ကလေးရဲ့ ကျန်းမာရေးကို ဒီအချက်တွေနဲ့သိနိုင်ပါတယ်
ကလေးရဲ့ ကျန်းမာရေးကိုသိနိုင်တဲ့ အချက်တွေကတော့ အများကြီးပါ။ ဒီအချက်တွေထဲမှာမှ အခုအချက်ကလေးတွေကို သိရုံနဲ့တင်ကလေးကနေကောင်းရဲ့လားဆိုတာကို သိနိုင်မှာပါ။
- ခန္ဓာကိုယ်အပူချိန်
- နှလုံးခုန်နှုန်း
- အသက်ရှူနှုန်း
- ကလေးကိုပေါင်ပေါ်မှာ မှောက်ရက်အနေအထားတင်ပါ
- အဖျားတိုင်းတံရဲ့ ထိပ်ပိုင်းလေးကို petroleum jelly နည်းနည်းလောက်လူးပေးလိုက်ပါ
- စအိုထဲသို့ အဖျားတိုင်းတံကို လက်မဝက်လောက်ထည့်လိုက်ပါ
- ခဏနေရင် ပြန်ထုတ်ပြီး အပူချိန်ကိုဖတ်ကြည့်ပါ။
ကလေးကို ပါးစပ်ကနေ အပူချိန်တိုင်းမယ်ဆိုရင်တော့
- အဖျားတိုင်းတံကို ကလေးရဲ့ လျှာအောက်မှာထားပေးပါ
- ပြီးရင်ကလေးကို နှုတ်ခမ်းစေ့လို့ ပါးစပ်ပိတ်ခိုင်းထားပါ
- ခဏနေရင်ထုတ်ပြီး အပူချိန်ကိုဖတ်ကြည့်ပေးပါ။
- စအိုမှာတိုင်းတဲ့ သာမိုမီတာကို ပါးစပ်ထဲ မထည့်ပါနဲ့။
- ကလေးက နှလုံးခုန်နှုန်းအရမ်းမြန်နေမယ်
- သတိလစ်မယ်
- မှိန်းနေမယ်
- ပန်းနာရင်ကျပ် မရှိပါဘဲ အသက်ရှူရခက်နေမယ်
- ခန္ဓာကိုယ်က ဖျော့တော့နေမယ်
- နှုတ်ခမ်းတွေ ပြာနေမယ်ဆိုရင်တော့ စိုးရိမ်ရတဲ့အခြေအနေပါနော်။
ကလေးရဲ့ နှလုံးခုန်နှုန်းကို ဘယ်လိုတိုင်းတာမလဲ
ကလေးရဲ့နှလုံးခုန်နှုန်းကို မတိုင်းတာခင် ၅ မိနစ်လောက် ကလေးကို သက်သောင့်သက်သာနေခိုင်းပါ။ ပြီးရင် လက်ညှိုးနဲ့လက်ခလယ်ထိပ်လေးတွေကိုသုံးပြီး ကလေးရဲ့ လည်ပင်းက သွေးကြော ဒါမှမဟုတ် လက်ကောက်ဝတ်၊ တံတောင်ခွက်တို့ကသွေးခုန်နှုန်းကိုစမ်းကြည့်ပါ။ လက်ထိပ်မှာ လာတိုးတာကိုခံစားမိမှာပါ။ စက္ကန့် ၃၀ အချိန်မှတ်ထားပြီး သွေးခုန်တဲ့အကြိမ်ရေကိုတိုင်းတာပါ။ ပြီးရင်တော့ ရလာတဲ့အရေအတွက်ကို ၂ နဲ့မြှောက်လိုက်ပါ။ ဒါက ဘေဘီလေးရဲ့ နှလုံးခုန်နှုန်းပါ။
ဘေဘီလေးတို့ရဲ့ ပုံမှန်နှလုံးခုန်နှုန်း
(၃) အသက်ရှူနှုန်း
ဒါကတော့ ဘေဘီလေးရဲ့ တစ်မိနစ်အတွင်း အသက်ရှူနှုန်းကို တိုင်းတာပါ။ ကလေးက စိတ်လှုပ်ရှားတဲ့အခါ၊ စိတ်ရှုပ်ထွေးတဲ့အခါ၊ နာကျင်မှုတစ်ခုခုကိုခံစားရတဲ့အခါမျိုးနဲ့ အဖျားရှိနေတဲ့အခါမျိုးမှာ အသက်ရှူနှုန်းက ပုံမှန်ထက်ပိုမြန်နိုင်ပါတယ်။ အသက်ရှူနှုန်းမြန်နေတာ နှေးနေတာက ကလေးမှာ အသက်ရှူရတာအခက်အခဲရှိနေတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့် ကလေးက အသက်ရှူတာအပြောင်းအလဲဖြစ်နေမယ်ဆိုရင် ဆရာဝန်နဲ့ပြသဖို့လိုပါမယ်နော်။
ကလေးက အသက်ရှူမြန်နေပြီး အခုလိုလက္ခဏာတွေပြနေမယ်ဆိုရင် ကလေးအခြေအနေက ချက်ချင်းကုသမှုခံယူဖို့လိုနေပါပြီနော်။
- ပါးစပ်တစ်ဝိုက် ပြာနှမ်းနေမယ်
- အသားအရေက သွေးရောင်ပျောက်ပြီးဖျော့တော့နေမယ်
- အသက်ရှူတဲ့အခါ အသံတွေထွက်ပြီး ကလေးက အသက်ရှူရတာ ခက်ခဲနေပုံရနေမယ်
- နှာခေါင်းကို ပွပြီ အသက်ကိုရှိုက်ရှူနေမယ်
- အသက်ရှူတာ ချွဲသံပါနေမယ်
- ချွေးတွေ အရမ်းထွက်နေမယ်
- ပင်ပန်းနေမယ်
- အသက်ရှူလိုက်တိုင်း ရင်ဘတ်အပေါ်ပိုင်းက ချိုင့်ဝင်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်နဲ့အမြန်ဆုံးပြသပေးပါ။
- မွေးစကနေ ၁၂ လအရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၃၀ ကနေ ၆၀
- ၁ နှစ်ကနေ ၃ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို အကြိမ်ရေ ၂၄ ကနေ ၄၀
- အသက် ၃ နှစ်ကနေ ၅ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို ၂၂ ကြိမ်ကနေ ၃၄ ကြိမ်
- အသက် ၅ နှစ် ကနေ ၁၂ အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းက တစ်မိနစ်ကို ၁၈ ကြိမ်ကနေ အကြိမ်ရေ ၃၀
- အသက်၁၂ နှစ် ကန ၁၈ နှစ်အရွယ်ကလေးတစ်ယောက်မှာ အသက်ရှူနှုန်းကတစ်မိနစ်ကို ၁၂ ကြိမ် ကနေ ၁၆ ကြိမ်ရှိရပါမယ်။
ဒီအချက်လေးတွေကို ဆန်းစစ်ကြည့်လို့ ကလေးကျန်းမာရဲ့လားဆိုတာကို ကိုယ်တိုင်အဖြေထုတ်ကြည့်လိုက်ပါနော်။ ဘေဘီလေးတိုင်း ကျန်းမာပျော်ရွှင်စွာကြီးပြင်းနိုင်ကြပါစေကြောင်း……….
[embed-health-tool-baby-poop-tool]