူစိတ်ရှုပ်လာပြီး စငိုပါလိမ့်မယ်။ ဒါကြောင့် ကလေးကို အဝတ်ဝတ်ပေး၊ အနှီးထုတ်ပေးတဲ့အခါကျ ချောင်ချိပြီးလေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။

    လူကြီးတွေမှာ နှာခေါင်းပိတ်လို့ အသက်ရှူမဝဖြစ်တဲ့အခါ နေရထိုင်ရတာ ကသိကအောက် ဖြစ်သလိုပဲ ကလေးတွေ နှာခေါင်းပိတ်တဲ့အခါမှာလည်း အသက်ရှူမဝဖြစ်ပြီး စိတ်တိုကြပါတယ်။ အဲဒီမှာ စငိုတော့တာပါပဲ။ ဒါကြောင့် ကလေးငိုနေုပြီဆို သူတို့နှာခေါင်းနားကို လက်ကလေးနဲ့စမ်းကြည့်ပါ။ တစ်ဖက်ဖက်က လေသွင်းလေထုတ် မလုပ်တော့ဘူးဆိုရင် ဒါ နှာခေါင်းပိတ်နေတာဖြစ်ပါတယ်။

    ကလေးအသက် ၄လနဲ့ ၇လကြားလောက်ဆို သွားလေးတွေ စထွက်လာပါပြီ။ ဒီအချိန်ဟာ မေမေတို့ တကယ်ကို အလုပ်ရှုပ်ရတဲ့အချိန်ပါ။ နို့လည်းတိုက်ထား၊ အိပ်ရေးလည်းဝထား၊ နေလည်းကောင်းနေရက်နဲ့ ကလေးက ငိုနေပြီ၊ ကလေးအသက်ကလည်း ၄ လပတ်ချာလည်လောက်ရောက်နေပြီဆိုရင် ဒါ သွားပေါက်လို့ငိုတာ ဖြစ်နိုင်ပါတယ်။ သွားပေါက်ပေါက်ချင်း သွားဖုံးနာတတ်တဲ့အတွက် ကလေး သွားဖုံးလေးကို ဖိဖိပေးပါ၊ သွားယားရင် ကိုက်ဖို့အတွက် အရုပ်လေးတွေလည်း ဝယ်ထားပေးပါ။

    ကလေးကိုအရမ်းကြီး ဂရုစိုက်နေရင် ကလေးစိတ်ရှုပ်ပြီး ငိုတတ်သလို တစ်ယောက်တည်း ပစ်ထားတာကြာသွားရင်လည်း ကလေးက ငိုတတ်ပါတယ်။ ဒါတွေကတော့ ဘာရောဂါအခံကြောင့် မဟုတ်ဘဲ ကလေးငိုရတဲ့ ပုံမှန် အကြောင်းအရင်းတွေ ပဲ ဖြစ်ပါတယ်။

    ဘယ်လို အချိန်တွေ မှာကလေးငိုရင် စိုးရိမ်ရမလဲ ။ ။ ဆရာဝန်ဆီ သွားဖို့လိုမလဲ ။ ။

    • ကလေးက အပြင်းဖျား နေတာ
    • တစ်နေရာရာကို ထိလိုက်တာနဲ့ ကလေးက အထိမခံဘဲ အပြင်းအထန်ငိုတာ
    • ကလေးကိုယ်မှာ အင်ပြင်ထွက်နေပြီး ဓာတ်မတည့်တာမျိုးတွေ ဖြစ်တဲ့အခါ
    • ကလေးဝမ်းလျှောနေတာ၊ ပျို့အန်နေတာ တွေပါ ငိုတာနဲအတူ တွဲရှိရင်တော့ ဆရာဝန်ဆီသွားဖို့လိုအပ်ပါပြီ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement